
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ေ႐ြးေကာက္ပြဲကာလအ တြင္း ပါတီမ်ားအေနျဖင့္ အမုန္း စကားမ်ားႏွင့္သတင္း အခ်က္အ လက္အမွားမ်ားကို တာဝန္သိသိ ျဖင့္ ထိထိေရာက္ေရာက္ တုံ႔ျပန္ ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း ပါတီမ်ားႏွင့္ဒီမိုကေရစီဆိုင္ရာ ဒိန္းမတ္အင္စတီက်ဳဒ္ ျမန္မာ ႏိုင္ငံ႐ုံး၏ နည္းစနစ္ပိုင္းဆိုင္ရာ အႀကံေပး မိုက္ကယ္ဆီဂနာက ေျပာသည္။
၂၀၂ဝ ျပည့္ႏွစ္အေထြေထြ ေ႐ြးေကာက္ပြဲႏွင့္ စပ္လ်ဥ္း၍ အ မုန္းစကားမ်ားႏွင့္ သတင္းအခ်က္ အလက္အမွားမ်ား တုံ႔ျပန္ေဆာင္ ႐ြက္ႏိုင္မည့္ နည္းလမ္းမ်ားအ ေၾကာင္း ေဖ့ခ္ဘြတ္ခ္ကုမၸဏီႏွင့္ ႏိုင္ငံေရးပါတီမ်ားေတြ႕ဆုံ ေဆြး ေႏြးမႈကို ႏိုဝင္ဘာ ၆ ရက္မွ ၈ ရက္အထိ သုံးရက္တိုင္ေဆြးေႏြးခဲ့ သည္။ အဆိုပါေဆြးေႏြးပြဲကို ေရွ႕ သို႔ျမန္မာစီမံကိန္း၏ မိတ္ဖက္အ ဖြဲ႕ အစည္းတစ္ခုျဖစ္ေသာ ပါတီ မ်ားႏွင့္ ဒီမိုကေရစီဆိုင္ရာ ဒိန္း မတ္အင္စတီက်ဳဒ္မွ Myanmar Fifth Estate ႏွင့္ပူးေပါင္း စီစဥ္ ေဆာင္႐ြက္ျခင္းျဖစ္သည္။
ေဖ့စ္ဘြတ္ခ္တြင္ သတင္းအ ခ်က္အလက္ အမွားမ်ားျဖန႔္ေဝ ျခင္း၊ အမုန္းစကားမ်ားႏွင့္႐ုန႔္ရင္း ၾကမ္းတမ္းေသာ အႏိုင္က်င့္မႈ မ်ား၊ အၾကမ္းဖက္မႈမ်ား ျဖန႔္ေဝ ရန္ အသုံးျပဳမႈမ်ားရွိေနေသာ ေၾကာင့္ ဥေရာပသမဂၢ၏ေငြေၾကး ေထာက္ပံ့မႈျဖင့္ အေကာင္အ ထည္ေဖာ္ ေဆာင္႐ြက္ေနေသာ ‘ေရွ႕သို႔ျမန္မာ (STEP Democracy)’ မွ ပါတီမ်ား လူမႈကြန္ရက္ သုံးစြဲျခင္းဆိုင္ရာ ေဆြးေႏြးပြဲကို က်င္းပျခင္းျဖစ္ေၾကာင္း မိုက္ကယ္ဆီဂနာကေျပာသည္။
ေဖ့စ္ဘြတ္ခ္ကုမၸဏီကိုယ္ စားလွယ္မ်ားကလည္း ျမန္မာ ႏိုင္ငံေရးပါတီမ်ားမွ တာဝန္ရွိသူ မ်ားအား မဲဆႏၵရွင္မ်ားႏွင့္ ထိ ေရာက္စြာ ခ်ိတ္ဆက္ေဆာင္႐ြက္ ႏိုင္မည့္ နည္းနာမ်ားကို ေဝမွ်ခဲ့ၿပီး ဒစ္ဂ်စ္တယ္လုံၿခဳံမႈ၊ ေဖ့စ္ဘြတ္ခ္ လူမႈကြန္ရက္စံႏႈန္းမ်ား၊ အမုန္း စကားမ်ားအတြက္ တိုင္ၾကားႏိုင္ မည့္ နည္းလမ္းမ်ား အစရွိသည္ တို႔ကိုလည္း ရွင္းလင္းေဆြးေႏြးခဲ့ သည္။
‘‘ကြၽန္တာ္တို႔ ဒီေဆြးေႏြးပြဲမွာ လူမႈကြန္ရက္ကေန အလြဲအမွား ေဖာ္ျပတာေတြ၊ အမုန္းစကား ေတြရွိလာရင္ ဘယ္လို Report ထုရမလဲဆိုတာေပါ့။ ကိုယ္ေရး ကိုယ္တာထိခိုက္ရင္ ဘယ္လိုတိုင္ ရမလဲဆိုတာေတြ ပါပါတယ္’’ ဟု မိုက္ကယ္ ဆီဂနာကေျပာသည္။
ပါတီမ်ားအေနျဖင့္ ေဖ့စ္ ဘြတ္ခ္မွ တရားဝင္အသိအမွတ္ ျပဳထားေသာ အျပာေရာင္အမွန္ ျခစ္ (Blue Mark) ရရွိေအာင္ ေဆာင္႐ြက္ထားမွသာလွ်င္ အ မုန္းစကားမ်ား၊ တိုက္ခိုက္သည့္ စကားမ်ားသည္ မိမိမဟုတ္ ေၾကာင္း ျပည္သူမ်ားက သိရွိႏိုင္ မည္ဟု မိုက္ကယ္ဆီဂနာကဆိုသည္။
‘‘ကြၽန္ေတာ္တို႔ဒီလိုမ်ိဳး အသိ ေတြရေတာ့ ပါတီကေနၿပီးေတာ့ ဘယ္လိုေတြ ေဆာင္႐ြက္ထားတာ လဲဆိုတာေတြကို၊ ပါတီရဲ႕ မူ ဝါဒဘယ္လို ရွိတယ္ဆိုတာေတြကို ျပည္သူေတြကို ေဖ့စ္ဘြတ္ခ္က တစ္ဆင့္ ခ်ျပသြားဖို႔ရွိပါတယ္’’ဟု ေဆြးေႏြးပြဲသို႔ တက္ေရာက္လာ သည့္ ရခိုင္ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ ေတာင္ကုတ္ၿမိဳ႕နယ္ တြဲဖက္အ တြင္းေရးမႉး ဦးေအာင္ျမင့္ကေျပာ သည္။
Unicode
ရွေးကောက်ပွဲကာလ အမုန်းစကားနှင့် သတင်းအမှားများ တုံ့ပြန်ဆောင်ရွက်ရန် နိုင်ငံရေးပါတီများကိုတိုက်တွန်း
ရွေးကောက်ပွဲကာလအ တွင်း ပါတီများအနေဖြင့် အမုန်း စကားများနှင့်သတင်း အချက်အ လက်အမှားများကို တာဝန်သိသိ ဖြင့် ထိထိရောက်ရောက် တုံ့ပြန် ဆောင်ရွက်ရန် လိုအပ်ကြောင်း ပါတီများနှင့်ဒီမိုကရေစီဆိုင်ရာ ဒိန်းမတ်အင်စတီကျုဒ် မြန်မာ နိုင်ငံရုံး၏ နည်းစနစ်ပိုင်းဆိုင်ရာ အကြံပေး မိုက်ကယ်ဆီဂနာက ပြောသည်။
၂၀၂ဝ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍ အ မုန်းစကားများနှင့် သတင်းအချက် အလက်အမှားများ တုံ့ပြန်ဆောင် ရွက်နိုင်မည့် နည်းလမ်းများအ ကြောင်း ဖေ့ခ်ဘွတ်ခ်ကုမ္ပဏီနှင့် နိုင်ငံရေးပါတီများတွေ့ဆုံ ဆွေး နွေးမှုကို နိုဝင်ဘာ ၆ ရက်မှ ၈ ရက်အထိ သုံးရက်တိုင်ဆွေးနွေးခဲ့ သည်။ အဆိုပါဆွေးနွေးပွဲကို ရှေ့ သို့မြန်မာစီမံကိန်း၏ မိတ်ဖက်အ ဖွဲ့ အစည်းတစ်ခုဖြစ်သော ပါတီ များနှင့် ဒီမိုကရေစီဆိုင်ရာ ဒိန်း မတ်အင်စတီကျုဒ်မှ Myanmar Fifth Estate နှင့်ပူးပေါင်း စီစဉ် ဆောင်ရွက်ခြင်းဖြစ်သည်။
ဖေ့စ်ဘွတ်ခ်တွင် သတင်းအ ချက်အလက် အမှားများဖြန့်ဝေ ခြင်း၊ အမုန်းစကားများနှင့်ရုန့်ရင်း ကြမ်းတမ်းသော အနိုင်ကျင့်မှု များ၊ အကြမ်းဖက်မှုများ ဖြန့်ဝေ ရန် အသုံးပြုမှုများရှိနေသော ကြောင့် ဥရောပသမဂ္ဂ၏ငွေကြေး ထောက်ပံ့မှုဖြင့် အကောင်အ ထည်ဖော် ဆောင်ရွက်နေသော ‘ရှေ့သို့မြန်မာ (STEP Democracy)’ မှ ပါတီများ လူမှုကွန်ရက် သုံးစွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း မိုက်ကယ်ဆီဂနာကပြောသည်။
ဖေ့စ်ဘွတ်ခ်ကုမ္ပဏီကိုယ် စားလှယ်များကလည်း မြန်မာ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူ များအား မဲဆန္ဒရှင်များနှင့် ထိ ရောက်စွာ ချိတ်ဆက်ဆောင်ရွက် နိုင်မည့် နည်းနာများကို ဝေမျှခဲ့ပြီး ဒစ်ဂျစ်တယ်လုံခြုံမှု၊ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စံနှုန်းများ၊ အမုန်း စကားများအတွက် တိုင်ကြားနိုင် မည့် နည်းလမ်းများ အစရှိသည် တို့ကိုလည်း ရှင်းလင်းဆွေးနွေးခဲ့ သည်။
‘‘ကျွန်တာ်တို့ ဒီဆွေးနွေးပွဲမှာ လူမှုကွန်ရက်ကနေ အလွဲအမှား ဖော်ပြတာတွေ၊ အမုန်းစကား တွေရှိလာရင် ဘယ်လို Report ထုရမလဲဆိုတာပေါ့။ ကိုယ်ရေး ကိုယ်တာထိခိုက်ရင် ဘယ်လိုတိုင် ရမလဲဆိုတာတွေ ပါပါတယ်’’ ဟု မိုက်ကယ် ဆီဂနာကပြောသည်။
ပါတီများအနေဖြင့် ဖေ့စ် ဘွတ်ခ်မှ တရားဝင်အသိအမှတ် ပြုထားသော အပြာရောင်အမှန် ခြစ် (Blue Mark) ရရှိအောင် ဆောင်ရွက်ထားမှသာလျှင် အ မုန်းစကားများ၊ တိုက်ခိုက်သည့် စကားများသည် မိမိမဟုတ် ကြောင်း ပြည်သူများက သိရှိနိုင် မည်ဟု မိုက်ကယ်ဆီဂနာကဆိုသည်။
‘‘ကျွန်တော်တို့ဒီလိုမျိုး အသိ တွေရတော့ ပါတီကနေပြီးတော့ ဘယ်လိုတွေ ဆောင်ရွက်ထားတာ လဲဆိုတာတွေကို၊ ပါတီရဲ့ မူ ဝါဒဘယ်လို ရှိတယ်ဆိုတာတွေကို ပြည်သူတွေကို ဖေ့စ်ဘွတ်ခ်က တစ်ဆင့် ချပြသွားဖို့ရှိပါတယ်’’ဟု ဆွေးနွေးပွဲသို့ တက်ရောက်လာ သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် တောင်ကုတ်မြို့နယ် တွဲဖက်အ တွင်းရေးမှူး ဦးအောင်မြင့်ကပြော သည်။
====================================
END / 251