၁၀ စက်တင်ဘာ ၂၀၁၉ - ၁၆:၂၅
တောင်ကြီးမြို့တွင် မြေပြိုကျ၍ ဒေသခံအချို့ ခေတ္တပြောင်းရွှေ့ရန် ညွှန်ကြား

တောင်ကြီးမြို့ မြို့မ ရပ်ကွက် ကုန်းသာကျောင်း ပရိ ယတ္တိစာသင်တိုက် တောင်စောင်း မြေပြိုကျမှု စက်တင် ဘာ ၈ ရက် ညနေတွင် ဖြစ်ပွားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


 တောင်ကြီးမြို့ မြို့မ ရပ်ကွက် ကုန်းသာကျောင်း ပရိ ယတ္တိစာသင်တိုက် တောင်စောင်း မြေပြိုကျမှု စက်တင်ဘာ ၈ ရက် ညနေတွင် ဖြစ်ပွားခဲ့သည်။

တောင်ကြီးမြို့၌ နေ့စဉ်ရက် ဆက် မိုးသည်းထန်စွာ ရွာသွန်း သဖြင့် ကုန်းသာကျောင်းဝင်းအ တွင်း တောင်စောင်းဖို့မြေနေရာ ပြိုကျပြီး ကျောင်းအောက်ရှိ အိမ်များပေါ်သို့ မြေကြီးများကျသော် လည်း ဒဏ်ရာရသူ မရှိကြောင်း မြို့မရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးကြည်သန်းလေးက ပြောသည်။

 မြေနိမ့်ဆင်းပြိုကျမှုသည် ဖို့မြေစာများကြောင့်ဖြစ်ပြီး ပေ ၁၅၀ ခန့် ပြိုကျ နိမ့်ဆင်းခဲ့ကြောင်း ရှမ်းပြည်နယ် သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင် အန္တရာယ်ဖြစ် ပေါ်နိုင်သဖြင့် ကုန်းသာကျောင်း အောက်ဘက်ရှိ အိမ်ထောင်စုကိုး စု၊ လူ ၅၁ ဦးကို ခေတ္တပြောင်း ရွှေ့ရန် ပြောကြားထားကြောင်း ၎င်းက ပြောသည်။

‘‘သူတို့ကို အန္တရာယ်ရှိတဲ့အ တွက် ခေတ္တပြောင်းဖို့ ပြောထား တယ်။ နေရာချထားတာတော့ မဟုတ်ပါဘူး။ သူတို့အမျိုးတွေ အိမ်တွေမှာ လောလောဆယ် ပြောင်းနေနေတယ်’’ဟု ဦးကြည် သန်းလေးက ပြောသည်။

မြေပြိုကျမှု ဖြစ်စဉ်ကြောင့် နေအိမ်နှစ်လုံး၏ အောက်ခြေ အနည်းငယ် ထိခိုက်ပျက်စီးခဲ့ ကြောင်း ဦးကြည်သန်းလေးက ပြောသည်။

ကုန်းသာကျောင်းမြေပြိုကျ ရာသို့ စက်တင်ဘာ ၉ ရက် နံနက် တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ ကွင်းဆင်းစစ် ဆေးကြည့်ရှုခဲ့သည်။

လက်ရှိတွင် အဆိုပါမြေနေ ရာကို မြေသားထိန်းညှိခြင်းနှင့် မိုးများ၍ မြေပြိုကျမှု ဆက်လက် မဖြစ်ပွားရန် မိုးကာဖျင်များဖြင့် ဖုံးအုပ်ထားသည်။

====================================

END / 251