အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
သောကြာနေ့

၂၄ ဧပြီ ၂၀၂၀

၁၉:၂၁:၄၃
1029342

ရမ္ဇာန္ဥပုသ္လ အထိမ္းအမွတ္အျဖစ္ နယူးေယာက္ၿမိဳ႕က ထမင္းဘူး ၅ သိန္း ေဝငွမည္

အစၥလာမ္ဘာသာဝင္ေတြရဲ႕ ရမ္ဇာန္ဥပုသ္လ လႉဒါန္းေထာက္ပံ့မႈအစီအစဥ္အျဖစ္ အေမရိကန္ျပည္ေထာင္စု နယူးေယာ​က္ၿမိဳ႕ အစိုးရဟာ ဟာလာ ထမင္းဘူး ၅ သိန္းေလာက္ကို လိုအပ္ေနသူေတြထံ ေဝငွသြားမယ္လို႔ သိရပါတယ္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

“ရမ္ဇာန္ဥပုသ္လရဲ႕ အေရးပါတဲ့ သတင္းစကားေတြက ဆာေလာင္ေနသူေတြရဲ႕ဝမ္းကို ၿငိမ္းေအးေစဖို႔၊ ခ်ိဳ႕တဲ့သူေတြကို လက္ေပးဖို႔ပါ ” လို႔ နယူးေယာက္ၿမိဳ႕ေတာ္ဝန္ ဘီလ္ ဒီ ဘလာစီယိုက ေျပာၾကားခဲ့ပါတယ္။

ဗလီေတြကို သြားေရာက္ခြင့္မရတဲ့အတြက္ အခုႏွစ္ ရမ္ဇာန္ဥပုသ္လဟာ အရင္ႏွစ္ေတြကထက္ ပိုမို ခက္ခဲတယ္လို႔လည္း ဘလာစီယို ဆိုပါတယ္။

အရင္ႏွစ္ေတြက ယူးေယာက္ၿမိဳ႕မွာရွိတဲ့ ဗလီေတြဟာ ခ်ိဳ႕တဲ့သူေတြကို ကူညီတာ၊ အစားအေသာက္ လႉဒါန္းတာေတြ လုပ္ေဆာင္ခဲ့တာပါ။ ဒါေပမယ့္ အခုႏွစ္မွာေတာ့ Covdi-19 ျပန႔္ႏွံ႔မႈေၾကာင့္ ဝတ္ျပဳရာေနရာေတြ၊ အမ်ားျပည္သူေတြနဲ႔ သက္ဆိုင္တဲ့ေနရာေတြကို ပိတ္ထားၿပီး ေ႐ြ႕လ်ားသြားလာမႈ ကန႔္သတ္မိန႔္လည္း ထုတ္ျပန္ထားပါတယ္။

ဟာလာလ္ ထမင္းဘူး ၄ သိန္းကို နယူးေယာက္ၿမိဳ႕ ပညာေရးဌာနေတြက တာဝန္ယူ ေဝငွေပးသြားမွာျဖစ္ၿပီး၊ ေနာက္ထပ္ တစ္သိန္းကိုေတာ့ အရပ္ဖက္ အဖြဲ႕အစည္းေတြကေနတစ္ဆင့္ ေဝငွမွာျဖစ္ပါတယ္။ နယူးေယာက္ၿမိဳ႕မွာ လူဦးေရ ၂ သန္းေလာက္ ေနထိုင္ပါတယ္။

ဂ်ဴးလူ႔အဖြဲ႕အစည္းအတြက္ ခိုရွာထမင္းဘူးေတြ ေဝငွဖို႔လည္း နယူးေယာက္အစိုးရက စီစဥ္ထားပါတယ္။

Unicode


“ရမ်ဇာန်ဥပုသ်လရဲ့ အရေးပါတဲ့ သတင်းစကားတွေက ဆာလောင်နေသူတွေရဲ့ဝမ်းကို ငြိမ်းအေးစေဖို့၊ ချို့တဲ့သူတွေကို လက်ပေးဖို့ပါ ” လို့ နယူးယောက်မြို့တော်ဝန် ဘီလ် ဒီ ဘလာစီယိုက ပြောကြားခဲ့ပါတယ်။

ဗလီတွေကို သွားရောက်ခွင့်မရတဲ့အတွက် အခုနှစ် ရမ်ဇာန်ဥပုသ်လဟာ အရင်နှစ်တွေကထက် ပိုမို ခက်ခဲတယ်လို့လည်း ဘလာစီယို ဆိုပါတယ်။

အရင်နှစ်တွေက ယူးယောက်မြို့မှာရှိတဲ့ ဗလီတွေဟာ ချို့တဲ့သူတွေကို ကူညီတာ၊ အစားအသောက် လှူဒါန်းတာတွေ လုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့် အခုနှစ်မှာတော့ Covdi-19 ပြန့်နှံ့မှုကြောင့် ဝတ်ပြုရာနေရာတွေ၊ အများပြည်သူတွေနဲ့ သက်ဆိုင်တဲ့နေရာတွေကို ပိတ်ထားပြီး ရွေ့လျားသွားလာမှု ကန့်သတ်မိန့်လည်း ထုတ်ပြန်ထားပါတယ်။

ဟာလာလ် ထမင်းဘူး ၄ သိန်းကို နယူးယောက်မြို့ ပညာရေးဌာနတွေက တာဝန်ယူ ဝေငှပေးသွားမှာဖြစ်ပြီး၊ နောက်ထပ် တစ်သိန်းကိုတော့ အရပ်ဖက် အဖွဲ့အစည်းတွေကနေတစ်ဆင့် ဝေငှမှာဖြစ်ပါတယ်။ နယူးယောက်မြို့မှာ လူဦးရေ ၂ သန်းလောက် နေထိုင်ပါတယ်။

ဂျူးလူ့အဖွဲ့အစည်းအတွက် ခိုရှာထမင်းဘူးတွေ ဝေငှဖို့လည်း နယူးယောက်အစိုးရက စီစဉ်ထားပါတယ်။

+++++++++++++++++++++++++++++++++++++++++

END / 251