
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရွမ္းျပည္နယ္ေျမာက္ပိုင္း ေက်ာက္မဲခ႐ိုင္၊ ပေလာင္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ နန္းဆန႔္ၿမိဳ႕နယ္ ဟိုမိန္းေက်း႐ြာနားက သိမ္းဆည္းရမိတဲ့လက္နက္ေတြထဲမွာ တ႐ုတ္ႏိုင္ငံထုတ္လက္နက္ တခ်ိဳ႕ လည္းပါေနတယ္လို႔ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ ဒု ဥကၠ႒ ဗိုလ္ခ်ဳပ္ထြန္း ထြန္းညီက ေျပာပါတယ္။
ႏိုဝင္ဘာ ၂၄ ရက္က ေနျပည္ေတာ္က တပ္မေတာ္စစ္သမိုင္းျပတိုက္မွာလုပ္တဲ့ တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ရဲ႕သတင္းစာရွင္းလင္းပြဲမွာ အခုလိုေျပာလိုက္တာပါ။
“FN6 ေလယာဥ္ပစ္လက္နက္က Third generation လက္နက္မ်ိဳးျဖစ္တယ္။ ၂၀၀၀ ေနာက္ပိုင္းထြက္လာတဲ့ လက္နက္ အမ်ိဳးအစား ျဖစ္ပါတယ္။ အိတ္စပို႔အတြက္ထုတ္ထားတာပါ။ ဒီလိုဗား ရွင္းအတူတူကို တ႐ုတ္တပ္မေတာ္မွာသုံးေနတဲ့ နာမည္က ဟုတ္ရင္း ျဖစ္မယ္။ ၂၀၀၉ ခုႏွစ္ေဈးႏႈန္းအရဆိုရင္ တလက္ကို ေဒၚလာ ၇ ေသာင္းခြဲကေန ၉ ေသာင္းေလာက္ အထိရွိတယ္လို႔ ေတြ႕ရွိ ရပါတယ္” လို႔ ေျပာပါတယ္။
တပ္မေတာ္က ႏိုဝင္ဘာလ ၂၂ ရက္မွာ ဟိုမိန္းေက်း႐ြာနားက သိမ္းဆည္းရမိတဲ့ လက္နက္ေတြထဲမွာ လက္နက္မ်ိဳးစုံ ၁၇၀၊ လက္နက္ခဲယမ္းမ်ိဳးစုံ ၈ မ်ိဳး (က်ည္မ်ိဳးစုံ ၄၆၂၆၅ ေတာင့္၊ ဗုံးသီးမ်ိဳးစုံ ၂၄၆ လုံး၊ ယမ္းဗူး ၈၈၅ ဘူး)၊ ယူနီေဖာင္းနဲ႔ ဆက္စပ္ပစၥည္းေတြနဲ႔အတူ K-12 ပခုံးထမ္း ေလယာဥ္ပစ္လက္နက္တလက္ သိမ္းဆည္းရမိခဲ့တာနဲ႔ပတ္သက္လို႔ သူက ရွင္းျပ ခဲ့တာပါ။
လက္နက္ေတြဝယ္ယူရရွိေနတာနဲ႔ပတ္သက္ၿပီး သူက “လက္နက္ေတြဘယ္ကရလဲ ဝယ္ဖို႔ ဘယ္ကရလဲဆိုတာက ဒီလိုလက္နက္ကိုင္အဖြဲအစည္းဆိုတာ ေပၚလာတာမၾကာေသးဘူး။ သူတို႔မွာ တျခားဝင္ေငြရ စီးပြားေရးလုပ္ငန္းလည္း မရွိေသးဘူး။ လက္နက္ဆိုတာက ပုံမွန္ပုဂၢလိက လုပ္ငန္းလို သာမာန္ထုတ္လို႔ ေရာင္းလို႔ရတာမဟုတ္ဘူး။ တန္ဖိုးေတြလည္း မ်ားတယ္။ ေဈးအမ်ား ဆုံးပစၥည္းျဖစ္တယ္။ ဝယ္ရလည္း ခက္တယ္။ ဒါေတြ ဝယ္ရေအာင္လို႔ မူးယစ္ေဆးဝါးလုပ္တာတို႔ တျခားသယံဇာတေတြေရာင္းတာ၊ ေနာက္ၿပီးတျခားေသာနည္းလမ္းေတြ နဲ႔ ရတာေတြရွိမွာေပါ့” လို႔ မွတ္ခ်က္ျပဳသြား ပါတယ္။
ႏိုဝင္ဘာ ၂၂ ရက္က နမ့္ဆန္ၿမိဳ႕နယ္ မန္တုံေဒသတဝိုက္ နယ္ေျမလုံၿခဳံေရးနဲ႔ နယ္ေျမစိုးမိုးေရး ေဆာင္႐ြက္ေနတဲ့ စစ္ေၾကာင္းတခ်ိဳ႕ဟာ TNLA စစ္ဦးစီးခ်ဳပ္အဆင့္ရွိ တားဟိုပႅါင္ရဲ႕ ဇာတိ ဟူး ခင္ေက်း႐ြာအုပ္စု၊ဟိုမိန္း႐ြာနဲ႔အနီးတဝိုက္ ေနရာေတြကို ရွင္းလင္းခဲ့ရာက အခုလို လက္နက္ေတြ ကို ရွာေဖြသိမ္းဆည္းရမိခဲ့တာျဖစ္တယ္လို႔ တပ္မေတာ္က သတင္းထုတ္ျပန္ ထားပါတယ္။
TNLA အဖြဲ႕ဟာ တပ္မေတာ္ရဲ႕ အပစ္ရပ္စဲတဲ့ကာလမွာ ေက်ာက္မဲ၊ သီေပါ၊ နမ့္ဆန္ဝန္းက်င္ တဝိုက္ စခန္းေတြ တိုးခ်ဲ႕ တည္ေဆာက္ခဲ့ရာမွာ စခန္း ၇၈ ခုရွိခဲ့ၿပီး အခုအခါ တပ္မေတာ္အေနနဲ႔ စခန္း ၄၁ ခု ကို တိုက္ခိုက္သိမ္းပိုက္ခဲ့ၿပီးၿပီလို႔လည္း ထုတ္ျပန္ခ်က္မွာ ေျပာဆိုထားပါတယ္။
Unicode
ဟိုမိန်းရွာမှ သိမ်းဆည်းရမိသည့်လက်နက်များတွင် တရုတ်နိုင်ငံလုပ်လက်နက်အချို့ပါဝင်
ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲခရိုင်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းဆန့်မြို့နယ် ဟိုမိန်းကျေးရွာနားက သိမ်းဆည်းရမိတဲ့လက်နက်တွေထဲမှာ တရုတ်နိုင်ငံထုတ်လက်နက် တချို့လည်းပါနေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်း ထွန်းညီက ပြောပါတယ်။
နိုဝင်ဘာ ၂၄ ရက်က နေပြည်တော်က တပ်မတော်စစ်သမိုင်းပြတိုက်မှာလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောလိုက်တာပါ။
“FN6 လေယာဉ်ပစ်လက်နက်က Third generation လက်နက်မျိုးဖြစ်တယ်။ ၂၀၀၀ နောက်ပိုင်းထွက်လာတဲ့ လက်နက် အမျိုးအစား ဖြစ်ပါတယ်။ အိတ်စပို့အတွက်ထုတ်ထားတာပါ။ ဒီလိုဗားရှင်းအတူတူကို တရုတ်တပ်မတော်မှာသုံးနေတဲ့ နာမည်က ဟုတ်ရင်း ဖြစ်မယ်။ ၂၀၀၉ ခုနှစ်ဈေးနှုန်းအရဆိုရင် တလက်ကို ဒေါ်လာ ၇ သောင်းခွဲကနေ ၉ သောင်းလောက် အထိရှိတယ်လို့ တွေ့ရှိရပါတယ်” လို့ ပြောပါတယ်။
တပ်မတော်က နိုဝင်ဘာလ ၂၂ ရက်မှာ ဟိုမိန်းကျေးရွာနားက သိမ်းဆည်းရမိတဲ့ လက်နက်တွေထဲမှာ လက်နက်မျိုးစုံ ၁၇၀၊ လက်နက်ခဲယမ်းမျိုးစုံ ၈ မျိုး (ကျည်မျိုးစုံ ၄၆၂၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဗူး ၈၈၅ ဘူး)၊ ယူနီဖောင်းနဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ K-12 ပခုံးထမ်း လေယာဉ်ပစ်လက်နက်တလက် သိမ်းဆည်းရမိခဲ့တာနဲ့ပတ်သက်လို့ သူက ရှင်းပြ ခဲ့တာပါ။
လက်နက်တွေဝယ်ယူရရှိနေတာနဲ့ပတ်သက်ပြီး သူက “လက်နက်တွေဘယ်ကရလဲ ဝယ်ဖို့ ဘယ်ကရလဲဆိုတာက ဒီလိုလက်နက်ကိုင်အဖွဲအစည်းဆိုတာ ပေါ်လာတာမကြာသေးဘူး။ သူတို့ မှာ တခြားဝင်ငွေရ စီးပွားရေးလုပ်ငန်းလည်း မရှိသေးဘူး။ လက်နက်ဆိုတာက ပုံမှန်ပုဂ္ဂလိက လုပ်ငန်းလို သာမာန်ထုတ်လို့ ရောင်းလို့ရတာမဟုတ်ဘူး။ တန်ဖိုးတွေလည်း များတယ်။ ဈေးအများဆုံးပစ္စည်းဖြစ်တယ်။ ဝယ်ရလည်း ခက်တယ်။ ဒါတွေ ဝယ်ရအောင်လို့ မူးယစ်ဆေးဝါးလုပ်တာတို့ တခြားသယံဇာတတွေရောင်းတာ၊ နောက်ပြီးတခြားသောနည်းလမ်းတွေ နဲ့ ရတာတွေရှိမှာပေါ့” လို့ မှတ်ချက်ပြုသွား ပါတယ်။
နိုဝင်ဘာ ၂၂ ရက်က နမ့်ဆန်မြို့နယ် မန်တုံဒေသတဝိုက် နယ်မြေလုံခြုံရေးနဲ့ နယ်မြေစိုးမိုးရေး ဆောင်ရွက်နေတဲ့ စစ်ကြောင်းတချို့ဟာ TNLA စစ်ဦးစီးချုပ်အဆင့်ရှိ တားဟိုပ္လါင်ရဲ့ ဇာတိ ဟူး ခင်ကျေးရွာအုပ်စု၊ဟိုမိန်းရွာနဲ့အနီးတဝိုက် နေရာတွေကို ရှင်းလင်းခဲ့ရာက အခုလို လက်နက်တွေ ကို ရှာဖွေသိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ တပ်မတော်က သတင်းထုတ်ပြန် ထားပါတယ်။
TNLA အဖွဲ့ဟာ တပ်မတော်ရဲ့ အပစ်ရပ်စဲတဲ့ကာလမှာ ကျောက်မဲ၊ သီပေါ၊ နမ့်ဆန်ဝန်းကျင် တဝိုက် စခန်းတွေ တိုးချဲ့ တည်ဆောက်ခဲ့ရာမှာ စခန်း ၇၈ ခုရှိခဲ့ပြီး အခုအခါ တပ်မတော်အနေနဲ့ စခန်း ၄၁ ခု ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးပြီလို့လည်း ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။
====================================
END / 251