အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၁၅ ဖေဖော်ဝါရီ ၂၀၂၀

၂၀:၁၈:၁၁
1010599

အကီးလက်စွပ် ၏ လှို့ဝှက် ချက်ကို ရှဟီးဒ် ဆိုလိုင်မန်နီ ကိုယ်တိုင် ရှင်းပြ ။ ။ video

အဗ်နာ ။ ။ အကီးလက်စွပ် ၏ လှို့ဝှက် ချက်ကို ရှဟီးဒ် ဆိုလိုင်မန်နီ ကိုယ်တိုင် ရှင်းပြ ထားသည့် ဗီဒီယို ကလစ်လေး ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

ဓာတ်ပုံများတွင် မြင်တွေ့ရသည့် အတိုင်း ရှဟီးဒ် ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ ၏ လက်တွင် အကီး လက်စွပ်ကြီး တစ်ကွင်း ဝတ်ဆင် ထားသည်ကို တွေ့မြင်နိုင်ပါတယ်။ ဗိုလ်ချုပ်ကြီး အလုပ်ကြံခံရပြီးနောက် ဓာတ်ပုံများ ကိုလည်း လူမှု ကွန်ယက် များ တွင် ပြန့်နှံ သွားသည်ကို တွေ့ မြင်နိုင်ပါတယ်။

ဗိုလ်ချုပ်ကြီး ဆိုလိုင်မန်နီ အနေဖြင့် ဗီဒီယို ကလစ် တစ်ခု တွင် ဤ လက်စွပ် ၏ လှို့ ဝှက်ချက် ၊ဤ လက်စွပ်ကို အမြဲတမ်း စစ်ပွဲများ အတွက် ခရီး ထွက် စဉ် ဝတ်ဆင် ကြောင်း ကို ရှင်းပြပါတယ်။ ဤလက်စွပ်အား ဟစ်ဘွလ္လာဟ် နှင့် အစ္စရေးတို့ ၏ ၃၃ရက် ကြာတိုက်ပွဲအပြီးအစ္စရေးတို့ စစ်ရေး ရှုံးခဲ့ပြီးနောက်  အစည်းအဝေး တစ်ခု အပြီး ရဲဟ်ဗရ် အင်ကေလာဗ် အစ္စလာမ်မီ မှ အားလုံး ထွက်သွား ပြီးနောက် ဗိုလ်ချုပ် ဆိုလိုင်မန်နီ ကို ခေါ်၍ ပွေ့ဖက်ပြီး နမ်း၍ လက်ဆောင်ပေးခဲ့ခြင်း ဖြစ်ပါတယ်။ ဤ သို့ပေး ရန်အတွက် ဆန္ဒရှိသည်မှာ ၆ နှစ် ရှိပြီးဗိုလ်ချုပ်ဆိုလိုင်မန်နီ ကို မပေးနိုင်မည်ကိုလည်း ကြောက်စိတ်ဝင်ခဲ့မိ ကြောင်း သိရှိခဲ့ရပါတယ်။ အကြောင်း မှာ ရဲဟ်ဗရ် ဝတ်ဆင်ထားသည့်လက်စွပ် များကို လက်ဆောင်အဖြစ် တောင်းသည့်လူ များ၍ ဖြစ်ပါတယ်။

ကွတ်စ် တပ်မတော် ၏ ဗိုလ်ချုပ်ကြီး ဟာဂ်ျ ကာစင်မ် ဆိုလိုင်မန်နီ အား ဇန်နဝါရီလ ၃ ရက်နေ့ ည ၁နာရီကျော် အချိန် တွင် အီရတ် နိုင်ငံ ဘဂ္ဂဒတ် လေဆိပ် အနီး အမေရိကန် အကြမ်းဖက် သမ္မတ ထရန့် ၏ လူမဆန်သည့် အမိန့်ပေးမှုကြောင့် အကြမ်းဖက် သမား အမေရိကန် လေတပ်မှ ရဟတ်ယဉ် ပေါ် မှ ဒုံးနှင့်ပစ်၍ ရှဟီးဒ် လုပ်ခဲ့ ခြင်း ဖြစ်ပါတယ်။

ရှဟီးဒ် ၏ ရုပ်ကလပ်သည် အီရတ် အီရန် နိုင်ငံရှိ မြို့ တစ်ချို့ တွင် သန်းချီသည့် လူအုပ်ကြီး ၏ ဇေယာရသ်ပြုခြင်းကို ၄ရက်တာ ခံယူခဲ့ပြီး နောက်ဆုံး ရှဟီးဒ် ၏ ဇာတိမြေ ကေရ်မန် ရှိ ဂိုလ်ဇာရေ ရှိုဟာဒါ တွင် ဒဖ်နာ ပြု ခဲ့ပါတယ်။

..............................

END / 251