အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၆ ဇန်နဝါရီ ၂၀၂၀

၁၉:၁၇:၂၈
1005712

အမေရိကန် လူမျိုး လေးပုံ တစ်ပုံ ယုံကြည်ကြ သည်မှာ -

ထရန့် မလွဲ မသွေ ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ အား လုပ်ကြံသတ်ပြတ်မှု အတွက် ပြစ်မှုဆိုင်ရာ ရုံး တွင် ရုံးတင် စစ်ဆေးခံရမည်

စစ်တမ်း စစ်ဆေးချက် တစ်ခု ၏ ရလာဒ် မှာ အမေရိကန်လူမျိုးလေးယောက်တွင်တစ် ဦး သည် ဤကဲ့သို့ ယုံကြည် လေ၏။ ထရန့် အနေဖြင့် ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ အပေါ် ကျူးလွန် ခဲ့သည် စစ်ရာဇဝတ် အတွက် ပြစ်မှုဆိုင်ရာ နိုင်ငံတကာ တရား ရုံး တွင် ရုံးတင် စစ်ဆေးခံရမည် ဖြစ်ကြောင်း ဖြစ်ပါတယ်။


Mehr သတင်းဌာန ၏ သတင်း အထောက်အထား များ အရ Business Insider ဘက်မှ မကြာသေးမီ ကပြုလုပ်သည့် စစ်တမ်း စစ်ဆေးချက် တစ်ခု အရ အမေရိကန် လူမျိုး လေးပုံ တစ်ပုံ ယုံကြည်ကြ သည်မှာ - အမေရိကန် သမ္မတ ဒေါ်နဲလ် ထရန့် အား မလွဲ မသွေ ဗိုလ်ချုပ် ကြီး ဆိုလိုင်မန်နီ အား လုပ်ကြံသတ်ပြတ်မှု အတွက် ပြစ်မှုဆိုင်ရာ နိုင်ငံတကာ တရား ရုံး တွင် ရုံးတင် စစ်ဆေးခံရမည် ဖြစ်ပါတယ်။

အီရန် နိုင်ငံဘက်မှ လည်း အစောပိုင်းကပြောကြားခဲ့သည်မှာ ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီအား ရှဟီးဒ် လုပ်ခဲ့မှု ကိစ္စ အတွက် နိုင်ငံတကာ တရာရုံး ကနေ ဆောင်ရွက်သွား မည် ဖြစ်ကြောင်း သိရှိခဲ့ရပါတယ်။

Business Insider ၏ အဆိုအရ စစ်တမ်း ကောက်ခံ ထားသောအမေရိကန်လူ ဦး ရေ ၁၀၀၀ အနက် ၂၇ .၄ ရာခိုင်နှုန်း သည် ထရန့် အား နိုင်ငံ တကာ တရားခုံရုံး တွင် တင် ပြီး စစ်ဆေးမှု ကို ခံစေလိုသူများ ဖြစ်ပါတယ်။

အမေရိကန် အကြမ်းဖက် သမား စစ် တပ်အနေဖြင့် ဇန်န ၀ါရီလ ၄ ရက်နေ့ ခရစ် သက္ကရာဇ် ၂၀၂၀ တွင် အီရတ် မြေပေါ် တွင် အကြမ်းဖက် အဖွဲ့ ISIS အား တိုက်ခိုက်သုတ်သင်ခဲ့သူ ၊ ဒေသအတွင်း ငြိမ်ဝပ်ပိပြား မှု ကို တည်ဆောက် ခဲ့သူ ဒေသအတွင်း ဝါရှင် တန်၏ မတရား အကျိုး အမြတ် ထုတ်မှု ကို ပျက်စီးခဲ့ သူ ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ အား ထရန့် ၏ အမိန့် ဖြင့် ရက်ရက်စစ်စက် ဒုံးနှင့်ပစ် ၍ လုပ်ကြံ သတ်ပြတ်ခဲ့ပါတယ် ။

 ..................

END / 251