အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္လာနေ့

၂ မတ် ၂၀၂၀

၁၉:၄၇:၅၆
1014415

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဥရောပတလွှား လိဂ်ပွဲစဉ်များ ရွှေ့ဆိုင်းရဖွယ်ရှိ

ကမ္ဘာတဝန်း ကူးစက်နှုန်း မြင့်တက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီ စီးရီးအေ ပွဲစဉ် ၅ ပွဲ ရွှေ့ဆိုင်းခဲ့ရသလို မကြာခင်မှာလည်း ဥရောပတလွှား လိဂ်တော်တော်များများရဲ့ ပွဲစဉ်တွေဟာလည်း ‌ရွှေ့ဆိုင်းရဖို့ရှိနေပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

ကမ္ဘာတဝန်း ကူးစက်နှုန်း မြင့်တက်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် အီတလီ စီးရီးအေ ပွဲစဉ် ၅ ပွဲ ရွှေ့ဆိုင်းခဲ့ရသလို မကြာခင်မှာလည်း ဥရောပတလွှား လိဂ်တော်တော်များများရဲ့ ပွဲစဉ်တွေဟာလည်း ‌ရွှေ့ဆိုင်းရဖို့ရှိနေပါတယ်။

အီတလီနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ ၃ ဦး တွေ့ရှိပြီးနောက်မှာတော့ စီးရီး‌စီကလပ်အသင်း ကစားသမားတဦးလည်း ကူးစက်ခံနေရကြောင်း အတည်ပြုခဲ့တာဖြစ်လို့ ဘောလုံးပွဲစဉ်တွေ စတင်ရွှေ့ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

ဥရောပလိဂ် အကြီးအကဲ လာစ့်ခရစ်တာအိုလ်ဆန်ရဲ့ ပြောကြားချက်အရ ဆိုရင်တော့ ပြိုင်ပွဲ‌တွေ ရွှေ့ဆိုင်းတာထက် ကွင်းပိတ် ကျင်းပသွားမယ့် အခြေအနေမှာ ရှိနေပါတယ်။

...........................................
END / 251