
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အလုပ္ရွင္မ်ားအေနျဖင့္ ကြၽမ္းက်င္လုပ္သားမ်ားကို တန္ ဖိုးထားရန္ အလုပ္သမား၊ လူဝင္ မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္ အားဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး ဦးသိန္းေဆြက တိုက္တြန္း ေျပာ ၾကားသည္။
လုပ္ငန္းမ်ား ေရရွည္တည္ တံ့ခိုင္ၿမဲေစရန္ႏွင့္ ေအာင္ျမင္မႈ ရရွိေစရန္ ကြၽမ္းက်င္လုပ္သား မ်ားကို အေလးထားရန္ လိုသည္ ဟု ဒီဇင္ဘာ ၈ ရက္က ျပဳလုပ္ သည့္ အလုပ္အကိုင္ဆိုင္ရာ ကြၽမ္း က်င္မႈ အသိအမွတ္ျပဳ လက္မွတ္ ေပးအပ္ပြဲတြင္ ဝန္ႀကီးက ေျပာ ၾကားသည္။
ထို႔အျပင္ အလုပ္သမားမ်ား အေနျဖင့္ ေခတ္ႏွင့္အညီ ေျပာင္းလဲေနေသာ နည္းပညာမ်ား ေလ့လာသင္ယူရန္ ၎ကေျပာၾကားသည္။
‘‘ျပည္တြင္း၊ ျပည္ပရင္းႏွီး ျမႇဳပ္ႏွံမႈ တိုးျမႇင့္လာမႈႏွင့္အမွ် လုပ္သားေဈးကြက္အတြင္း ကြၽမ္း က်င္လုပ္သား လိုအပ္ခ်က္မ်ား ျပားလာတာေၾကာင့္ လုပ္သား ေဈးကြက္ လိုအပ္ခ်က္နဲ႔ ကိုက္ညီ ေစဖို႔၊ လုပ္ငန္းခြင္အတြင္းရွိ လုပ္သားမ်ားကို ေလ့က်င့္သင္ၾကားေပးဖို႔ အမ်ိဳးသားအဆင့္ ကြၽမ္း က်င္မႈအသိအမွတ္ျပဳ လက္မွတ္ မ်ား ရယူထားရန္ လိုအပ္ေနေသး ပါတယ္’’ဟု ျပည္ေထာင္စုဝန္ႀကီး ဦးသိန္းေဆြက ေျပာသည္။
ျမန္မာႏိုင္ငံ လုပ္သားမ်ား ကြၽမ္းက်င္မႈ ‘စံ’သတ္မွတ္ျပ႒ာန္း ေရးအဖြဲ႕ (National Skills Standards Authority-NSSA) က အလုပ္အကိုင္ ၂၃ မ်ိဳးအတြက္ကြၽမ္းက်င္မႈ အသိအမွတ္ျပဳ လက္မွတ္ကို ၂၀၁၄ ကစတင္ထုတ္ေပးေနေသာ္လည္း ယင္းလက္မွတ္ရရွိသူ နည္းပါးေၾကာင္း ၎ကဆို သည္။
ထိုသို႔ ကြၽမ္းက်င္မႈအသိ အမွတ္ျပဳ လက္မွတ္ရရွိေသာ္ လည္း လုပ္ငန္းခြင္အတြင္း ခံစား ခြင့္တိုးျမႇင့္ရရွိျခင္း မရွိသည့္အ ေျခအေနရွိေၾကာင္း လုပ္သားအခ်ိဳ႕က ဆိုသည္။
‘‘ဝန္ႀကီးေျပာသလိုပဲ။ လုပ္ ငန္ရွင္တခ်ိဳ႕က ကြၽမ္းက်င္လုပ္ သားေတြကို တန္ဖိုးထားမႈနည္း ေနတယ္။ ကြၽမ္းက်င္မႈအသိအ မွတ္ျပဳ လက္မွတ္ရထားတာ ဘာ မွ အသုံးမဝင္သလို ျဖစ္ေနတာ မ်ိဳး ေတာ့ မျဖစ္သင့္ဘူး’’ဟု အ ထည္ခ်ဳပ္ကြၽမ္းက်င္လုပ္သား မမိုးစႏၵာက ေျပာသည္။
အဆိုပါ လက္မွတ္ရရွိသူဦး ေရ ၂၀၁၉ ႏိုဝင္ဘာကုန္အထိ ၁၄,၀၀၀ ေက်ာ္သာ ရွိေသးေၾကာင္းအလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ ေရးႏွင့္ ျပည္သူ႔အင္အား ဝန္ႀကီး ဌာနက ထုတ္ျပန္ထားသည္။
Unicode
ကျွမ်းကျင်လုပ်သားများကို တန်ဖိုးထားရန် လုပ်ငန်းရှင်များအား အလုပ်သမားဝန်ကြီးတိုက်တွန်း
အလုပ်ရှင်များအနေဖြင့် ကျွမ်းကျင်လုပ်သားများကို တန် ဖိုးထားရန် အလုပ်သမား၊ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက တိုက်တွန်း ပြောကြားသည်။
လုပ်ငန်းများ ရေရှည်တည် တံ့ခိုင်မြဲစေရန်နှင့် အောင်မြင်မှု ရရှိစေရန် ကျွမ်းကျင်လုပ်သား များကို အလေးထားရန် လိုသည် ဟု ဒီဇင်ဘာ ၈ ရက်က ပြုလုပ် သည့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်း ကျင်မှုအသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲတွင် ဝန်ကြီးက ပြော ကြားသည်။
ထို့အပြင် အလုပ်သမားများ အနေဖြင့် ခေတ်နှင့်အညီ ပြောင်းလဲနေသော နည်းပညာများ လေ့လာသင်ယူရန် ၎င်းကပြောကြားသည်။
‘‘ပြည်တွင်း၊ ပြည်ပရင်းနှီး မြှုပ်နှံမှု တိုးမြှင့်လာမှုနှင့်အမျှ လုပ်သားဈေးကွက်အတွင်း ကျွမ်း ကျင်လုပ်သား လိုအပ်ချက်များ ပြားလာတာကြောင့် လုပ်သား ဈေးကွက် လိုအပ်ချက်နဲ့ ကို က်ညီ စေဖို့၊ လုပ်ငန်းခွင်အတွင်းရှိ လုပ်
သားများကို လေ့ကျင့်သင်ကြားပေးဖို့ အမျိုးသားအဆင့် ကျွမ်း ကျင်မှုအသိအမှတ်ပြု လက်မှတ် များ ရယူထားရန် လိုအပ်နေသေး ပါတယ်’’ဟု ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြော သည်။
မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု ‘စံ’သတ်မှတ်ပြဋ္ဌာန်း ရေးအဖွဲ့ (National Skills Standards Authority-NSSA) က အလုပ်အကိုင် ၂၃ မျိုးအတွက်ကျွမ်းကျင်မှု အသိအ မှတ်ပြု လက်မှတ်ကို ၂၀၁၄ ကစတင်ထုတ်ပေးနေသော်လည်း ယင်းလက်မှတ်ရရှိသူ နည်းပါးကြောင်း ၎င်းကဆို သည်။
ထိုသို့ ကျွမ်းကျင်မှုအသိ အမှတ်ပြု လက်မှတ်ရရှိသော် လည်း လုပ်ငန်းခွင်အတွင်း ခံစား ခွင့်တိုးမြှင့်ရရှိခြင်း မရှိသည့်အ ခြေအနေရှိကြောင်း လုပ်သားအချို့က ဆိုသည်။
‘‘ဝန်ကြီးပြောသလိုပဲ။ လုပ် ငန်ရှင်တချို့က ကျွမ်းကျင်လုပ် သားတွေကို တန်ဖိုးထားမှုနည်း နေတယ်။ ကျွမ်းကျင်မှု အသိအ မှတ်ပြု လက်မှတ်ရထားတာ ဘာ မှ အသုံးမဝင်သလို ဖြစ်နေ တာ မျိုးတော့ မဖြစ်သင့်ဘူး’’ဟု အ ထည်ချုပ်ကျွမ်းကျင်လုပ်သား မမိုးစန္ဒာက ပြောသည်။
အဆိုပါ လက်မှတ်ရရှိသူဦး ရေ ၂၀၁၉ နိုဝင်ဘာကုန်အထိ ၁၄,၀၀၀ ကျော်သာ ရှိသေးကြောင်းအလုပ်သမား၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာနက ထုတ်ပြန်ထား သည်။
====================================
END / 251