အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကလေးသူငယ် များ မှုခင်းကျူးလွန်ပါက အပြစ်ပေးအရေးယူခြင်းထက် စာရိတ္တ အမူအကျင့်များ ပြန်လည်တည့် မတ်ပေးနိုင်ရေး အဓိက ဦးတည် ဆောင်ရွက်ရန် လိုအပ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက ပြောသည်။
ကလေးသူငယ်အခွင့်အရေး များဥပဒေသစ်တွင် အခန်းပေါင်း၃၀ ပါရှိပြီး ထပ်မံဖြည့်စွက်ချက် များအပါအ၀င် ကလေးသူငယ် များအတွက် တရားစီရင်ရေးနှင့်ပတ်သက်သောကဏ္ဍတစ်ခုထည့်သွင်းပေးထားသည်ဟု စက်တင် ဘာ ၁၈ ရက်က နေပြည်တော် တွင် ပြုလုပ်သော ကလေးသူငယ် ဘ၀နှင့် အခွင့်အရေးစီမံကိန်းမိတ် ဆက်ခြင်းအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီးက ထည့်သွင်း ပြောကြားသည်။
‘‘အဲဒီတော့ ဒီအထဲမှာ ကျွန်တော်တို့ ကာကွယ်စောင့်ရှောက် ရေးမှာ အဓိကကျတဲ့၊ အရေးကြီးတဲ့ကဏ္ဍတွေ အများကြီးပါတယ် လို့ ပြောချင်ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ကလေးသူငယ်တရားစီရင် ရေးနှင့်ပတ်သက်၍ Assess to Justice သည် လွန်စွာအရေးကြီး ပြီး မှုခင်းဖြစ်စဉ်များ ကျူးလွန်ခဲ့ ပါက မည်သည့်ပုံစံဖြင့် ပံ့ပိုးပေး နိုင်မည်ကို စဉ်းစားကြရန် လိုသည် ဟု ပြည်ထောင်စုဝန်ကြီးက ဆို သည်။
‘‘ကလေးဆိုတာ အများအား ဖြင့် မသိဘူး၊ နားမလည်ဘူး။ အဲဒီတော့ ကလေးတွေကို နားလည်အောင် လုပ်ပေးဖို့ လိုတယ်။ အစောကြီးကတည်းက ဒီပြစ်မှုကို မကျူးလွန်အောင် ကျွန်တော်တို့ တားခဲ့နိုင်ရင် ဒါတွေမဖြစ်ဘူး။ ကျွန်တော်တို့က အဲဒါကို ဦးတည် ပြီးတော့ သွားရမှာ’’ ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။
ယင်းအတွက် ကလေးငယ် များအား ပြုစုပျိုးထောင်ရေး၊ ကာကွယ်စောင့်ရှောက်ရေးနှင့် ပုံမှန်ဖွံ့ဖြိုးတိုးတက်ရေးများအတွက် ပြစ်မှုများ မကျူးလွန်ဖြစ်အောင် အသိပေးဆောင်ရွက်ကြရန် လိုသည် ဟု ဒေါက်တာဝင်းမြတ်အေးက ဆက်လက်ပြောကြားသည်။
‘‘အကယ်၍ မသိနားမလည် လို့ ကျူးလွန်မိရင်လည်း ပြန်လည် ထူထောင်ရေးနဲ့ သူတို့ကို ပြန်ပြီးတော့ တည့်မတ်ရေးပေါ့။ စာရိတ္တတွေ၊ အကျင့်တွေ၊ အမူအရာတွေ ဒါတွေကို ပြောင်းလဲသွားအောင် ကျွန်တော်တို့ ဆောင်ရွက်နိုင် အောင် လုပ်ပေးဖို့ လိုတယ်’’ ဟု ဒေါက်တာဝင်းမြတ်အေးက ဖြည့် စွက်ပြောသည်။
ကလေးငယ်များဖြစ်သဖြင့် အပြစ်ပေးလျှင်လည်း အခြေအ နေမှန်ကို ကောင်းစွာ နားလည်မဆုံးဖြတ်နိုင်သဖြင့် သံသရာပြန် လည်နေမည်သာ ဖြစ်သည်ဟု ပြည်ထောင်စုဝန်ကြီးက ဥပမာ ပေးပြောကြားသည်။
‘‘နောက်တစ်ခုက ကလေးသူငယ်အခွင့်အရေး လေးမျိုးရှိတယ်။ ကလေးသူငယ် အသက်ရှင်သန်ခွင့်ရှိရမယ်၊ အစောင့်ရှောက် ခံပိုင်ခွင့်ရှိရမယ်၊ ဖွံ့ဖြိုးတိုးတက် ခွင့်ရှိရမယ်၊ ပါဝင်ခွင့်ရှိရမယ်။ အဲဒီအခွင့်အရေးလေးမျိုးစလုံးကို ကျွန်တော်တို့ ဝန်ကြီးဌာနကနေ ပြီးတော့ အကောင်အထည်ဖော်ဖို့ ကြိုးစားနေပါတယ်’’ ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။
====================================
END / 251
ပြစ်မှုကျူးလွန်သောကလေးငယ်များကို အပြစ်ပေးခြင်းထက် စာရိတ္တအမူအကျင့်များ တည့်မတ်ပေးရန် ဦးစားပေးသင့်ကြောင်း ဒေါက်တာဝင်းမြတ်အေးပြော
၁၉ စက်တင်ဘာ ၂၀၁၉ - ၁၇:၀၀
News ID: 976846
ကလေးသူငယ် များ မှုခင်းကျူးလွန်ပါက အပြစ်ပေးအရေးယူ ခြင်းထက် စာရိတ္တ အမူအကျင့်များ ပြန်လည်တည့် မတ်ပေးနိုင် ရေး အဓိက ဦးတည် ဆောင်ရွက်ရန် လိုအပ်ကြောင်း လူမှုဝန် ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက် တာဝင်းမြတ်အေးက ပြော သည်။