အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၇ ဧပြီ ၂၀၂၀

၁၈:၅၇:၀၉
1023598

ရှအ်ဗာန်လမြတ် ၁၅ ရက် အဝင် ညတွင် ကျင့်ရမည့် ကျင့်စဉ်များ မှ အကောင်းဆုံး ကျင့်စဉ် တစ်ခု မှာ နမာဇ်ဇေ ဂျအ်ဖရ်ရေ သွရာရ် (ရ.သွေ့ ) ဖြစ

ရှအ်ဗာန်လမြတ် ၁၅ ရက် အဝင် ညတွင် ကျင့်ရမည့် ကျင့်စဉ်များ မှ အကောင်းဆုံး ကျင့်စဉ် တစ်ခု မှာ နမာဇ်ဇေ ဂျအ်ဖရ်ရေ သွရာရ် (ရ.သွေ့ ) ဖြစ်ပါတယ်။ အင်န်ရှာအလ္လာဟ် ကျင့်ဆောင် နိုင်ကြပါစေ။ မြန်မာပြည်က မွတ်စလင်မ်များ အခေါ် အရ ရှဗ်ဗေဗရာသ် ည ဖြစ်ပါတယ်။


နမာဇ်ဇေ ဂျအ်ဖရ်ရေ သွရာရ် (ရ.သွေ့ ) ၏ စဝါးဗ်

 

အေမာမ် မူစာယေ ကာစင်မ် (علیه السّلام) မိန့်တော် မူ ၏ ။ (အကြင်မည်သူမဆို နမာဇ်ဇေ ဂျအ်ဖရ်ရေ သွရာရ် (ရ.သွေ့ ) ကို ဖတ်မည် ။(ဝတ်ပြုမည်) ) ဆိုလျှင် ၎င်း၏ ဂိုနာ (အပြစ် ငရဲ သည်) သဲ မှုန်များနှင့်အညီ ပြီးနောက် ပင်လယ်၏ ရေလှိုင်းများ နှင့်အညီ ပင် ဖြစ်နေ ပါစေ ၊ အလ္လာဟ်ဟို အရှင်မြတ် သခင် ၎င်း အား ခွင့်လွတ်ပါးလပ်ပေးသနားတော်မူမည်။ ရာဝီအနေဖြင့် လျှောက်ထား လေ၏။ မောင်လာ (အ.စ) ဤ စဝါးဗ် အားလုံး သည် ကျနော် အတွက် ဖြစ်ပါသလား ? အေမာမ် (علیه السّلام) မိန့်တော်မူ၏။ ဘယ်သူ့ အတွက် ဖြစ်ရမည်နည်း ? ဤစဝါးဗ် သည် အသင်အတွက် သာလျှင် သီးသန့်ဖြစ်ပါသည်။

 

မဟာတမန်တော်မြတ် ကြီး မိုဟမ္မဒ် ( صلّی الله علیه وآله ) မိန့်တော် မူ၏။    

အကယ်၍ အသင်အနေဖြင့် သောကြာနေ့ တိုင်း (သို့မဟုတ်) လစဉ်လတိုင်း (သို့မဟုတ်) နှစ်တိုင်း ဝတ်ပြုမည် ဆိုလျှင် အလ္လာဟ်ဟို အရှင်မြတ် သခင် သည် ၎င်းတို့အကြား (သောကြာ မှာ နောက်အပတ်သောကြာ၊ တစ်လ မှာ နောက်တစ်လ အတွင်း ၊တစ်နှစ် မှ နောက် တစ်နှစ် အကြား ) အပြစ်ဂိုနာများ အားလုံးကို ခွင့်လွတ်ပေးသနားတော်မူမည်။

 

နမာဇ်ဇေ ဂျအ်ဖရ်ရေ သွရာရ် (ရ.သွေ့ ) ဖတ်ပုံဖတ်နည်း

 

၎ရကတ် ဖတ် ရပါမည်။ ဖဂျရ်နမာဇ်ကဲ့သို့ ၂ရကတ် စီ ခွဲ၍ ဖတ်ရပါမည်။ အလ်ဟမ်နှင့် စူရဟ် တစ်ခုခု ဖတ်ပြီး နောက် ရကူအ် မပြုမည်အလျှင် သဇ်ဘီဟာသ်သေအရ်ဗာ ကို ၁၅ ကြိမ် ဖတ်ရပါ မည်။

 

သဇ်ဘီဟာသ်သေအရ်ဗာ                                     

 

 

سُبْحَانَ اللَّهِ وَ الْحَمْدُ لِلَّهِ وَ لا إِلَهَ إِلا اللَّهُ وَ اللَّهُ أَکبَرُ

 

 

ပြီးနောက် ဤ သဇ်ဘီဟာသ်သေအရ်ဗာ အား အောက်ပါအတိုင်း ဖတ်ရပါမည်။

 

 

၁၅ ကြိမ် ဖတ်ရမည် ------- ရကူအ် မပြုမည်အလျှင်

၁၀ ကြိမ် ဖတ်ရမည် ------- ရကူအ် အတွင်း (ဖတ်နေကြ ဇေက်ရ်ပြီးနောက်)

၁၀ ကြိမ် ဖတ်ရမည် ------- ရကူအ်မှ ထပြီးနောက်ရပ်၍

၁၀ ကြိမ် ဖတ်ရမည် ------- ပထမစဂ်ျဒါ အတွင်း (ဖတ်နေကြဇေက်ရ်ပြီးနောက်)

၁၀ ကြိမ် ဖတ်ရမည် ------- ပထမစဂ်ျဒါ မှ ခေါင်းထောင်ပြီးနောက်

၁၀ ကြိမ် ဖတ်ရမည် ------- ဒုတိယစဂ်ျဒါ အတွင်း (ဖတ်နေကြဇေက်ရ်ပြီးနောက်)

၁၀ ကြိမ် ဖတ်ရမည် ------- ဒုတိယ စဂ်ျဒါ မှ ခေါင်းထောင်ပြီးနောက်

 

ဤနည်းဖြင့် ရကတ်တိုင်းတွင် သဇ်ဘီဟာသ်သေအရ်ဗာ ၇၅ကြိမ် ဖတ်ပြီးသာ ဖြစ်ပါမည်။ ၄ရကတ် အတွက် စုစုပေါင်း သဇ်ဘီဟာသ်သေအရ်ဗာ အကြိမ် ၃၀၀ ဖတ်ရမည်ဖြစ်ပါသည်။

 

နောက်ထပ် လွယ်ကူစွာ ဖတ်နည်း

 

အကယ်၍ သဇ်ဘီဟာသ်သေအရ်ဗာ ဖတ်ဖို့ အချိန် မရလျှင် (သို့မဟုတ်) အကြိမ် ရေတွက်ရန် အတွက် အခက်အခဲ ရှိလျှင် ၂ရကတ် ၂ရကတ် နမာဇ်ဇေဖဂ်ျရ် ကဲ့သို့ နမာဇ်ဇေ ဂျအ်ဖရ်ရေ သွရာရ် (ရ.သွေ့ ) ၏ နီယသ် နှင့် ဖတ်ရပါမည်။ သဇ်ဘီဟာသ်သေအရ်ဗာ အား အကြိမ် ၃၀၀ ဖတ်ရမည် ဖြစ်ပါတယ်။   လမ်းလျှောက်ရင်း ၊ အလုပ်လုပ်ရင်း သဇ်ဘီဟာသ်သေအရ်ဗာ အား ဖတ်ရွတ် နိုင်ပါ တယ်။

 

နမာဇ်ဇေ ဂျအ်ဖရ်ရေ သွရာရ် (ရ.သွေ့ ) ဝတ်ပြုရန် အမြင့်မြတ်ဆုံး အချိန် မှာ သောကြာနေ့ မွန်းမတည့် မည်အလျှင် ဖြစ်ပါတယ်။ သို့သော် အခြား အချိန်များတွင်လည်း ဖတ်နိုင်ပါတယ်။

.......................

END / 251