အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သုံးရက်ကြာ ကျင်းပမည့် အဆိုပါ ညီလာခံတွင် တရားမျှတ ရေး၊ ငြိမ်းချမ်းရေး၊ တန်းတူညီမျှ ရေးနှင့် ရွှေ့ပြောင်းအလုပ်သမား အရေး စသည့်အကြောင်းအရာ များ ဆွေးနွေးမည် ဖြစ်သည်။ ညီ လာခံသို့ မြန်မာလူမှုအဖွဲ့အစည်း များ အပါအ၀င် အာဆီယံဒေသ တွင်းရှိ ၁၁ နိုင်ငံမှ ရာနှင့်ချီသည့် အရပ်ဘက်လူမှုအဖွဲ့အစည်းများ တက်ရောက်လျက် ရှိသည်။
အဆိုပါ ညီလာခံတွင် မြန်မာလူမှုအဖွဲ့အစည်းများကလည်း တက်ရောက်ဆွေးနွေး ဟောပြော မည် ဖြစ်သည်။ စက်တင်ဘာ ၁၁ ရက် (ယနေ့) တွင် ရွှေ့ပြောင်းအလုပ်သမားအရေး ဆွေးနွေးမည်ဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ် သားများ အရေးလည်း ထည့်သွင်းဆွေးနွေးမည် ဖြစ်သည်။
မြန်မာရွှေ့ပြောင်း အလုပ် သမားအရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် ရွှေ့ ပြောင်းအလုပ်သမား အခွင့်အရေးကွန်ရက် MWRN အဖွဲ့မှ ဦးစိန် ဌေးက ဆွေးနွေးဟောပြောမည် ဖြစ်သည်။ အဆိုပါ ညီလာခံ နောက်ဆုံးနေ့တွင် ကြေညာချက် ထုတ်ပြန်မည် ဖြစ်သည်။
====================================
END / 251
ထိုင်းတွင် ကျင်းပသည့် အာဆီယံအရပ်ဘက် အဖွဲ့အစည်းများ ညီလာခံ၌ မြန်မာရွှေ့ပြောင်း အလုပ်သမားများအရေး ဆွေးနွေးမည်
၁၁ စက်တင်ဘာ ၂၀၁၉ - ၁၅:၃၁
News ID: 974870
အာဆီယံအရပ် ဘက်အဖွဲ့အစည်းများ ညီလာခံ၊ အာဆီ ယံလူထုဖိုရမ်( ACSC/ AFP) 2019 ကို ထိုင်းနိုင်ငံ ဘန် ကောက်မြို့ရှိ Thammasat တက္ကသိုလ်တွင်စက်တင်ဘာ ၁၀ ရက်က စတင်ကျင်းပနေသည်။