အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၂၆ ဇန်နဝါရီ ၂၀၂၀

၁၉:၂၆:၀၁
1005715

ဗိုလ်ချုပ် ကာအာနီ အပေါ် အမေရိကန်ဘက်မှ သတ်ဖြတ်ရန် ခြိမ်းခြောက်မှု အား အီရန်ဘက်မှ ပြင်းပြင်း ထန်ထန် တုံ့ပြန်

အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ၀န်ကြီး ဌာန ၏ ပြောရေး ဆိုခွင့် ရှိသူ ဆရက်ဒ် အဘာစ် မူစဝီ မှ ဗိုလ်ချုပ် ကာအာနီ အပေါ် အမေရိကန်ဘက်မှ သတ်ဖြတ်ရန် ခြိမ်းခြောက်မှု အား ပြင်းပြင်း ထန်ထန် တုံ့ပြန်ခဲ့ ပါတယ် ။


Tasnimn သတင်းဌာန၏ သတင်း ဌာန၏ သတင်း အထောက်အထားများ အရ အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ၀န်ကြီး ဌာန ၏ ပြောရေး ဆိုခွင့် ရှိသူ ဆရက်ဒ် အဘာစ် မူစဝီ မှ ဗိုလ်ချုပ် ကာအာနီ အပေါ် အမေရိကန်ဘက်မှ သတ်ဖြတ်ရန် ခြိမ်းခြောက်မှု အား ပြင်းပြင်း ထန်ထန် တုံ့ပြန်ရင်း ပြောကြား သည်မှာ - ကမ္ဘာလောက တွင် အကြမ်းဖက် မှု ကို တိုးမြှင့် မှု ကိစ္စ တွင် အမေရိကန် ၏ ရှပ် အမှန် နှင့်ဇာတိအမှန် တဖြည်းဖြည်း ထင်ရှားလာ ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ၀န်ကြီး ဌာန ၏ ပြောရေး ဆိုခွင့် ရှိသူ ဆရက်ဒ် အဘာစ်မူစဝီ အနေဖြင့် အမေရိကန် ကိုယ်စားလှယ် ပရိုင်ဟွဒ် ဘက်မှ ကွဒ်စ် စစ်တပ် ၏ ဗိုလ်ချုပ် ကြီး အသစ် ဖြစ်သူ အီစမရာအီးလ် ကာ အာနီ ကို သတ်ဖြတ် လုပ်ကြံ မည့် ခြိမ်းခြောက်မှု အားတုံ့ပြန် ပြီးပြောကြားသည်မှာ - အစ္စရေး အနေဖြင့် အကြမ်းဖက် နည်း ဖြင့် ပါလက်စတိုင်း ၏ နိုင်ငံရေး နှင့် စစ်ရေး ကိုယ်စားလှယ်များ ကို သတ္တိမဲ့စွာ တိုက်ခိုက် မှု ပြုနေပါတယ်။ အမေရိကန် အစိုးရ အနေဖြင့် အစ္စရေး အစိုးရ ၏ လုပ်ရပ်ကို ပုံတူ ကူး ချနေပါတယ် ။ ဤ အတွက် အမေရိကန် အနေဖြင့် ကြီးမား လေးလံ သည့် လျော်ကြေး ပေးရမည် ဖြစ်ပါတယ်။

အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ၀န်ကြီး ဌာန ၏ ပြောရေး ဆိုခွင့် ရှိသူ အနေဖြင့် ကမ္ဘာ့  ညီနောင်များ အား တိုက်တွန်း ပြောကြားသည်မှာ - ၎င်းတို့ အနေဖြင့် အမေရိကန် ၏ အကြမ်းဖက်မှု ဆိုင်ရာ လုပ်ဆောင်ချက်များ နှင့်ပတ်သက်ပြီး နှုတ်ဆိတ်မနေကြဖို့ အမေရိကန် ၏ တရားမဝင် အကြမ်းဖက်မှု လုပ်ရပ်များ ကို ပွင့်ပွင့်လင်းလင်း ထင်ထင်ရှား ရှား ရှုတ်ချ ဝေဖန် ဖို့ ပြောကြားခဲ့ပါတယ်။

အီရန်အစ္စလာမ်မစ် သမ္မတနိုင်ငံ ၏ နိုင်ငံခြားရေး ၀န်ကြီး ဌာန ၏ ပြောရေး ဆိုခွင့် ရှိသူ အနေဖြင့် ဆက်လက်ပြီးပြောကြား သည်မှာ - လျှို့ဝှက်၍ ချောင်းမြောင်း ၍သူရဲဘော် ကြောင်စွာ တိုက်ခိုက် မှု အကြမ်းဖက် တိုက်ခိုက်မှု သည် အမေရိကန် အစိုးရ ၏ အားနည်းချက် နှင့် သတ္တိမရှိမှု သူရဲဘော်ကြောင်မှု အားနည်းအားပျော့ မှု ၏ လက္ခဏာများ ဖြစ်ကြောင်း ဖြစ်ပါတယ်။

.................

END / 251