၂ ဒီဇင်ဘာ ၂၀၁၉ - ၁၆:၄၈
ဂ်ပန္ကုမၸဏီတစ္ခုက ျမန္မာႏိုင္ငံတြင္ ၎တို႔၏ ထုတ္ကုန္မ်ားအား အတုအပျပဳလုပ္ေနမႈႏွင့္ပတ္သက္၍ မည္သို႔ေျဖရွင္းႏိုင္မည္ကို ျမန္မာအစိုးရတ

ဂ်ပန္ကုမၸဏီႀကီးတစ္ခုက ျမန္မာႏိုင္ငံတြင္ ၎တို႔၏ ထုတ္ကုန္မ်ား ကို အတုအပ ျပဳလုပ္ေနမႈမ်ားႏွင့္ ပတ္သက္ၿပီး မည္သို႔ေျဖရွင္းႏိုင္ မည္ကို ေမးျမန္းမႈမ်ားရွိေနၿပီး မူပိုင္ခြင့္ဥပေဒကို အျပည့္အဝ ကာ ကြယ္ေပးႏိုင္မွသာ ျပည္တြင္းသို႔ ျပည္ပကုမၸဏီႀကီး ပိုမိုဝင္ေရာက္ ရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာၾကားသည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi

ဂ်ပန္ကုမၸဏီႀကီးတစ္ခုက ျမန္မာႏိုင္ငံတြင္ ၎တို႔၏ ထုတ္ကုန္မ်ားကို အတုအပ ျပဳလုပ္ေနမႈမ်ားႏွင့္ ပတ္သက္ၿပီး မည္သို႔ေျဖရွင္းႏိုင္မည္ကို ေမးျမန္းမႈမ်ားရွိေနၿပီး မူပိုင္ခြင့္ဥပေဒကို အျပည့္အဝ ကာကြယ္ေပးႏိုင္မွသာ ျပည္တြင္းသို႔ ျပည္ပကုမၸဏီႀကီး ပိုမိုဝင္ေရာက္ရင္းႏွီးျမႇဳပ္ႏွံမည္ျဖစ္ေၾကာင္း စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာန၊ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာၾကားသည္။

ႏိုဝင္ဘာ ၂၉ ရက္က UMFCCI တြင္ ျပဳလုပ္သည့္ “ႏိုင္ငံ့စီးပြားတိုးျမႇင့္၊ အသိဉာဏ္ပစၥည္း မူပိုင္ခြင့္” ျမန္မာႏိုင္ငံ မူပိုင္ခြင့္ဥပေဒမ်ား မိတ္ဆက္ျခင္းႏွင့္ ကုန္အမွတ္တံဆိပ္ ဥပေဒ အေကာင္အထည္ ေဖာ္ေရးဆိုင္ရာ စကားဝိုင္းေဆြးေႏြးပြဲတြင္ ဒုတိယဝန္ႀကီး ဦးေအာင္ထူးက ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ဂ်ပန္ကိုသြားတဲ့အခါမွာ မူပိုင္ခြင့္ကို ပိုင္ဆိုင္တဲ့ ကုမၸဏီႀကီးေတြနဲ႔ ေတြ႕ခဲ့ပါတယ္။ အဲဒီေတာ့သူတို႔က ေတာ္ေတာ္ကို မူပိုင္ခြင့္ကိစၥေတြကို ဆန္းသစ္တႀကိဳေတြ႕ရပါတယ္။ အဲဒီထဲမွာဆိုရင္ Honda ဆိုတဲ့ ကုမၸဏီက ဘာေျပာလဲဆိုရင္ သူတို႔ရဲ႕ေမာ္ေတာ္ဆိုင္ကယ္ေတြ သူတို႔ရဲ႕ပစၥည္းေတြကို ျမန္မာျပည္မွာ အတုအပေတြျပဳလုပ္ၿပီးေတာ့ သုံးစြဲေနတယ္။ ဒါေတြကို ဘယ္လိုကာကြယ္လို႔ရမလဲဆိုတဲ့ ေမးခြန္းေတြကို ေမးလာတာရွိပါတယ္။ အဲဒီလိုေမးလာတဲ့အခါက်ေတာ့ ကြၽန္ေတာတို႔က မူပိုင္ခြင့္ဥပေဒ ျပ႒ာန္းၿပီးၿပီဆိုေတာ့။ မူပိုင္ခြင့္ျပႆနာျဖစ္လာၿပီဆိုရင္ တရား႐ုံးမွာ ဆုံးျဖတ္ရမွာက အဓိကက်တယ္။ ဘယ္လိုျမန္ျမန္ဆန္ဆန္ မူပိုင္ခြင့္ကို ကာကြယ္ေပးဖို႔အတြက္ ဘယ္လိုျမန္ျမန္ဆန္ဆန္လုပ္ ေပးႏိုင္မလဲဆိုတာေတြလည္း ေမးလာတာ ရွိပါတယ္။ ဆိုလိုတဲ့သေဘာကေတာ့ ဒီကုမၸဏီႀကီးေတြဟာ ျမန္မာႏိုင္ငံက ေစ်းကြက္ကို ဝင္ေရာက္ဖို႔ကိစၥမွာ သူတို႔ရဲ႕မူပိုင္ခြင့္ကို အကာအကြယ္ေပးမလား မေပးဘူးလားဆိုတဲ့ အခ်က္ေပၚမွာလည္း မူတည္ပါတယ္။ ေနာက္တစ္ခုက ႏိုင္ငံျခားရင္းႏွီးျမႇဳပ္ႏွံမႈေတြကို ျမႇင့္တင္ခ်င္တယ္ဆိုရင္ ကြၽန္ေတာ္တို႔ မူပိုင္ခြင့္ဥပေဒကို အကာအကြယ္ေပးရမွာျဖစ္ပါတယ္။ ဒီလိုအကာအကြယ္ေပးမွသာလွ်င္ ျပည္တြင္းကို ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ေရာက္ ရွိလာမွာျဖစ္ပါတယ္” ဟု ဒုတိယဝန္ႀကီးဦးေအာင္ထူးက ေျပာၾကားသည္။

လက္ရွိတြင္ မူပိုင္ခြင့္ဥပေဒမ်ားႏွင့္ပတ္သက္ၿပီး စီးပြားေရးႏွင့္ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနက ဦးေဆာင္၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနျခင္းျဖစ္သည္။

၂၀၁၉ ခုႏွစ္ ဇန္ဝါရီ ၃၀ ရက္တြင္ ကုန္အမွတ္တံဆိပ္ မူပိုင္ခြင့္ဥပေဒႏွင့္ စက္မႈဒီဇိုင္း မူပိုင္ခြင့္ဥပေဒလည္းေကာင္း၊ ၂၀၁၉ ခုႏွစ္ မတ္လတြင္ တီထြင္မႈမူပိုင္ခြင့္ႏွင့္ စာေပႏွင့္ အႏုပညာ မူပိုင္ခြင့္ဥပေဒ ကိုလည္းေၾကာင္း ျပည္သူ႔လႊတ္ေတာ္မွ ျပ႒ာန္းခ်က္ကို ႏိုင္ငံေတာ္သမၼတက လက္မွတ္ေရးထိုးခဲ့သျဖင့္ အထက္ပါမူပိုင္ခြင့္ဥပေဒမ်ားမွာ လက္ရွိတြင္ အာဏာသက္ဝင္ေနၿပီျဖစ္သည္။

၁၉၈၈-၁၉၈၉ ဘ႑ာႏွစ္မွ ၂၀၁၉ ခုႏွစ္ စက္တင္ဘာ ၃၀ ရက္အထိ ဂ်ပန္ႏိုင္ငံက ျမန္မာႏိုင္ငံအတြင္း လာေရာက္ရင္းႏွီးျမႇဳပ္ႏွံထားသည့္ လုပ္ငန္းေပါင္း ၁၁၇ ခုရွိၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိ ကန္ေဒၚလာ ၁ ဒသမ ၂ ဘီလ်ံေက်ာ္ရွိေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာန DICA မွ ထုတ္ျပန္ထားသည့္ စာရင္းမ်ားအရ သိရသည္။

ထို႔အျပင္ အထူးစီးပြားေရးဇုန္ဥပေဒအရ သီလဝါအထူးစီးပြားေရးဇုန္အတြင္း လာေရာက္ရင္းႏွီးျမႇပ္ႏွံထားသည့္ လုပ္ငန္းေပါင္း ၃၉ ခုရွိၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ ေဒၚလာသန္း ၆၇၀ ေက်ာ္အထိရွိသည္။

ထို႔ေၾကာင့္ လက္ရွိအခ်ိန္အထိ ဂ်ပန္ႏိုင္ငံက ျမန္မာႏိုင္ငံအတြင္း လာေရာက္ရင္းႏွီးျမႇဳပ္မႈ လုပ္ငန္းေပါင္း ၁၅၀ ေက်ာ္ရွိၿပီး ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ အေမရိကန္ေဒၚလာ ၁ ဒသမ ၉ ဘီလ်ံခန႔္ရွိသည္။

ျမန္မာႏိုင္ငံအတြင္း လာေရာက္ရင္းႏွီး ျမႇဳပ္ႏွံထားသည့္ ႏိုင္ငံေပါင္း ၅၀ ရွိၿပီး ယင္းအနက္ ဂ်ပန္ႏိုင္ငံ၏ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏသည္ အဆင့္ ၁၀ ေနရာတြင္ ရွိသည္။

သို႔ေသာ္ သီလဝါအထူးစီးပြားေရးဇုန္အတြင္း ႏိုင္ငံေပါင္း ၁၉ ႏိုင္ငံမွ ဝင္ေရာက္ထားသည့္ ရင္းႏွီးျမႇဳပ္ႏွံမႈပမာဏ ေဒၚလာ ၁ ဒသမ ၈၆ ဘီလ်ံေက်ာ္အနက္ ဂ်ပန္ႏိုင္ငံက အမ်ားဆုံးဝင္ေရာက္ထားၿပီး ၃၆ ရာခိုင္ႏႈန္းေက်ာ္အထိရွိေၾကာင္း ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနမွ သိရသည္။

လက္ရွိတြင္လည္း ဂ်ပန္ကုမၸဏီမ်ားက ျမန္မာႏိုင္ငံတြင္ ကုန္ပစၥည္းထုတ္လုပ္ၿပီး အိႏၵိယ၊ တ႐ုတ္ႏွင့္ ထိုင္းႏိုင္ငံမ်ားသို႔ တင္ပို႔မည့္လုပ္ငန္းမ်ား လာေရာက္လုပ္ကိုင္ရန္ စိတ္ဝင္စားမႈျမင့္ တက္ေနေၾကာင္း ေအာက္တိုဘာ ၁၉ ရက္က Inya Lake Hotel ျပဳလုပ္သည့္ Japan – Myanmar Resource, Trade & Investment Expo 2019 အခမ္းအနားတြင္ ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး H.E Mr. Ichiro Maruyama က ေျပာၾကားထားသည္။

“ျမန္မာႏိုင္ငံက လူဦးေရမ်ားတဲ့အတြက္ ျပည္တြင္းေစ်းကြက္ကိုလည္း အင္မတန္မွ စိတ္ဝင္စားတဲ့ ဂ်ပန္ကုမၸဏီေတြ မ်ားပါတယ္။ ျမန္မာႏိုင္ငံဆိုရင္ ထိုင္းႏိုင္ငံတို႔ အိႏၵိယတို႔ တ႐ုတ္ႏိုင္ငံတို႔နဲ႔ ထိစပ္ေနပါတယ္။ အဲဒီေၾကာင့္မို႔ ဥပမာျမန္မာျပည္မွာထုတ္တဲ့ ပစၥည္းမ်ားကို အိမ္နီးနားခ်င္းႏိုင္ငံမ်ားကို Export လုပ္ဖို႔ အဲဒီမွာစိတ္ဝင္စားတဲ့ ဂ်ပန္ကုမၸဏီေတြမ်ားပါတယ္” ဟု H.E Mr. Ichiro Maruyama က ေျပာၾကားသည္။   

Unicode

ဂျပန်ကုမ္ပဏီတစ်ခုက မြန်မာနိုင်ငံတွင် ၎င်းတို့၏ ထုတ်ကုန်များအား အတုအပပြုလုပ်နေမှုနှင့်ပတ်သက်၍ မည်သို့ဖြေရှင်းနိုင်မည်ကို မြန်မာအစိုးရတာဝန်ရှိသူများထံ မေးမြန်းမှုများရှိ နေ

ဂျပန်ကုမ္ပဏီကြီးတစ်ခုက မြန်မာနိုင်ငံတွင် ၎င်းတို့၏ ထုတ်ကုန်များကို အတုအပ ပြုလုပ်နေမှုများနှင့် ပတ်သက်ပြီး မည်သို့ဖြေရှင်းနိုင်မည်ကို မေးမြန်းမှုများရှိနေပြီး မူပိုင်ခွင့်ဥပဒေကို အပြည့်အဝ ကာကွယ်ပေးနိုင်မှသာ ပြည်တွင်းသို့ ပြည်ပကုမ္ပဏီကြီး ပိုမိုဝင်ရောက်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦး အောင်ထူးက ပြောကြားသည်။

နိုဝင်ဘာ ၂၉ ရက်က UMFCCI တွင် ပြုလုပ်သည့် “နိုင်ငံ့စီးပွားတိုးမြှင့်၊ အသိဉာဏ်ပစ္စည်း မူပိုင်ခွင့်” မြန်မာနိုင်ငံ မူပိုင်ခွင့်ဥပဒေများ မိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံဆိပ် ဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့ခြင်းဖြစ်သည်။

“ဂျပန်ကိုသွားတဲ့အခါမှာ မူပိုင်ခွင့်ကို ပိုင်ဆိုင်တဲ့ ကုမ္ပဏီကြီးတွေနဲ့ တွေ့ခဲ့ပါတယ်။ အဲဒီတော့သူတို့က တော်တော်ကို မူပိုင်ခွင့်ကိစ္စတွေကို ဆန်းသစ်တကြိုတွေ့ရပါတယ်။ အဲဒီထဲမှာဆိုရင် Honda ဆိုတဲ့ ကုမ္ပဏီက ဘာပြောလဲဆိုရင် သူတို့ရဲ့မော်တော်ဆိုင်ကယ်တွေ သူတို့ရဲ့ပစ္စည်းတွေကို မြန်မာပြည်မှာ အတုအပတွေပြုလုပ်ပြီးတော့ သုံးစွဲနေတယ်။ ဒါတွေကို ဘယ်လိုကာကွယ်လို့ရမလဲဆိုတဲ့ မေးခွန်းတွေကို မေးလာတာရှိပါတယ်။ အဲဒီလိုမေးလာတဲ့အခါကျတော့ ကျွန်တောတို့က မူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းပြီးပြီဆိုတော့။ မူပိုင်ခွင့်ပြဿနာဖြစ်လာပြီဆိုရင် တရားရုံးမှာ ဆုံးဖြတ်ရမှာက အဓိကကျတယ်။ ဘယ်လိုမြန်မြန်ဆန်ဆန် မူပိုင်ခွင့်ကို ကာကွယ်ပေးဖို့အတွက် ဘယ်လိုမြန်မြန်ဆန်ဆန်လုပ် ပေးနိုင်မလဲဆိုတာတွေလည်း မေးလာတာ ရှိပါတယ်။ ဆိုလိုတဲ့သဘောကတော့ ဒီကုမ္ပဏီကြီးတွေဟာ မြန်မာနိုင်ငံက ဈေးကွက်ကို ဝင်ရောက်ဖို့ကိစ္စမှာ သူတို့ရဲ့မူပိုင်ခွင့်ကို အကာအကွယ်ပေးမလား မပေးဘူးလားဆိုတဲ့ အချက်ပေါ်မှာလည်း မူတည်ပါတယ်။ နောက်တစ်ခုက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို မြှင့်တင်ချင်တယ်ဆိုရင် ကျွန်တော်တို့ မူပိုင်ခွင့်ဥပဒေကို အကာအကွယ်ပေးရမှာဖြစ်ပါတယ်။ ဒီလိုအကာအကွယ်ပေးမှသာလျှင် ပြည်တွင်းကို ရင်းနှီးမြှုပ်နှံမှုတွေ ရောက်ရှိလာမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီးဦးအောင်ထူးက ပြောကြားသည်။

လက်ရှိတွင် မူပိုင်ခွင့်ဥပဒေများနှင့်ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ် ဇန်ဝါရီ ၃၀ ရက်တွင် ကုန်အမှတ်တံဆိပ် မူပိုင်ခွင့်ဥပဒေနှင့် စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေလည်းကောင်း၊ ၂၀၁၉ ခုနှစ် မတ်လတွင် တီထွင်မှုမူပိုင်ခွင့်နှင့် စာပေနှင့် အနု ပညာ မူပိုင်ခွင့်ဥပဒေကိုလည်းကြောင်း ပြည်သူ့လွှတ်တော်မှ ပြဋ္ဌာန်းချက်ကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခဲ့သဖြင့် အထက်ပါမူပိုင်ခွင့်ဥပဒေများမှာ လက်ရှိတွင် အာဏာ သက်ဝင်နေပြီဖြစ်သည်။

၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၃၀ ရက်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံထားသည့် လုပ်ငန်းပေါင်း ၁၁၇ ခုရှိပြီး ရင်း နှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလျံကျော်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန DICA မှ ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ထို့အပြင် အထူးစီးပွားရေးဇုန်ဥပဒေအရ သီလဝါအထူးစီးပွားရေးဇုန်အတွင်း လာရောက်ရင်းနှီးမြှပ်နှံထားသည့် လုပ်ငန်းပေါင်း ၃၉ ခုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ သန်း ၆၇၀ ကျော်အထိရှိသည်။

ထို့ကြောင့် လက်ရှိအချိန်အထိ ဂျပန်နိုင်ငံက မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်မှု လုပ်ငန်းပေါင်း ၁၅၀ ကျော်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီ လျံခန့်ရှိသည်။

မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီး မြှုပ်နှံထားသည့် နိုင်ငံပေါင်း ၅၀ ရှိပြီး ယင်းအနက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အဆင့် ၁၀ နေရာတွင် ရှိသည်။

သို့သော် သီလဝါအထူးစီးပွားရေးဇုန်အတွင်း နိုင်ငံပေါင်း ၁၉ နိုင်ငံမှ ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁ ဒသမ ၈၆ ဘီလျံကျော်အနက် ဂျပန်နိုင်ငံက အများဆုံးဝင် ရောက်ထားပြီး ၃၆ ရာခိုင်နှုန်းကျော်အထိရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

လက်ရှိတွင်လည်း ဂျပန်ကုမ္ပဏီများက မြန်မာနိုင်ငံတွင် ကုန်ပစ္စည်းထုတ်လုပ်ပြီး အိန္ဒိယ၊ တရုတ်နှင့် ထိုင်းနိုင်ငံများသို့ တင်ပို့မည့်လုပ်ငန်းများ လာရောက်လုပ်ကိုင်ရန် စိတ်ဝင်စားမှု မြင့်တက်နေကြောင်း အောက်တိုဘာ ၁၉ ရက်က Inya Lake Hotel ပြုလုပ်သည့် Japan – Myanmar Resource, Trade & Investment Expo 2019 အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr. Ichiro Maruyama က ပြောကြားထားသည်။

“မြန်မာနိုင်ငံက လူဦးရေများတဲ့အတွက် ပြည်တွင်းဈေးကွက်ကိုလည်း အင်မတန်မှ စိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေ များပါတယ်။ မြန်မာနိုင်ငံဆိုရင် ထိုင်းနိုင်ငံတို့ အိန္ဒိယတို့ တရုတ်နိုင်ငံ တို့နဲ့ ထိစပ်နေပါတယ်။ အဲဒီကြောင့်မို့ ဥပမာမြန်မာပြည်မှာထုတ်တဲ့ ပစ္စည်းများကို အိမ်နီးနားချင်းနိုင်ငံများကို Export လုပ်ဖို့ အဲဒီမှာစိတ်ဝင်စားတဲ့ ဂျပန်ကုမ္ပဏီတွေများပါတယ်” ဟု H.E Mr. Ichiro Maruyama က ပြောကြားသည်။   

====================================

END / 251