၁၁ နိုဝင်ဘာ ၂၀၁၉ - ၁၈:၁၆
သွေးပေါင်ချိန်ကို လျော့ချပေးနိုင်မယ့် အစားအစာများ

သွေးပေါင်ချိန်မြင့်တက်နေတာကို ပြန်လည်လျော့ချဖို့ ကြိုးစားတဲ့အခါမှာ ဆေးဝါးတွေသာမက အစားအစာရဲ့ အခန်းကဏ္ဍကလည်း အရမ်းအရေးကြီးပါတယ်။နိုင်ငံခြားမှာတော့ စားသောက်မှုပုံစံနဲ့ သွေးပေါင်ချိန်လျော့ချဖို့ ကြိုးစားတာကို DASH လို့ ခေါ်ပါတယ်။အရှည်ပြောရရင် Dietary Approaches to Stop Hypertension လို့ ခေါ်ပါတယ်။ခင်ဗျားကို ဘာတွေစားရမယ်လို့ ပြောမှာ မဟုတ်ပါဘူး။ဘယ်အစားအစာကို ဘယ်လောက်ပမာဏစားသင့်တယ်၊ ဘယ်လိုပုံစံစားသင့်တယ်ဆိုတာကို ညွှန်ကြားပေးမှာ ဖြစ်ပါတယ်။အငံလျှော့စား ၊ အသီးအရွက်များများစား ၊ နို့ ၊အသားငါးနဲ့ ပဲ စတာတွေ မျှမျှတတစား ဘာညာပေါ့။ ကဲ …. စလိုက်ကြရအောင်။

အစိမ်းရောင်များများစားပါ (အရွက်များများ)

အငံဓာတ်က ခန္ဓာကိုယ်ထဲမှာ ရေတွေအများကြီးကို ထိန်းထားသလိုဖြစ်စေတယ်။အဲဒီ ရေတွေက သွေးကြောတွေကို ဖိမိတဲ့အခါ သွေးပေါင်ချိန်မြင့်တက်စေတယ်။ဘာတွေစားသင့်လည်းဆိုရင် ကိုက်လံ ၊ ပန်းဂေါ်ဖီစိမ်း၊ဟင်းနုနွယ် ၊ ဒေါက်ခွ စတဲ့ ပိုတက်ဆီယမ်ဓာတ်တက်စေတဲ့ အစိမ်းရောင်အရွက်များများစားရပါမယ်။ပိုတက်ဆီယမ်ဟာ ရေကိုဆွဲထားတဲ့ ဆိုဒီယမ်ကို ရှုရှုးနဲ့အတူတူပါသွားစေတဲ့အတွက် သွေးကြောတွေအပေါ်ကဖိအားတွေ လျော့သွားပြီး သွေးပေါင်ချိန်ပါ လျော့ကျစေနိုင်ပါတယ်။
တနေ့ဘယ်လောက်စားရမလဲ >>> ၃ – ၆ ခွက်
စားရမယ့်ပုံစံ >>> သန့်စင်အောင် ဆေးကြောပြီး အစိမ်းစားပါ

ဘယ်ရီသီး စားပါ

ဘလူးဘယ်ရီ ၊ စတော်ဘယ်ရီ နဲ့ ဘလက်ခ်ဘယ်ရီ အစရှိတဲ့ အသီးတွေရဲ့ မျက်စိပသာဒဖြစ်စရာကောင်းတဲ့အရောင်တွေကို ဖြစ်ပေါ်စေတဲ့ ရောင်ခြယ်ဆဲလ်ကို Anthocyanin လို့ ခေါ်တယ်။သူက သွေးကြောတွေကို ကောင်းကျိုးအများကြီး ပေးပါတယ်။ဘယ်လိုပေးတာလဲဆိုရင် သွေးကြောတွေကို ပြန့်ကားစေနိုင်သလို သွေးပေါင်ချိန်အပြောင်းအလဲပေါ်မှာမူတည်ပြီး လိုအပ်သလို အချုံ့အချဲ့ လုပ်ပေးနိုင်တာကြောင့် သွေးမတိုးအောင် ကာကွယ်နိုင်ပြီး နှလုံးကျန်းမာရေးကိုပါ ကောင်းမွန်စေပါတယ်။

တနေ့ဘယ်လောက်စားရမလဲ >>> ၂ – ၃ ခွက်
စားရမယ့်ပုံစံ >>> အေးခဲထားပြီး (သို့မဟုတ်) လတ်လတ်ဆတ်ဆတ်

ဒိန်ချဉ်