
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ျမန္မာ့တပ္မေတာ္ေလမွာ တိုက္ခိုက္ေရးေလယာဥ္ ၁၀ စင္း အင္အားထပ္ျဖည့္လိုက္ၿပီး ေဒသတြင္း ေလတပ္ေတြနဲ႔ ရင္ေပါင္တန္းႏိုင္ေအာင္ ထိေရာက္တဲ့ ေလေၾကာင္းစြမ္း အားပိုင္ ေလတပ္ျဖစ္ဖို႔ ရည္မွန္းတည္ေဆာက္သြားရမယ္လို႔ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ေျပာပါတယ္။
မိတၳီလာတပ္နယ္ ေလေၾကာင္းအတတ္သင္ ေလတပ္စခန္းဌာနခ်ဳပ္မွာ မေန႔ကက်င္းပတဲ့ JF-17 B ဘက္စုံသုံး တိုက္ခိုက္ေရးေလယာဥ္ ၂ စင္း၊ Yak-130 အေပါ့စား တိုက္ေလယာဥ္ ၆ စင္းနဲ႔ MI-35 P တိုက္ခိုက္ေရးရဟတ္ယာဥ္ ၂ စီး တပ္ေတာ္ဝင္အခမ္းအနားမွာ ေျပာခဲ့တာပါ။
တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က အခုလို ေလယာဥ္၊ ရဟတ္ယာဥ္ေတြ ျဖည့္ဆည္းေပးတာဟာ တပ္မေတာ္(ေလ)က အရာရွိ၊ စစ္သည္ ေတြရဲ႕ စိတ္ဓာတ္အင္အားကို ျမႇင့္တင္ေပးရာေရာက္သလို တပ္မေတာ္အတြက္ တိုက္စြမ္းအား၊ တိုက္စြမ္းရည္ တိုးတက္ျမင့္မားေအာင္ အေထာက္အကူျပဳေစမယ္လို႔ ေျပာပါ တယ္။
ျမန္မာ့တပ္မေတာ္ကို ကမာၻ႔ႏိုင္ငံေတြနည္းတူ ႏိုင္ငံေတာ္ကို စြမ္းအားျပည့္ ကာကြယ္ ေစာင့္ေရွာက္ႏိုင္ဖို႔ အင္အားေတာင့္တင္းၿပီး စြမ္းရည္ထက္ျမက္တဲ့ ေခတ္မီ မ်ိဳးခ်စ္တပ္မ ေတာ္အျဖစ္ တည္ေဆာက္ေနတယ္လို႔လည္း တပ္မေတာ္အႀကီးအကဲက ေျပာပါတယ္။
တပ္မေတာ္(ေလ)မွာ ပထမဆုံး အသုံးျပဳခဲ့တဲ့ Tiger Moth ေလယာဥ္ အမ်ိဳးအစားကစၿပီး အသံထက္ျမန္တဲ့ ဂ်က္တိုက္ေလယာဥ္ေတြ၊ သယ္ယူပို႔ေဆာင္ေရး ေလယာဥ္ေတြ၊ တိုက္ခိုက္ေရးနဲ႔ သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္ေတြ စတဲ့ ေခတ္မီ မ်ိဳးဆက္သစ္ေလယာဥ္၊ ရဟတ္ယာဥ္ အမ်ားႀကီးကို ဝယ္ယူျဖည့္တင္းေပးႏိုင္ခဲ့တယ္လို႔လည္း ေျပာပါ တယ္။
အတိတ္ကို လက္ညႇိဳးထိုးၿပီး အျပစ္ရွာေနတာထက္ အတိတ္အေပၚ သင္ခန္းစာေဖာ္ထုတ္ၿပီး ႏိုင္ငံတိုးတက္ဖြံ႕ၿဖိဳးေရးအတြက္ ေဆာင္႐ြက္သြားၾကရမယ့္အခ်ိန္ ေရာက္ေနၿပီလို႔ လည္း ဗိုလ္ခ်ဳပ္မႉးႀကီးက အသိေပး ေျပာပါတယ္။
ဒီဇင္ဘာ ၁၅ ရက္ဟာ ေလတပ္မေတာ္ရဲ႕ ၇၂ ႏွစ္ေျမာက္ ႏွစ္ပတ္လည္ေန႔ ျဖစ္တာေၾကာင့္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္နဲ႔ အဖြဲ႕ဝင္ေတြက ငွက္ ၇၂ ေကာင္ကို ေဘးမဲ့ လႊတ္ေပးၾကတယ္လို႔ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးက ထုတ္ျပန္ထားပါတယ္။
Unicode
ဒေသတွင်း လေတပ်များနှင့် ရင်ပေါင်တန်းနိုင်ရန် ရည်မှန်းဟုကာကွယ်ရေးဦးစီးချုပ်ပြော
မြန်မာ့တပ်မတော်လေမှာ တိုက်ခိုက်ရေးလေယာဉ် ၁၀ စင်း အင်အားထပ်ဖြည့်လိုက်ပြီး ဒေသတွင်း လေတပ်တွေနဲ့ ရင်ပေါင်တန်းနိုင်အောင် ထိရောက်တဲ့ လေကြောင်း စွမ်းအားပိုင် လေတပ်ဖြစ်ဖို့ ရည်မှန်းတည်ဆောက်သွားရမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
မိတ္ထီလာတပ်နယ် လေကြောင်းအတတ်သင် လေတပ်စခန်းဌာနချုပ်မှာ မနေ့ကကျင်းပတဲ့ JF-17 B ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် ၂ စင်း၊ Yak-130 အ ပေါ့စားတိုက်လေယာဉ် ၆ စင်းနဲ့ MI-35 P တိုက်ခိုက်ရေးရဟတ်ယာဉ် ၂ စီး တပ်တော်ဝင်အခမ်းအနားမှာ ပြောခဲ့တာပါ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အခုလို လေယာဉ်၊ ရဟတ်ယာဉ်တွေ ဖြည့်ဆည်းပေးတာဟာ တပ်မတော်(လေ)က အရာရှိ၊ စစ် သည်တွေရဲ့ စိတ်ဓာတ်အင်အားကို မြှင့်တင်ပေးရာရောက်သလို တပ်မတော်အတွက် တိုက်စွမ်းအား၊ တိုက်စွမ်းရည် တိုးတက်မြင့်မားအောင် အထောက်အကူ ပြုစေမယ်လို့ ပြောပါတယ်။
မြန်မာ့တပ်မတော်ကို ကမ္ဘာ့နိုင်ငံတွေနည်းတူ နိုင်ငံတော်ကို စွမ်းအားပြည့် ကာကွယ် စောင့်ရှောက်နိုင်ဖို့ အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်တဲ့ ခေတ်မီ မျိုး ချစ်တပ်မတော်အဖြစ် တည်ဆောက်နေတယ်လို့လည်း တပ်မတော်အကြီးအကဲက ပြောပါတယ်။
တပ်မတော်(လေ)မှာ ပထမဆုံး အသုံးပြုခဲ့တဲ့ Tiger Moth လေယာဉ် အမျိုးအစားကစပြီး အသံထက်မြန်တဲ့ ဂျက်တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ် တွေ၊ တိုက်ခိုက်ရေးနဲ့ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်တွေ စတဲ့ ခေတ်မီ မျိုးဆက်သစ်လေယာဉ်၊ ရဟတ်ယာဉ် အများကြီးကို ဝယ်ယူဖြည့်တင်းပေးနိုင်ခဲ့တယ် လို့လည်း ပြောပါတယ်။
အတိတ်ကို လက်ညှိုးထိုးပြီး အပြစ်ရှာနေတာထက် အတိတ်အပေါ် သင်ခန်းစာဖော်ထုတ်ပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သွားကြရမယ့်အချိန် ရောက် နေပြီလို့လည်း ဗိုလ်ချုပ်မှူးကြီးက အသိပေး ပြောပါတယ်။
ဒီဇင်ဘာ ၁၅ ရက်ဟာ လေတပ်မတော်ရဲ့ ၇၂ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်တာကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ အဖွဲ့ဝင်တွေက ငှက် ၇၂ ကောင်ကို ဘေးမဲ့ လွှတ်ပေးကြတယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ထားပါတယ်။
====================================
END / 251