၁၁ နိုဝင်ဘာ ၂၀၁၉ - ၁၄:၁၄


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Zawgyi





Unicode

ထာဝရငြိမ်းချမ်းရေးစေတီ ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်

ထာဝရငြိမ်းချမ်းရေးစေတီတော် အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ် ရွှေကြာသင်္ကန်းတော်ကပ်ပွဲနဲ့ ဗုဒ္ဓါဘိသေက အနေကဇာတင်မဟာ မင်္ဂလာအခမ်းအနားကို  ဒီကနေ့ မနက်ကကျင်းပရာမှာ နိုင်ငံတော် သံဃမဟာနယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တကုမာရာဘိဝံသအမှူးပြုတဲ့ ဆရာတော်သံဃာတော်တွေ ကြွရောက်ပါတယ်။

အခမ်းအနားကို နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ရာဇသင်္ဂဟလမ်း ကံ့ကော်ပန်းအဝိုင်းနားက အဲဒီစေတီတော်မှာ ကျင်းပတာဖြစ်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အစိုးရအဖွဲ့ အကြီးအကဲတွေ တက်ရောက်ကြပါတယ်။

စေတီတော်ကြီးတည်ထားဖို့အတွက် ကျပ် သိန်း ၃၀၀၀၀ ကနေ ကျပ်သိန်း ၅၀၀၀၀ အထိကုန်ကျတာဖြစ်ပြီး ရတနာအုတ်မြစ်တော်စီအခမ်းအနားကိုတော့ မေလ ၂၄ ရက်က ပြုလုပ်ခဲ့ပါတယ်။

====================================

END / 251