အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : 7 Day News
သောကြာနေ့

၂၄ ဇန်နဝါရီ ၂၀၂၀

၂၀:၀၁:၃၃
1005103

ICJ ၏ ဆုံးဖြတ်ချက်ကို မှတ်သားထားကြောင်း မြန်မာအစိုးရထုတ်ပြန်

အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သားထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ယမန်နေ့ (ဇန်နဝါရီ ၂၃ရက်)တွင် ထုတ်ပြန်သည်။


ဇန်နဝါရီ ၂၃ ရက် ICJ တရားခွင်၌ မြန်မာကိုယ်စားလှယ်အဖွဲ့ကို တွေ့ရစဉ် (ဓာတ်ပုံ − ICJ)

    အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)၏ ဆုံးဖြတ်ချက်ကို မြန်မာနိုင်ငံက မှတ်သားထား ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန က ယမန်နေ့ (ဇန်နဝါရီ ၂၃ရက်)တွင် ထုတ်ပြန်သည်။


မြန်မာ-ဂမ်ဘီယာအမှုနှင့် ပတ်သက်၍ ICJ က ကြားဖြတ် စီမံဆောင်ရွက်ချက် (Provi-sional Measures) လေးချက်ကို မြန်မာက လိုက်နာဆောင်ရွက် ရန် ယမန်နေ့တွင် အမိန့်ချခဲ့ပြီး နောက်  နိုင်ငံခြားရေးဝန်ကြီးဌာန က ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ် သည်။

တရားရုံး၏ ဆုံးဖြတ်ချက် သည် ယင်းအမှု၏ ဆီလျော်ခိုင်မာ မှု(merits)ကို တရားရုံးက စီရင် ဆုံးဖြတ်ပိုင်ခွင့် ရှိ၊ မရှိ အပေါ် တွင်လည်းကောင်း၊ လျှောက် ထားသည့်အမှုကို လက်ခံကြား နာခွင့် ရှိ၊ မရှိနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အမှု၏ ဆီလျော် ခိုင်မာမှု (merits)နှင့် ပတ်သက်၍ လည်းကောင်း ကြိုတင်ဆုံးဖြတ်သည့်သဘောလုံးဝသက်ရောက် စေမည်မဟုတ်ကြောင်း ICJ က အတည်ပြု ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့ သည့် လွတ်လပ်သော စုံစမ်းစစ် ဆေးရေးကော်မရှင် (ICOE) ၏ အစီရင်ခံစာတွင် ကောက်ချက် ချထားသကဲ့သို့ ရခိုင်ပြည်နယ်၌ လူမျိုးပြုန်းတီးစေရန် မည်သည့် ကျူးလွန်လုပ်ဆောင်ချက်မျိုးမျှ ဖြစ်ပွားခြင်းမရှိကြောင်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန် သည်။

ထို့အပြင် စစ်မက်ပဋိပက္ခ ဆိုင်ရာ ရာဇဝတ်မှုကျူးလွန်မှုများ ရှိသည်ဟု ကော်မရှင်က တွေ့ရှိ ခဲ့ပြီး ယင်းရာဇဝတ်မှုများကို မြန်မာနိုင်ငံ၏ ရာဇဝတ်မှု ဆိုင်ရာ တရားစီရင်မှုစနစ်အရ စုံစမ်း စစ်ဆေး အရေးယူနေကြောင်း ထုတ်ပြန်ချက်၌ဖော်ပြသည်။

အပြည်ပြည်ဆိုင်ရာ တရား ရုံးအနေဖြင့် အမှုကိစ္စကို စတင် ကိုင်တွယ် ဆောင်ရွက်ချိန်တွင် အကာအကွယ်ပေးရေး အစီအမံ များချမှတ်ရန် ပျက်ကွက်ခဲ့သည် ဟု စွပ်စွဲခံရနိုင်သည့် အလား အလာများမှ ကာကွယ်နိုင်ရန် ကြားဖြတ် စီမံဆောင်ရွက်ချက် များကို ချမှတ်ခဲ့လေ့ရှိသော အစဉ်အလာ ရှိသည်ကိုလည်း သိရှိထားသင့်ကြောင်း ထုတ်ပြန် ချက်၌ဖော်ပြသည်။

ဂမ်ဘီယာကစွပ်စွဲထားမှုနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးမှ တရားသူကြီးများအနေ ဖြင့် မှန်ကန်သည့်အချက်အလက် များ ရရှိနိုင်ရေးကို အထောက် အကူပြုစေရန်အတွက် အပြည် ပြည်ဆိုင်ရာတရားရုံး ရှေ့မှောက် တွင် မြန်မာနိုင်ငံမှ တက်ရောက် ရှင်းလင်းခဲ့ပြီးဖြစ်သည်ဟုလည်းဆိုသည်။

ယခုအမှုကိစ္စတွင် မူလ လျှောက်ထားချက်၏ ခိုင်လုံမှုနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ တရားရုံးအနေဖြင့် အချက်အ လက်မှန်များကို အခြေခံကာ မှန်ကန်သည့် စီရင်ဆုံးဖြတ်ချက် ချမှတ်သွားရေးမှာ မြန်မာနိုင်ငံ အတွက် အရေးကြီးကြောင်း နိုင် ငံခြားရေးဝန်ကြီးဌာနကဆိုသည်။

လူ့အခွင့်အရေးလှုပ်ရှားသူ အချို့ တင်သွင်းခဲ့သော အ ထောက်အထား ခိုင်လုံမှုမရှိသည့် စွပ်စွဲမှုများ၊ ရှုတ်ချမှုများကြောင့် ရခိုင်ပြည်နယ်၏ အခြေအနေကို လိုရာဆွဲ၍ လွဲမှားစွာပုံဖော်လျက်ရှိနေသည့်အတွက် မြန်မာနိုင်ငံနှင့် အခြားသောနိုင်ငံများ၏ ဆက်ဆံ ရေးအပေါ် ထိခိုက်မှုများဖြစ်စေ ကြောင်းနှင့် ယင်းအခြေအနေ များသည် ရခိုင်ပြည်နယ် ရေရှည် တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုး တက်ရေးအတွက် အခြေခံ ကောင်းများ ချမှတ်ရန် မြန်မာ နိုင်ငံ၏ ကြိုးပမ်းဆောင်ရွက်နေမှု များအပေါ် အဟန့်အတား ဖြစ် စေကြောင်း ဆက်လက်ဖော်ပြ ထားသည်။
.................
END / 251