အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Zawgyi
Unicode
ခြေဥပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးပြန်လည်စတင်
အခြေခံဥပဒေပြင်ဆင် ရေး ပူးပေါင်းကော်မတီ အစည်းအဝေးများကို အောက်တိုဘာ ၂၂ရက်တွင်ပြန်လည်စတင်ပြီးအခန်း (၅) အုပ်ချုပ်ရေးကဏ္ဍနှင့် ပတ်သက်၍ ဆွေးနွေးဆုံးဖြတ်မှုများ စတင်ခဲ့ကြောင်း ပူးပေါင်းကော်မတီဝင် ကိုယ်စားလှယ်များက ပြော သည်။
ပူးပေါင်းကော်မတီသည် ယခုလဆန်းပိုင်းကအစည်းအဝေး မရပ်နားမီ အခြေခံဥပဒေအခန်း(၄)အထိ ဆွေးနွေးဆုံးဖြတ်ပြီး ယမန်နေ့တွင် အခန်း (၅) အုပ်ချုပ်ရေး ကဏ္ဍအတွက် ပြင်ဆင်ချက် နှစ်ခုကိုအဆုံးအဖြတ်ရယူခဲ့သည်။
‘‘အခန်း (၅)က ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ဖြည့်စွက်ချက် တွေများတယ်။ အဲဒါကို ဒီနေ့စပြီး တော့ တစ်ချက်ချင်း ကော်မတီ ဝင်တစ်ဦးချင်းက ဆန္ဒပြုတာပေါ့။ ဒီနေ့ တစ်နေ့လုံး နှစ်ချက်လောက် ပဲ ပြင်ဆင်ဖို့ အတည်ပြုနိုင်တယ်’’ ဟု ကော်မတီဝင် ကိုယ်စားလှယ် တစ်ဦးက ပြောသည်။
ပူးပေါင်းကော်မတီ အစည်းအဝေးကို အောက်တိုဘာ ၂၃ ရက်တွင်လည်းဆက်လက်ပြုလုပ်ခဲ့ပြီး အဆိုပြုချက် ၃၀ ကျော်အနက် အချက်အချို့ကိုသာ ပြင်ဆင်ရန် အတည်ပြုနိုင်ခဲ့ကြောင်း ကော်မ တီဝင် ကိုယ်စားလှယ်တစ်ဦးက ပြောသည်။
အခြေခံဥပဒေ အခန်း (၅) အုပ်ချုပ်ရေးကဏ္ဍတွင် ကာလုံ ဖွဲ့စည်းရေး၊ နိုင်ငံတော်သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ၊ ပြည် ထောင်စုဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်းနှင့် ပြည်နယ်နှင့် တိုင်းဝန်ကြီးချုပ်များ ဝန်ကြီးများ ခန့်အပ် တာဝန်ပေးခြင်းဆိုင်ရာ ပြဋ္ဌာန်းချက်များ ပါဝင်သည်။
လွှတ်တော်တွင်း နိုင်ငံရေး ပါတီ၊ အစုအဖွဲ့အသီးသီး၏ အဆိုပြုချက်များအရ အခြေခံဥပဒေ အခန်း (၅)ပါ ပြဋ္ဌာန်းချက်များမှ ပြင်ဆင်၊ ပယ်ဖျက်၊ အသစ်ဖြည့် စွက်ရန် အကြံပြုချက် ၃၉၇ ချက် ရှိပြီး မူလအတိုင်းထားရှိရန် အကြံပြုထားသည့် အချက် ၅၉ ချက်ရှိ သည်။
အခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးများကို အောက်တိုဘာ ၂၂ ရက်ကစတင်ကာ နိုဝင်ဘာ ၄ ရက်တွင်ပြန်လည်စတင်မည့် လွှတ်တော်အစည်းအဝေး ကာလတစ် လျှောက် ဆက်လက်ကျင်းပမည် ဖြစ်သည်။
====================================
END / 251
၂၄ အောက်တိုဘာ ၂၀၁၉ - ၁၀:၀၁
News ID: 984325
အခြေခံဥပဒေပြင်ဆင် ရေး ပူးပေါင်းကော်မတီ အစည်းအေ ဝးများကို အောက်တိုဘာ ၂၂ရက်တွင်ပြန်လည်စတင်ပြီးအ ခန်း(၅)အုပ်ချုပ်ရေးကဏ္ဍနှင့်ပတ်သက်၍ဆွေးနွေးဆုံးဖြတ်မှုများ စတင်ခဲ့ကြောင်း ပူးပေါင်းကော်မတီဝင် ကိုယ်စားလှယ် များက ပြော သည်။