အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အစိုးရကိုယ်စားလှယ် အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ်ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့၊ NCA မထိုးရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အချို့တို့နှင့် ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စရပ်များ ထိုင်း နိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေး မည် ဖြစ်သည်။
ယမန်နေ့က ချင်းမိုင်မြို့သို့ ထွက်ခွာသွားသောအစိုးရကိုယ် စားလှယ်အဖွဲ့တွင် ငြိမ်းချမ်းရေး ကော်မရှင် အတွင်းရေးမှူးဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး(ငြိမ်း)၊ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး၊ ကော်မရှင် အကြံပေး ဦးလှမောင်ရွှေတို့ ပါဝင်သည်။
ခရီးစဉ်အတွင်း ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသား တိုး တက်ရေးပါတီ(KNPP) အပါအ ဝင် အပစ်ရပ်နှင့် အပစ်မရပ်အဖွဲ့ အချို့နှင့် တွေ့ ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု သိရကြောင်း RCSS အကြံပေး ဦးခွန်းဆေက ပြောသည်။
‘‘လက်မှတ်မထိုးသေးတဲ့ သူ တွေနဲ့ သူတို့ တွေ့နေကျဆိုတော့ လာတွေ့တာပေါ့။ နောက်ပြီး တော့ ထိုးပြီးတဲ့ အဖွဲ့တွေကို လည်း ခင်ဗျားတို့ ပြီးခဲ့တဲ့ PPST (NCA လက်မှတ် ထိုး ၁၀ ဖွဲ့ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့)အ စည်းအဝေးတုန်းက ဘယ်လို ဆုံး ဖြတ်သလဲဆိုတာ လာမေးကြမှာ ပေါ့’’ဟု ဦးခွန်းဆေ ကပြောသည်။
KNPP အထွေထွေအတွင်း ရေးမှူးရွှေမျိုးသန့်က အစိုးရကိုယ် စားလှယ်အဖွဲ့နှင့် တွေ့ဆုံရန် ရှိသော်လည်း ဆွေးနွေးမည့် အ ခြေအနေအသေးစိတ်ကို မသိ ကြောင်း ပြော သည်။
အစိုးရ ကိုယ်စားလှယ်အဖွဲ့ ၏ ယခင်ချင်းမိုင်ခရီးစဉ်များတွင် KIO/KIA ကိုယ်စားလှယ်များနှင့် အလွတ်သဘော တွေ့ဆုံဆွေး နွေးခြင်းများ ပြုလုပ်ခဲ့ဖူးသည်။ ယခု ခရီးစဉ် တွင် KIO/KIA နှင့် တွေ့ဆုံဆွေးနွေးရန် ရှိ၊ မရှိ အတည်ပြုချက်မရပေ။
====================================
END / 251
၁၇ အောက်တိုဘာ ၂၀၁၉ - ၁၀:၁၇
News ID: 983303
အစိုးရကိုယ်စားလှယ် အဖွဲ့သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA) လက်မှတ် ထိုးထား သည့် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အချို့၊ NCA မထိုးရ သေးသည့် တိုင်းရင်းသားလက် နက်ကိုင်အ ဖွဲ့အချို့တို့နှင့် ငြိမ်း ချမ်းရေးဆိုင်ရာကိစ္စရပ်များ ထိုင်း နိုင်ငံ ချင်းမိုင်မြို့တွင် ဆွေးနွေး မည် ဖြစ်သည်။