အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၂၅ ဇန်နဝါရီ ၂၀၂၀

၂၀:၀၃:၃၈
1005470

ရှဟီးဒ် ဗိုလ်ချုပ် ကြီး ဆိုလိုင်မန်နီ နှင့် အပေါင်းအပါး ရှဟီးဒ်များ အတွက် ကုရ်ဘာနီ ပြုလုပ် ကုသိုလ် ပြု ၊ စင်ကာပူ

အဗ်နာ ။ ။ စင်ကာပူ နိုင်ငံ တွင် ကမ္ဘာ့ အကြမ်းဖက် သမား အမေရိကန် ၏ ယောက်ကျား မဆန်သည့် ချောင်းတိုက်မှု ကြောင့် အာဇာနည်များ ဖြစ်သွားကြရသည့် ရှဟီးဒ် ဗိုလ်ချုပ် ကြီး ဆိုလိုင်မန်နီ နှင့် အပေါင်းအပါး ရှဟီးဒ်များ ကို အချစ်မေတ္တာ ထားသူ တစ်စု မှ ၎င်း တို့ အတွက် ကုရ်ဘာနီ ပြုလုပ် ၍ကုသိုလ် ပြုခဲ့ကြပါတယ် ။


 

ကမ္ဘာ့ အကြမ်းဖက် သမား အမေရိကန် ၏ ယောက်ကျား မဆန်သည့် ချောင်းတိုက်မှု ကြောင့် အာဇာနည်များ ဖြစ်သွားကြရသည့် အာဇာနည် ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် နှင့် အပေါင်းအပါး ရှဟီးဒ် (အာဇာနည် ) များ အတွက် နိုင်ငံများ မြို့ များတွင် သပိတ်မှောက် ဆန္ဒပြ ပွဲများ ၊ ထရန့် ရှုတ်ချ ပွဲများပြုလုပ်၍ အာဇာနည် ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ အား ချစ်သည့် စိတ်အား ပြသ ခဲ့ကြပါတယ်။

 

စင်ကာပူ နိုင်ငံ တွင် လည်း နိုင်ငံသား အချို့ မှ နွား နှစ်ကောင် အား ကုရ်ဘာနီ ပြု၍ ၎င်း၏ စဝါးဗ်အား အာဇာနည် ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် နှင့် အပေါင်းအပါး ရှဟီးဒ် (အာဇာနည် ) များ ရရှိရန် အတွက် ပြုလုပ်၍ ၎င်းတို့ အား ချစ်ခင်ကြောင်း ပြသခဲ့ပါတယ်။

 

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ သောကြာနေ့ ည၁နာရီကျော် အချိန် တွင် အစ္စလာမ့် သာသနာအတွက် ဂုဏ်ယူလေးစားရသည့် ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ နှင့် အဘူမဲဟ်ဒီ အဲလ်မိုဟန်ဒစ် နှင့် အစ္စလာမ်ခုခံ ကာကွယ်ရေး အပေါင်းအပါးများ သည် မိမိတို့၏ အသက် တစ်ချို့အား အစ္စလာမ်အတွက် တိုက်ပွဲဝင်ခဲ့ပြီး နောက် ကမ္ဘာ့ အကြမ်းဖက် သမား အမေရိကန် ၏ ရဟတ် ယာဉ်များ ၏ တိုက်ခိုက်မှုကြောင့် ဘဂ္ဂဒက် လေဆိပ်အနီး တွင် အာဇာနည် များ ဖြစ်ခဲ့ကြရပါတယ်။

 

အမေရိကန် ကာကွယ်ရေး ဝန်းကြီးဌာန (ပင်တဂွန် ) မှ ကြေငြာ ချက်ထုတ်ပြန်ခဲ့သည်မှာ ဤ လေကြောင်း ဖြင့်တိုက်ခိုက်မှု သည် အမေရိကန် သမ္မတ ဒေါ်နဲလ်ထရန့် ၏ အမိန့် ဖြစ် ပြုခဲ့ ကြောင်း ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အလီ ခါမေနာအီ မှ ဤ ရက်စက်ယုတ်မာ သည့် ရာဇဝတ်မှု အတွက် ၃ရက်တိုင်း ပြည်သူ့ များ ၏ ဝမ်းနည်း ကြေကွဲစရာ နေ့ အဖြစ် ကြေငြာ အမိန့် ထုတ် ခဲ့ပါတယ်။

 

ဗိုလ်ချုပ်ကြီး အာဇာနည် ဆိုလိုင်မန်နီ နှင့် အပေါင်းအပါး အစ္စလာမ် အတွက်ခုခံ ကာကွယ်ရေး အာဇာနည် တပ်သားများ၏ ရုပ်ကလပ်များ ကို အီရတ် နိုင်ငံ ဘဂ္ဂဒက်မြို့ ၊ ကာဇမိုင်းမြို့ ၊ ကရ်ဗလာ မြို့ ၊ နဂျဖ် မြို့များသို့ ယူဆောင်ပြသခဲ့ပြီး ဇန်နဝါရီလ ၅ရက်နေ့ နင်္ဂနွေ နေ့ တွင် အီရန်နိုင်ငံ သို့ ယူဆောင် လာခဲ့ပါတယ်။

 

ကျေးဇူးသိတတ်ပြီး အာဇာနည်မွေးထုတ်ပေးသည့် အီရန် ပြည်သူ့ လူထု ကြီးမှ အဲဟ်ဝါဇ်မြို့ ၊ မရှ်ဟဒ် မြို့  ၊တီဟီရန် မြို့ ၊ ကွမ်းမြို့ တို့တွင် နမူနာ ရှား သမိုင်းဝင် ဈာပနာ အစီအစဉ် များ အဖြစ် အစ္စလာမ် ဗိုလ်ချုပ်ကြီးနှင့် ၎င်း အပေါင်းအပါး အာဇာနည် များ ဈာပန အစီအစဉ်တွင် တက် ရောက် နေရာ ယူခဲ့ကြပါတယ်။

 

ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် ဆရက်ဒ် အလီ ခါမေနာအီ မှလည်း ဇန်နဝါရီလ ၆ ရက်နေ့ တနင်းလာ နေ့ တွင်  ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ ၏ နမာဇ်ဇေ ဂျနာဇာ ကို ဦးဆောင်ဖတ်ရွတ် ပေးခဲ့ပါတယ်။ပြီးနောက် ရှဟီးဒ် ၏ သေတမ်းစာ အရ ဂိုလ်ဇာရေ ရှိုဟာဒါ အေ ကေရ်မန် တွင် ဒဖ်နာ ခဲ့ပါတယ်။

 

အီရန် အစ္စလာမ်မစ် သမ္မတ နိုင်ငံ ဘက်မှ လည်း ဇန်နဝါရီ လ ၃ရက်နေ့ တွင် ရှဟီးဒ် ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ ကို လုပ်ကြံခဲ့သည့် ဒေါ်နဲလ်ထရန့် အစိုးရကို တုံ့ပြန်မှု ပြုခဲ့ပါတယ်။ အစ္စလာမ် အစောင့်တပ် ၏ အထွေထွေ ပြန့်ကြားရေး ဌာန အနေဖြင့် ဇန်နဝါရီလ ၈ရက်နေ့ ည၁နာရီကျော် တွင် အီရတ် အခြေဆိုက် အမေရိကန် အခြေဆိုက်စခန်းကြီး အိုင်းနိုလ်အဆဒ် အား ၁၀စင်း ထက်မနည်း ပဲထိန်းဒုံးကျည်များ နှင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သတင်းကြေငြာပါတယ်။

 

သတင်းအထောက်အထားများအရ ၁၀စင်း ထက်မနည်း ပဲ့ထိန်းဒုံးကျည်များသည် အမေရိကန် အခြေဆိုက်စခန်း အိုင်းနိုလ်အဆဒ် အား ထိမှန် ခဲ့ပြီး ပေါက်ကွဲမှုများ ဖြစ်ခဲ့ ကြောင်း သိရှိရပါတယ်။

.......................
END / 251