
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရခိုင္ျပည္နယ္အတြင္းက တည္ၿငိမ္ေအးခ်မ္းမႈရွိတဲ့ေနရာေတြမွာ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းေတြကို ပိုမိုလုပ္ေဆာင္ေပးဖို႔ကို ႏိုင္ငံေတာ္အတိုင္ပင္ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ က မွာၾကားထားတယ္လို႔ ရခိုင္ျပည္နယ္ဝန္ႀကီးခ်ဳပ္ ဦးညီပုက ေျပာပါတယ္။
ရခိုင္ျပည္နယ္၊ ေက်ာက္ျဖဴၿမိဳ႕ ရမၼာဝတီခန္းမမွာ ဒီဇင္ဘာ ၃၀ ရက္က ျပဳလုပ္တဲ့ လူထုေတြ႕ဆုံပြဲအၿပီးမွာ ေျပာၾကားလိုက္တာပါ။
“ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ကလည္းက်ေနာ့္ကိုမွာပါတယ္။ ေစာေစာက ေျပာတဲ့အထဲမွာလည္းပါပါတယ္။ရခိုင္ျပည္နယ္မွာတည္ၿငိမ္ေအးခ်မ္းတဲ့ ေနရာရွိသလို မတည္ၿငိမ္တဲ့ ေနရာေတြရွိပါတယ္။ တည္ၿငိမ္ေအးခ်မ္းတဲ့ေနရာေတြကို ဦးစားေပးၿပီးေတာ့လုပ္ပါလို႔ က်ေနာ္ကိုမွာထားပါတယ္။ ဒီေနရာမွာ တရားဝင္ေျပာၾကားျခင္း အသိေပးျခင္းျဖစ္ပါတယ္။ က်ေနာ္တို႔ တည္ၿငိမ္ ေအးခ်မ္းတဲ့ေနရာျဖစ္လို႔ ဒီထက္ပိုၿပီးေတာ့ တိုးတက္ေအာင္ဖြံ႕ၿဖိဳးေအာင္ ေဆာင္႐ြက္သြားမယ္ ဆိုတာကိုက်ေနာ္ကတိေပးၿပီးေတာ့ ေျပာၾကားလိုပါတယ္။ သို႔ေသာ္မတည္ၿငိမ္ရင္ေတာ့ မတည္ၿငိမ္ သလို ေဆာင္႐ြက္ရမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ အားလုံးကေနဝိုင္းဝန္းၿပီးေတာ့ ဖြံ႕ၿဖိဳးတိုးတက္ေရး အတြက္ တည္ၿငိမ္မႈနဲ႔အတူ ၿငိမ္းခ်မ္းမႈကို တၿပိဳင္နက္တည္း ေဆာင္႐ြက္ၾကပါစို႔”လို႔ ဝန္ႀကီးခ်ဳပ္ ဦးညီပုက ေျပာပါတယ္။
အန္အယ္လ္ဒီ ပါတီအေနနဲ႔ အစိုးရတာဝန္ယူၿပီးတဲ့ေနာက္ လုပ္ေဆာင္ရတဲ့အခ်ိန္တို အတြင္းမွာ အခက္အခဲေတြ စိန္ေခၚမႈေတြနဲ႔ရင္ဆိုင္ေနရတာေၾကာင့္ ႏိုင္ငံေတာ္ရဲ႕ လိုအပ္ ခ်က္ ေပါင္းမ်ားစြာကို အလုံးစုံျဖည့္ဆည္းေပးႏိုင္မႈမရွိခဲ့ေပမယ့္လည္း ျပည္သူေတြလိုအပ္ခ်က္ေတြကို အမ်ားႀကီးျဖည့္ဆည္းေပးႏိုင္ခဲ့တယ္ လို႔လည္းရခိုင္ျပည္နယ္ ဝန္ႀကီးခ်ဳပ္ ဦးညီပုက ေျပာပါတယ္။
“ဒီကာလေလာက္ေလးနဲ႔ေတာ့ ဒီေလာက္ႏွစ္ေပါင္းေျမာက္မ်ားစြာ လိုအပ္ခ်က္ကိုဘယ္လိုမွ လက္ငင္းခ်က္ခ်င္း ျဖည့္ဆည္းေပးႏိုင္တဲ့အေနအထားမရွိပါဘူး။ ႏိုင္ငံေတာ္ အတိုင္ ပင္ခံပုဂၢိဳလ္ လည္းပဲ ျပည္သူေတြသိေအာင္ေျပာထားၿပီးျဖစ္ပါတယ္။က်ေနာ္တို႔လည္း ႀကဳံသလိုဝန္ခံၿပီးေတာ့ ေျပာပါတယ္။ ဒီေလာက္သက္တမ္းတိုကာလေလးမွာ ဒီေလာက္အ ခက္အခဲေတြ ဒီေလာက္စိန္ေခၚ မႈေတြ ဒီေလာက္ေျမာက္မ်ားတဲ့လိုအပ္ခ်က္ေတြကို ဘယ္လိုမွျဖည့္ဆည္းေပးႏိုင္မွာမဟုတ္ပါဘူး။သို႔ေသာ္ က်ေနာ္တို႔အေကာင္း ဆုံးျဖစ္ေအာင္ ေဆာင္႐ြက္ခဲ့ၿပီးပါၿပီ၊ ဆက္ၿပီးေတာ့လည္းပဲ ျပည္သူ အတြက္ ဒီေန႔ တာဝန္ယူထားတဲ့ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ အစိုးရဟာ ျပည္သူအတြက္ ျပည္သူကို မ်က္ႏွာမူၿပီးေတာ့ ျပည္သူရဲ႕ဆႏၵကို ျဖည့္ဆည္းတဲ့ေနရာမွာ ဒီအစိုးရေလာက္ ျဖည့္ဆည္းႏိုင္တဲ့ အေနအထားမရွိခဲ့ဘူးဆိုတာကို အားလုံးအသိပဲျဖစ္ပါတယ္” လို႔ ေျပာပါတယ္။
လူထုေတြ႕ဆုံပြဲကို ရခိုင္ျပည္နယ္အစိုးရဝန္ႀကီးေတြ၊ဌာနဆိုင္ရာတာဝန္ရွိသူေတြ၊ ၿမိဳ႕မိၿမိဳ႕ဖေတြ၊ရပ္ေက်းအုပ္ခ်ဳပ္ေရးမႉးေတြနဲ႔ ေဒသခံေတြတက္ေရာက္ခဲ့ၾကၿပီး ေဒသဖြံ႕ၿဖိဳးေရး၊ ပညာေရး၊က်န္းမာေရးနဲ႔စတဲ့ လိုအပ္ခ်က္ေတြနဲ႔ပတ္သက္ၿပီး တင္ျပေတာင္းခံခဲ့ၾကသလို သက္ဆိုင္ရာတာဝန္ရွိသူေတြကလည္း ျပည္သူေတြကို ရွင္းလင္းအသိေပး ေျပာၾကားပါ တယ္။
Unicode
ရခိုင်ပြည်နယ်ရှိ တည်ငြိမ်အေးချမ်းသည့်နေရာများတွင် ဒေသဖွံ့ဖြိုးရေး လုပ်ဆောင်မည်
ရခိုင်ပြည်နယ်အတွင်းက တည်ငြိမ်အေးချမ်းမှုရှိတဲ့နေရာတွေမှာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ပိုမိုလုပ်ဆောင်ပေးဖို့ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင် ဆန်းစုကြည်က မှာကြားထားတယ်လို့ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမမှာ ဒီဇင်ဘာ ၃၀ ရက်က ပြုလုပ်တဲ့ လူထုတွေ့ဆုံပွဲအပြီးမှာ ပြောကြားလိုက်တာပါ။
“နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကျနော့်ကိုမှာပါတယ်။ စောစောက ပြောတဲ့အထဲမှာ လည်း ပါပါတယ်။ ရခိုင်ပြည်နယ်မှာတည်ငြိမ်အေးချမ်းတဲ့ နေရာရှိ သလိုမတည်ငြိမ်တဲ့ နေရာတွေရှိပါတယ်။ တည်ငြိမ်အေးချမ်းတဲ့နေရာတွေကို ဦးစားပေးပြီးတော့လုပ်ပါလို့ ကျနော်ကိုမှာထားပါတယ်။ ဒီနေရာမှာတရားဝင်ပြော ကြားခြင်း အသိပေးခြင်းဖြစ်ပါတယ်။ကျနော်တို့ တည်ငြိမ်အေးချမ်းတဲ့နေရာဖြစ်လို့ ဒီထက်ပိုပြီးတော့တိုးတက်အောင်ဖွံ့ဖြိုးအောင် ဆောင်ရွက်သွားမယ်ဆိုတာကို ကျနော်ကတိပေး ပြီးတော့ ပြောကြားလိုပါတယ်။ သို့သော်မတည်ငြိမ်ရင်တော့ မတည်ငြိမ် သလို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အားလုံးကနေဝိုင်းဝန်းပြီးတော့ ဖွံ့ဖြိုးတိုးတက်ရေး အတွက် တည်ငြိမ်မှုနဲ့အတူ ငြိမ်းချမ်းမှုကို တပြိုင်နက်တည်း ဆောင်ရွက်ကြပါစို့”လို့ ဝန်ကြီးချုပ် ဦးညီပုက ပြောပါတယ်။
အန်အယ်လ်ဒီ ပါတီအနေနဲ့ အစိုးရတာဝန်ယူပြီးတဲ့နောက် လုပ်ဆောင်ရတဲ့အချိန်တို အတွင်းမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတာကြောင့် နိုင်ငံတော်ရဲ့ လိုအပ်ချက် ပေါင်းများစွာကို အလုံးစုံဖြည့်ဆည်းပေးနိုင်မှုမရှိခဲ့ပေမယ့်လည်း ပြည်သူတွေလိုအပ်ချက်တွေကို အများကြီးဖြည့်ဆည်းပေးနိုင်ခဲ့တယ် လို့လည်း ရခိုင်ပြည် နယ် ဝန်ကြီးချုပ်ဦးညီပုက ပြောပါတယ်။
“ဒီကာလလောက်လေးနဲ့တော့ ဒီလောက်နှစ်ပေါင်းမြောက်များစွာ လိုအပ်ချက်ကိုဘယ်လိုမှ လက်ငင်းချက်ချင်း ဖြည့်ဆည်းပေးနိုင်တဲ့ အနေအထားမရှိပါဘူး။နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းပဲ ပြည်သူတွေသိအောင်ပြောထားပြီးဖြစ်ပါတယ်။ကျနော်တို့လည်း ကြုံသလိုဝန်ခံပြီးတော့ပြောပါတယ်။ ဒီလောက်သက်တမ်းတိုကာလလေး မှာ ဒီလောက်အခက်အခဲတွေ ဒီလောက်စိန်ခေါ် မှုတွေ ဒီလောက်မြောက်များတဲ့လိုအပ်ချက်တွေကို ဘယ်လိုမှဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ပါဘူး။သို့သော်ကျနော် တို့အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့ပြီးပါပြီ၊ ဆက်ပြီးတော့လည်းပဲ ပြည်သူ အတွက် ဒီနေ့ တာဝန်ယူထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရဟာ ပြည်သူအတွက် ပြည်သူကို မျက်နှာမူပြီးတော့ ပြည်သူရဲ့ဆန္ဒကို ဖြည့်ဆည်းတဲ့နေရာမှာ ဒီအစိုးရလောက် ဖြည့်ဆည်းနိုင်တဲ့ အနေအထားမရှိခဲ့ဘူးဆိုတာကို အားလုံးအသိပဲဖြစ်ပါတယ်” လို့ ပြောပါတယ်။
လူထုတွေ့ဆုံပွဲကို ရခိုင်ပြည်နယ်အစိုးရဝန်ကြီးတွေ၊ဌာနဆိုင်ရာတာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ဒေသခံတွေတက်ရောက်ခဲ့ကြပြီး ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ကျန်းမာရေးနဲ့စတဲ့ လိုအပ်ချက်တွေနဲ့ပတ်သက်ပြီး တင်ပြတောင်းခံခဲ့ကြသလို သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်း ပြည်သူတွေကို ရှင်းလင်းအသိပေးပြော ကြားပါတယ်။
====================================
END / 251