အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၃၀ ဧပြီ ၂၀၂၀

၂၂:၅၇:၄၅
1031994

နမာဇ်ဇေရှက်ဗ် ဆိုင်ရာ သိကောင်းစရာများ တင်ပြလိုက်ပါတယ်။ အင်န်ရှာအလ္လာဟ် အခုလို လမြတ် ရမ်တွာန် တွင် စယ်ရီ စားပြီးနောက် နမာဇ်ဇေရှက်ဗ် ဖတ်နိုင် ကြပါစေ ။


နမာဇ်ဇေရှက်ဗ် ဆိုင်ရာ သိကောင်းစရာများ

 

 

နမာဇ်ဇေရှက်ဗ် (ခ) နမာဇ်ဇေသဟ် ဂျွတ်ဒ်

 

(၁) နမာဇ်ဇေရှက်ဗ် ။ ။ ၈ ရကတ် (၂ရကတ် စီ နမာဇ်ဇေ ဖဂျရ် ကဲ့သို့ ခွဲ၍ ဖတ်ရမည်။ )

(၂) နမာဇ်ဇေ ရှဖ်အ် (သို့ ) နမာဇ်ဇေ ရှဖအ် ။ ။ ၂ရကတ်

(၃) နမာဇ်ဇေ ဝေသ်ရ် (သို့ ) နမာဇ်ဇေ ဝေသေရ် ။ ။ ၁ရကတ်

စုစုပေါင်း = ၁၁ရကတ်

 

နမာဇ်ဇေ ရှက်ဗ်၏ ဖဇီလသ်

 

အေမာမ် ဂျအ်ဖရ်ဆွာ ဒစ် (အ.စ) မိန့်တော် မူ၏။

နမာဇ်ဇေရှက်ဗ် မျက်နှာ ကို လှပစေပြီး စာရိတ္တ (ကိုယ်ကျင့်တရား ) ကို ကောင်းစေပါသည်။ ပြီးနောက် မနုဿ လူသားအား မွှေးကြိုင်းစေပါသည်။ စားနပ်ရိက္ခာ ကိုပေါများ စေပြီး အကြွေး ကို ကျေစေပါသည်။ ပူဆွေးသောကကို ဝေးစေပြီး မျက်လုံးကို ရှင်သန် စေပါသည်။

 

မဟာတမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မိန့်တော် မူသည်။

နမာဇ်ဇေရှက်ဗ် အလ္လာဟ် ဟို အရှင်မြတ် ၏ ကျေနပ် နှစ် သက်မှု နှင့် ကောင်းကင်တမန် များ နှင့် မိတ်ဆွေ ဖြစ်စေ ရန် အကြောင်းခံ ဖြစ်ပါသည်။

 

အေမာမ် ဂျအ်ဖရ်ဆွာ ဒစ် (အ.စ) ထပ်၍ မိန့်တော် မူ၏။

အကြင်မည်သူမဆို ၏ အိမ်တွင် နမာဇ်ဇေ ရှက်ဗ် ဖတ်မည်၊ ကျမ်းတော်မြတ် ကုရ်အာန် ၏ သေလာဝသ် ပြုမည်ဆိုလျှင် ထိုအိမ် သည် ကောင်းကင် နေသူများ၏ အနီး တွင် လင်းဝင်းနေသည့် ကြယ်တာ ယာများ ပမာ ဖြစ်ပါသည်။

 

နမာဇ်ဇေ ရှက်ဗ် ဝတ်ပြု နည်း

 

အားလုံး စုစုပေါင်း ၁၁ ရကတ် ဖြစ်ပါတယ်။

 

ပထမ ၈ ရကတ် နမာဇ် ကို ၂ရကတ် စီ ခွဲ၍ နမာဇ်ဇေ ဖဂ်ျရ် ပမာ ဖတ်ရပါမည်။ နီယသ် နမာဇ်ဇေ ရှက်ဗ် ဖြစ်ပါတယ်။

 

ပြီးနောက် ၂ရကတ် နမာဇ်ဇေ ရှဖ်အ် (သို့ ) နမာဇ်ဇေ ရှဖအ် ဖတ်ရပါမည်။ ပိုကောင်းသည်မှာ ပထမ ရကတ်တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် နာစ် ပြီးနောက် ဒုတိယ ရကတ် တွင် စူရဟ် ဟမ်ဒ် ပြီးနောက် စူရဟ် ဖလက်္က ဖတ်ရပါမည် ။ (ကူနူးသ် မရှိချေ။ )

 

ပြီးနောက် ၁ရကတ် နမာဇ်ဇေ ဝေသ်ရ် (သို့ ) နမာဇ်ဇေ ဝေသေရ် ၁ရကတ် ဖတ်ရန် ဖြစ်ပါတယ်။ စူရဟ် အမ်ဒ် ပြီးနောက် စူရဟ် သောင်ဟီးဒ် ၃ကြိမ် ၊ ပြီးနောက် စူရဟ် ဖလက္က် ၁ကြိမ် ၊ စူရဟ် နာစ်   ၁ ကြိမ် ဖတ်ရမည်။

 

ပြီးနောက် လက် ၂ ဖက်အား ကူနူးသ် အတွက် မြှောက်ပြီး မိမိ၏ လိုအင်ဆန္ဒများ ကို အလ္လာဟ် ဟို အရှင်မြတ် ထံ တောင်းခံရပါမည်။ ပြီးနောက် မိုအ်မင် အယောက် ၄၀ အတွက် ဒိုအာ ပြုပေးရပါမယ်။ ၎င်းသူများ အတွက် မဂ်ဖေရသ် ဒိုအာ ပြုပေးရပါမည်။

 

ပြီးနောက် အကြိမ် ၇၀ «استغفرالله ربّی و اتوبُ الیه»ဖတ်ရပါမည်။

 

ပြီးနောက် ၇ ကြိမ် «هذا مقامُ العائذِ بكَ منَ النّارِ» ဖတ်ရမည်။ ပြီးနောက်العفوအကြိမ် ၃၀၀ ဖတ်ရမည်။

ပြီးနောက် ရကူ+ စဂ်ျဒါ ၂ကြိမ်+ သရှ်ဟွဒ် + စလာမ် ပြုရပါမည်။

 

နမာဇ် ပြီးလျှင် သက်္စဘီယေ ဖွာတွေမာ (စ.အ) ဖတ်ရပါမည်။

 

*********************************************

END /251