အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
ဗုဒ္ဓဟူးနေ့

၁ ဧပြီ ၂၀၂၀

၁၈:၀၉:၂၀
1022378

ပြင်သစ်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် တရက်တည်း လူ ၅၀၀ ခန့် သေဆုံး

ပြင်သစ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် မတ်လ ၃၁ရက် တရက်တည်းမှာ လူ ၄၉၉ယောက် သေဆုံးတယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။



ပြင်သစ်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် မတ်လ ၃၁ရက် တရက်တည်းမှာ လူ ၄၉၉ယောက် သေဆုံးတယ်လို့ ပြင်သစ်အာဏာပိုင်တွေက ပြောပါတယ်။

 ဒါဟာ ၂၄နာရီအတွင်း သေဆုံးသူ ဦးရေ ၁၇ ရာခိုင်နှုန်း တိုးလာတာဖြစ်ပြီး စုစုပေါင်း အနေနဲ့ ပြင်သစ်နိုင်ငံအတွင်း ရောဂါကူးစက်ခံ သေဆုံးသူ ၃၅၂၃ ယောက် ရှိသွားပါပြီ။

ကူးစက်ခံ သေဆုံးနှုန်း အရှိန်အဟုန်နဲ့ တိုးလာတာ ၃ ရက်ဆက်တိုက်ရှိနေပြီး ခုတော့ နိုင်ငံတွင်း ကူးစက်မှု နှေးကွေးစေရေး အသွားအလာ ပိတ်ပင်ထားတာ တတိယ သီတင်းပတ်ထဲ ရောက်နေပြီ ဖြစ်ပါတယ်။

ဒီလူဦးရေဟာ ဆေးရုံမှာ သေဆုံးသူတွေကိုသာ ရေတွက်ထားတာ ဖြစ်ပြီး အငြိမ်းစား ဂေဟာတွေက သေဆုံးသူ ဦးရေ သတင်းအချက်အလက် တွေကို မကြာခင် ပေါင်းထည့်နိုင်တော့မယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

 ဒါကြောင့် တရားဝင် အသိအမှတ်ပြု သေဆုံးသူ ဦးရေ အကြီးအကျယ် တိုးလာနိုင်ချေ ရှိနေတာပါ။ လက်ရှိ နိုင်ငံတွင်းမှာ ကူးစက်ခံ ဦးရေ ၅၂၀၀၀ ကျော်ရှိတယ်လို့ ကျန်းမာရေးဌာန ညွှန်မှူးက သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လူနာ ၅၅၆၅ ယောက်က အသည်းအသန် အခြေအနေမှာ ရှိနေပြီး အသက်ကယ် အထောက်အပံ့တွေ လိုနေသလို ကျန်းမာရေးစနစ်က ကူးစက်မှု ပမာဏကို ကာမိဖို့ ရုန်းကန်နေရတယ်လို့လည်း ပြောပါတယ်။

.....................................

END/251