အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Zawgyi
Unicode
ဒေါ်အောင်ဆန်းစုကြည်၏ ICJ ခရီးစဉ် စတင်
တပ်မတော်ဘက်မှ အရာရှိများမပါဝင်
နိုင်ငံတော်၏အတိုင်ပင် ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ဂမ်ဘီယာနိုင်ငံ ကမြန်မာအပေါ် အပြည်ပြည်ဆိုင် ရာတရားရုံး (ICJ) ၌ တရားစွဲ ဆို လျှောက်ထားမှုကို တုံ့ပြန်ရန် ယမန်နေ့တွင် နေပြည်တော်မှ စတင်ထွက်ခွာသွားသည်။
အဆိုပါ ခရီးစဉ်တွင် မြန်မာ နိုင်ငံ၏ကိုယ်စားလှယ် ဒေါ် အောင်ဆန်းစုကြည်၊ ပူးတွဲကိုယ် စားလှယ်ဝန်ကြီး ဦးကျော်တင့် ဆွေ၊ ဝန်ကြီးဦးကျော်တင်၊ နိုင်ငံ ခြားရေးဝန်ကြီးဌာနနှင့် ပြည် ထောင်စုရှေ့နေချုပ်ရုံးတို့မှ တာဝန်ရှိသူများလိုက်ပါသွားကြောင်း အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်၌ ဖော်ပြသည်။ သို့သော် တပ်မ တော်ဘက်မှ အရာရှိများလိုက်ပါ ခြင်းမရှိကြောင်း တပ်မတော်သ တင်းမှန် ပြန်ကြားရေးအဖွဲ့အ တွင်းရေးမှူးဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ပြောသည်။
‘‘ဒီသည်ဟေ့ဂ်ကို သွားတဲ့ အထဲမှာ တပ်မတော်က မပါပါ ဘူးဗျ။ အဓိကကဒီအဖွဲ့တွေက အစည်းအဝေးတွေ၊ ဆွေးနွေးမှု တွေ၊ ဆက်သွယ်ဆောင်ရွက်မှု တွေ ပြည်တွင်းမှာပဲ အကြိမ်ကြိမ် လုပ်ခဲ့ပါတယ်။ တပ်မတော်ဘက် ကလည်း အစိုးရဘက်ကညွှန် ကြားထားတဲ့ လိုအပ်တဲ့အချက် အလက်တွေ၊ လိုအပ်တဲ့အ ကြောင်းအရာတွေ ဆောင်ရွက်ခဲ့ တာရှိပါတယ်’’ ဟု ၎င်းက ပြော သည်။
ခရီးစဉ်အတွင်း ထပ်မံလို အပ်ပါက အစိုးရ၊ ရှေ့နေချုပ်ရုံး တို့မှတစ်ဆင့် ကိုယ်စားလှယ်က ညွှန်ကြားချက်များကို တပ်မတော် အနေဖြင့် ဆက်လက် ဆက်သွယ် ဆောင်ရွက်မည် ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆို သည်။ အစောပိုင်းတပ်မတော် သတင်းစာရှင်းလင်းပွဲ၌ ICJ သို့ သွားရောက်ရင်ဆိုင်ရာတွင် အစိုး ရကလိုက်ပါရန် ညွှန်ကြားပါက လိုက်ပါမည်ဟု ပြောကြားထား သည်။ သို့သော်အစိုးရက နိုဝင် ဘာလကုန်တွင် ဖွဲ့စည်းသော နိုင်ငံတကာရာဇဝတ်မှု တရားစီ ရင်ရေးဆိုင်ရာ အထူးအဖွဲ့၌ တပ်မတော်က ဗိုလ်မှူးကြီးအဆင့် အရာရှိကြီးတစ်ဦးနှင့် ဗိုလ်မှူး အဆင့်ရှိ အရာရှိတစ်ဦးတို့ ပါဝင် ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်း ထွန်းက ပြောသည်။
ICJ သို့ ဂမ်ဘီယာက ကြား ဖြတ်စီမံဆောင်ရွက်ချက် (Provisional Measures) ချမှတ်ပေး ရန် လျှောက်ထားချက်နှင့်ပတ် သက်၍ နှစ်ဖက်စလုံးက နှုတ်ဖြင့် လျှောက်လဲတင် သွင်းခြင်းများကို ဒီဇင်ဘာ ၁၀၊ ၁၁ နှင့် ၁၂ ရက် တွင် ပြုလုပ်မည်ဖြစ်ပြီး နိုင်ငံ တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ် အောင်ဆန်းစုကြည်က နိုင်ငံခြား ရေးဝန်ကြီးအဖြစ် အဆိုပါတရား ရုံး၌ မြန်မာ နိုင်ငံ၏ အကျိုးစီးပွား ကို ဦးဆောင်ကာကွယ်ပြောကြား မည်ဟု ဆိုသည်။
ICJ ၌တရားရင်ဆိုင်ရာ တွင် မြန်မာနိုင်ငံဘက်က ရှေ့နေ အဖြစ် ဆောင်ရွက်မည့် အဖွဲ့အ စည်း၊ လူပုဂ္ဂိုလ်ကို အစိုးရက ယမန်နေ့အထိ ထုတ်ပြန်ကြေညာ ခြင်းမရှိသော်လည်း ကနေဒါ ဥပ ဒေ ပညာရှင် ဝီလီလျံရှာဘတ်စ်က လိုက်ပါဆောင်ရွက်မည်ဟု သ တင်းထွက်နေသည်။ အဆိုပါ သတင်းထွက်ပေါ်နေမှုကို ဝီလီ လျံရှာဘတ်စ်က ငြင်းဆိုခြင်းမ ရှိပေ။
ထို့အပြင် မြန်မာနိုင်ငံက အဆိုပြုတရားသူကြီး(Ad Hoc Judge)ကို ခန့်အပ်ရာတွင်မည် သူ့ကို အဆိုပြုခန့်အပ်ကြောင်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသော်လည်း ဂျာမနီဥပဒေ ပညာ ရှင် ကလော့စ်ခရက်စ်ကို ခန့်အပ်ထားသည်ဟု VOA သ တင်းဌာနအားဂမ်ဘီယာ၏ အ ကျိုးဆောင်ရှေ့နေက ပြောကြား ထားသည်။
====================================
END / 251
၉ ဒီဇင်ဘာ ၂၀၁၉ - ၁၇:၃၂
News ID: 992589