အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVD
တနင်္ဂနွေနေ့

၁၆ ဖေဖော်ဝါရီ ၂၀၂၀

၁၈:၅၅:၀၁
1010859

မြူးနစ် လုံခြုံရေးညီလာခံကို လူ ၃၀၀၀ ခန့် ဆန္ဒပြ

ဂျာမနီနိုင်ငံ မြူးနစ် လုံခြုံရေးညီလာခံကို ဆန့်ကျင်တဲ့အနေနဲ့ မြူးနစ်မြို့လယ်မှာ လူအယောက် ၃၀၀၀ လောက် ဖေဖော်ဝါရီ ၁၅ ရက်က ဆန္ဒပြကြပါတယ်။ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်နိုင်ငံတို့က သံတမန်တွေ၊ ခေါင်းဆောင်တွေဟာ ၅၆ ကြိမ်မြောက် လုံခြုံရေး ညီလာခံကို တက်ရောက်နေတာပါ။

ဂျာမနီနိုင်ငံ မြူးနစ် လုံခြုံရေးညီလာခံကို ဆန့်ကျင်တဲ့အနေနဲ့ မြူးနစ်မြို့လယ်မှာ လူအယောက် ၃၀၀၀ လောက် ဖေဖော်ဝါရီ ၁၅ ရက်က ဆန္ဒပြကြပါတယ်။

ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်နိုင်ငံတို့က သံတမန်တွေ၊ ခေါင်းဆောင်တွေဟာ ၅၆ ကြိမ်မြောက် လုံခြုံရေး ညီလာခံကို တက်ရောက်နေတာပါ။

အရှေ့အလယ်ပိုင်း တင်းမာမှုနဲ့ လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေကနေ ဥရောပ ကင်းလွတ်ရေး အာရုံစိုက်ဆွေးနွေးဖို့ မျှော်လင့်ထားပါတယ်။

ကမ္ဘာ့ပြဿနာတွေကို စစ်ရေးနဲ့ ဖြေရှင်းဖို့ အာရုံစိုက်လွန်းတယ်လို့ ဆန္ဒပြသူတွေက စွပ်စွဲ ပြစ်တင်ထားပါတယ်။

မြူးနစ် လုံခြုံရေးညီလာခံကို ဖေဖော်ဝါရီ ၁၆ ရက်ထိ ကျင်းပမှာပါ။

.....................................

END / 251