၅ နိုဝင်ဘာ ၂၀၁၉ - ၁၅:၄၅
ေဒၚေအာင္ဆန္းစုၾကည္ကို ျပင္သစ္လက္ေ႐ြးစင္ေဟာင္း ေဂ်ာ္ကာရပ္ဖ္ လာေရာက္ေတြ႕ဆုံ

ထိုင္းႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိလ္ ေဒၚေ အာင္ဆန္းစုၾကည္ ကို ျပင္သစ္လက္ေ႐ြးစင္ ေဘာလုံးအသင္း ကြင္း လယ္ကစားသမားေဟာင္း ေဂ်ာ္ကာရပ္ဖ္က ႏိုဝင္ဘာ ၃ ရက္တြင္လာ ေရာက္ ေတြ႕ဆုံခဲ့သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ထိုင္းႏိုင္ငံသို႔ ေရာက္ရွိေနသည့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိလ္ ေဒၚေအာင္ဆန္းစုၾကည္ ကို ျပင္သစ္လက္ေ႐ြးစင္ ေဘာလုံးအသင္း ကြင္းလယ္ကစားသမားေဟာင္း ေဂ်ာ္ကာရပ္ဖ္က ႏိုဝင္ဘာ ၃ ရက္တြင္ လာေရာက္ ေတြ႕ဆုံခဲ့သည္။

ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိလ္သည္ အာဆီယံစီးပြားေရး ႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈ ထိပ္သီးေဆြးေႏြးပြဲ (Asean Business and Investment Summit )၊ (၃၅) ႀကိမ္ေျမာက္ အာဆီယံထိပ္သီး အစည္းအေဝး၊ အာဆီယံႏွင့္ ကမာၻ႔ေဘာလုံး အဖြဲ႕ခ်ဳပ္ (FIFA) တို႔၏ နားလည္မႈ စာခြၽန္လႊာ လက္မွတ္ေရးထိုးျခင္း အခမ္းအနားသို႔ တက္ေရာက္ရန္ ထိုင္းႏိုင္ငံ၌ ေရာက္ရွိေနျခင္း ျဖစ္သည္။

ေဂ်ာ္ကာရပ္ဖ္သည္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ဆုံခဲ့ျခင္းကို ၎၏ လူမႈကြန္ရက္ Twitter စာမ်က္ႏွာတြင္ ေဖာ္ျပၿပီး ‘မၾကာခင္  စီမံကိန္းအသစ္လာေတာ့မည္’ ဟု ေရးသားခဲ့သည္။

ေဂ်ာ္ကာရပ္ဖ္သည္ ျပင္သစ္လက္ေ႐ြးစင္ ေဘာလုံးအသင္း ႏွင့္အတူ ၁၉၉၈ ကမာၻ႔ဖလား၊ ယူ႐ို၂,၀၀၀ ဥေရာပဖလား ခ်န္ပီယံဆုတို႔ကို ရရွိဖူးၿပီး လက္ရွိတြင္ ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ (ဖီဖာ) ေဖာင္ ေဒးရွင္း အမႈေဆာင္ အရာ ရွိခ်ဳပ္ တစ္ဦးျဖစ္သည္။ ဖီဖာေဖာင္ေဒးရွင္းသည္ ကမာၻ႔ႏိုင္ငံ အသီးသီးရွိ ေဘာလုံးဖြံံ့ၿဖိဳးဆဲ ႏိုင္ငံအခ်ိဳ႕မွ ကေလးငယ္မ်ားကို ေဘာလုံးပညာ လိုက္လံျဖန႔္ေ၀ သင္ၾကား ေပးျခင္း၊ ေဘာလုံးႏွင့္ ပတ္သက္ ၍ ကူညီေဆာင္႐ြက္ေပးျခင္း စသည့္ အစီအစဥ္မ်ား လုပ္ေဆာင္ ေနသည္။

ႏိုင္ငံေတာ္၏  အတိုင္ပင္ခံပုဂၢိလ္  ေဒၚေအာင္ဆန္းစုၾကည္ ကို ကမာၻ႔ေဘာလုံးအဖြဲ႕ခ်ဳပ္ (ဖီဖာ)ဥကၠ႒အင္ဖာတီႏိုႏွင့္  တာဝန္ရွိသူမ်ားကလည္း  ႏိုဝင္ဘာ ၃ ရက္ တြင္ လာေရာက္ေတြ႕ဆုံခဲ့သည္။

Unicode

ဒေါ်အောင်ဆန်းစုကြည်ကို ပြင်သစ်လက်ရွေးစင်ဟောင်း ဂျော်ကာရပ်ဖ် လာရောက်တွေ့ဆုံ

ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ် ဒေါ်အောင်ဆန်းစုကြည် ကို ပြင်သစ်လက်ရွေးစင် ဘောလုံးအသင်း ကွင်းလယ်ကစားသမားဟောင်း ဂျော်ကာရပ်ဖ်က နိုဝင်ဘာ ၃ ရက်တွင် လာရောက် တွေ့ဆုံခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိလ်သည် အာဆီယံစီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးဆွေးနွေးပွဲ (Asean Business and Investment Summit )၊ (၃၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေး၊ အာဆီယံနှင့် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (FIFA) တို့၏ နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ တက်ရောက်ရန် ထိုင်းနိုင်ငံ၌ ရောက်ရှိနေခြင်း ဖြစ်သည်။

ဂျော်ကာရပ်ဖ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ခြင်းကို ၎င်း၏ လူမှုကွန်ရက် Twitter စာမျက်နှာတွင် ဖော်ပြပြီး ‘မကြာခင်  စီမံကိန်းအသစ်လာတော့မည်’ ဟု ရေးသားခဲ့သည်။

ဂျော်ကာရပ်ဖ်သည် ပြင်သစ်လက်ရွေးစင် ဘောလုံးအသင်း နှင့်အတူ ၁၉၉၈ ကမ္ဘာ့ဖလား၊ ယူရို၂,၀၀၀ ဥရောပဖလား ချန်ပီယံဆုတို့ကို ရရှိဖူးပြီး လက်ရှိတွင် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) ဖောင်ဒေးရှင်း အမှုဆောင် အရာ ရှိချုပ် တစ်ဦးဖြစ်သည်။ ဖီဖာဖောင်ဒေးရှင်းသည် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ဘောလုံးဖွံံ့ဖြိုးဆဲ နိုင်ငံအချို့မှ ကလေးငယ်များကို ဘောလုံးပညာ လိုက်လံဖြန့်ေ၀ သင်ကြားပေးခြင်း၊ ဘောလုံးနှင့် ပတ်သက် ၍ ကူညီဆောင်ရွက်ပေးခြင်း စသည့် အစီအစဉ်များ လုပ်ဆောင် နေသည်။

နိုင်ငံတော်၏  အတိုင်ပင်ခံပုဂ္ဂိလ်  ဒေါ်အောင်ဆန်းစုကြည် ကို ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ဥက္ကဋ္ဌအင်ဖာတီနိုနှင့်  တာဝန်ရှိသူများကလည်း  နိုဝင်ဘာ ၃ ရက် တွင် လာရောက် တွေ့ဆုံခဲ့သည်။

====================================

END / 251