အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရွမ္းျပည္နယ္ ေျမာက္ပိုင္းတြင္ ျဖစ္ပြားသည့္ တိုက္ပြဲမ်ားေၾကာင့္ ယခုႏွစ္ ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပုံး ပ်ံပြဲေတာ္လုံၿခဳံေရးအေပၚ စိုးရိမ္ ေနေၾကာင္း ရွမ္းျပည္နယ္လွ်ပ္ စစ္၊ စြမ္းအင္ႏွင့္ စက္မႈဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံကေျပာသည္။
‘‘ၿပီးခဲ့တဲ့ေျမာက္ပိုင္းမွာျဖစ္ ပြားခဲ့တဲ့ျဖစ္စဥ္ေတြနဲ႔ပတ္သက္ ၿပီး ကြၽန္ေတာ္တို႔အေနနဲ႔စိုးရိမ္ စိတ္ေတာ့နည္းနည္းရွိတာေပါ့ ေလ။ လုံၿခဳံေရးပိုင္းဆိုင္ရာကို ေသခ်ာဂ႐ုတစိုက္ေဆာင္႐ြက္ သြားမယ္’’ ဟု ဦးစိုင္းရွဲန္တစ္လုံ ကဆိုသည္။
ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပုံးပ်ံပြဲ ေအာင္ျမင္စြာေဆာင္ ႐ြက္ႏိုင္ရန္၊ ျပႆနာတစ္စုံတစ္ ရာျဖစ္ပြားျခင္းမရွိရန္ ရွမ္းျပည္ နယ္အစိုးရက အေလးထား ေဆာင္႐ြက္ေနေၾကာင္း ၎ကဆိုသည္။ ၾသဂုတ္ ၁၅ ရက္တြင္ ျပင္ ဦးလြင္ႏွင့္ ေနာင္ခ်ိဳၿမိဳ႕နယ္အ တြင္းတိုက္ခိုက္ခံရမႈမ်ားကစတင္ ၍ ရွမ္းျပည္နယ္ေျမာက္ပိုင္း၌ တိုင္းရင္းသားလက္နက္ကိုင္တပ္ ဖြဲ႕မ်ားႏွင့္ တပ္မေတာ္အၾကား တိုက္ပြဲမ်ားျဖစ္ပြားခဲ့သည္။ ၿပီးခဲ့ သည့္ သီတင္းကြၽတ္ကာလအ တြင္း ရွမ္းျပည္နယ္ေျမာက္ပိုင္း ကြတ္ခိုင္ၿမိဳ႕၌ တိုက္ပြဲျဖစ္ပြား ခဲ့သည္။
ေတာင္ႀကီးတန္ေဆာင္တိုင္ မီးပုံးပ်ံပြဲေတာ္က်င္းပေနခိုက္ လုံ ၿခဳံေရးအတြက္ ရဲတပ္ဖြဲ႕ဝင္အင္ အားကိုယခင္ႏွစ္မ်ားကထက္ တိုး ျမႇင့္ေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ရွမ္းျပည္နယ္ရဲတပ္ဖြဲ႕မႉး ရဲမႉး ခ်ဳပ္ေဇာ္ခင္ေအာင္က ေျပာ သည္။‘‘အတြင္းစည္း၊အျပင္စည္း၊ ဗဟိုစည္းအေနအထားေတြနဲ႔ ရဲ တပ္ရင္းအင္အားေတြပါသုံးစြဲ ေဆာင္႐ြက္သြားမယ္’’ ဟု ရဲမႉး ခ်ဳပ္ေဇာ္ခင္ေအာင္ကေျပာသည္။
ေတာင္ႀကီးမီးပုံးပ်ံပြဲေတာ္ ကို ႏိုဝင္ဘာ ၄ ရက္မွ ၁၂ ရက္ အထိ ကိုးရက္ၾကာက်င္းပမည္ျဖစ္ သည္။
Unicode
ရှမ်းမြောက်တိုက်ပွဲများကြောင့် တောင်ကြီးမီးပုံးပျံပွဲတော်လုံခြုံရေး စိုးရိမ်ဟုဆို
ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ဖြစ်ပွားသည့် တိုက်ပွဲများကြောင့် ယခုနှစ် တောင်ကြီးတန်ဆောင်တိုင် မီးပုံး ပျံပွဲတော်လုံခြုံရေးအပေါ် စိုးရိမ် နေကြောင်း ရှမ်းပြည်နယ်လျှပ် စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံကပြောသည်။
‘‘ပြီးခဲ့တဲ့မြောက်ပိုင်းမှာဖြစ် ပွားခဲ့တဲ့ဖြစ်စဉ်တွေနဲ့ပတ်သက် ပြီး ကျွန်တော်တို့အနေနဲ့စိုးရိမ် စိတ်တော့နည်းနည်းရှိတာပေါ့ လေ။ လုံခြုံရေးပိုင်းဆိုင်ရာကို သေချာဂရုတစိုက်ဆောင်ရွက် သွားမယ်’’ ဟု ဦးစိုင်းရှဲန်တစ်လုံ ကဆိုသည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲ အောင်မြင်စွာဆောင် ရွက်နိုင်ရန်၊ ပြဿနာတစ်စုံတစ် ရာဖြစ်ပွားခြင်းမရှိရန် ရှမ်းပြည် နယ်အစိုးရက အလေးထား ဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။ သြဂုတ် ၁၅ ရက်တွင် ပြင် ဦးလွင်နှင့် နောင်ချိုမြို့နယ်အ တွင်းတိုက်ခိုက်ခံရမှုများကစတင် ၍ ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုင်းရင်းသားလက်နက်ကိုင်တပ် ဖွဲ့များနှင့် တပ်မတော်အကြား တိုက်ပွဲများဖြစ်ပွားခဲ့သည်။ ပြီးခဲ့ သည့် သီတင်းကျွတ်ကာလအ တွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့၌ တိုက်ပွဲဖြစ်ပွား ခဲ့သည်။
တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်ကျင်းပနေခိုက် လုံ ခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်အင် အားကိုယခင်နှစ်များကထက် တိုး မြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ချုပ်ဇော်ခင်အောင်က ပြော သည်။‘‘အတွင်းစည်း၊အပြင်စည်း၊ ဗဟိုစည်းအနေအထားတွေနဲ့ ရဲ တပ်ရင်းအင်အားတွေပါသုံးစွဲ ဆောင်ရွက်သွားမယ်’’ ဟု ရဲမှူး ချုပ်ဇော်ခင်အောင်ကပြောသည်။
တောင်ကြီးမီးပုံးပျံပွဲတော် ကို နိုဝင်ဘာ ၄ ရက်မှ ၁၂ ရက် အထိ ကိုးရက်ကြာကျင်းပမည်ဖြစ် သည်။
====================================
END / 251