
အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ရှမ်းပြည်နယ်အတွင်း ပြီးခဲ့သည့် ရွေးကောက်ပွဲများ၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က အနိုင်ရရှိခဲ့သည့် အမတ်နေရာ များမဆုံးရှုံးစေရေး ၂၀၂၀ ရွေး ကောက်ပွဲ၌ ထပ်မံကြိုးစားရန် လိုကြောင်း ဒီချုပ်ပြည်နယ်အလုပ် အမှုဆောင်အဖွဲ့က ပါတီဝင် များအား တိုက်တွန်းလိုက်သည်။
အောက်တိုဘာ ၃ ရက်နှင့် ၄ ရက်က တောင်ကြီးမြို့တွင် ပါတီ၊ အစိုးရ၊ လွှတ်တော်သုံးပွင့် ဆိုင်တွေ့ဆုံပွဲပြုလုပ်ရာ ဒီချုပ် ပြည်နယ် အလုပ်အမှုဆောင်အ ဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး ဦး မောင်မောင်စိန်တို့ကို အထက်ပါ အတိုင်း မှာကြားသည်ဟု ညောင် ရွှေမြို့နယ် ပြည်သူ့လွှတ်တော် အမတ်ဦးဝင်းမြင့်ဦးက ယမန်နေ့ တွင် ပြောသည်။
ထို့အပြင် ပါတီဗဟိုအလုပ် အမှုဆောင်အဖွဲ့ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာဇော်မြင့်မောင်က အစိုး ရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ် များအနေဖြင့် ဘဝမမေ့ရန်၊ ပြည် သူအများနှင့် ပိုမိုထိတွေ့ဆက်ဆံ ရန်နှင့် ပါတီ၊ အစိုးရနှင့် လွှတ် တော်တို့ ညီညွတ်စွာဖြင့် ပြည်သူ့ အကျိုး ရှေးရှုလုပ်ဆောင်ကြရန် မှာကြားခဲ့သည်ဟု ၎င်းကဆို သည်။
၂၀၁၅ ရွေးကောက်ပွဲတွင် ရှမ်းပြည်နယ်ရှိ ၅၅ မြို့နယ်အ နက် ခုနစ်မြို့နယ်တွင် အကြောင်း အမျိုးမျိုးကြောင့် ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိခဲ့ပေ။ ရွေး ကောက်ပွဲကျင်းပသည့် ၄၈ မြို့နယ်တွင် အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ်က ပြည်သူ့လွှတ် တော် အမတ် ၁၂ နေရာရရှိခဲ့ သည်။
အမျိုးသား လွှတ်တော်အ တွက် အမတ် သုံးနေရာနှင့် ပြည် နယ်လွှတ်တော်အမတ် ၂၃ နေရာ ရရှိပြီး တတိယအများဆုံး အနိုင်ရ ခဲ့ခြင်းဖြစ်သည်။ ကြံ့ခိုင်ရေးပါ တီကအမတ်ဦးရေ အများဆုံးအ နိုင်ရခဲ့ပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယ အများဆုံး အနိုင်ရရှိခဲ့သည်။
====================================
END / 251