အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၃ မေ ၂၀၂၀

၁၈:၅၃:၃၇
1033066

ပြင်သစ်နိုင်ငံလာမည့်သူများ ရောဂါခြေချုပ်အပါအဝင် ကန့်သတ်မှုများ ခံရမည်

အိမ်ပြန်မယ့် ပြင်သစ်နိုင်ငံသားတွေအပါအဝင် ပြင်သစ်နိုင်ငံကို လာမယ့်သူတွေဟာ ပြင်သစ်မြေပေါ် ခြေချတာနဲ့ တပြိုင်နက် ရောဂါခြေချုပ်နဲ့ အသွားအလာ ကန့်သတ်ခံရမယ့်အပြင် တယောက်တည်း သီးခြားနေရလိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီးက မေ ၂ ရက်မှာ ပြောပါတယ်။


အိမ်ပြန်မယ့် ပြင်သစ်နိုင်ငံသားတွေအပါအဝင် ပြင်သစ်နိုင်ငံကို လာမယ့်သူတွေဟာ ပြင်သစ်မြေပေါ် ခြေချတာနဲ့ တပြိုင်နက် ရောဂါခြေချုပ်နဲ့ အသွားအလာ ကန့်သတ်ခံရမယ့်အပြင် တယောက်တည်း သီးခြားနေရလိမ့်မယ်လို့ ကျန်းမာရေးဝန်ကြီးက မေ ၂ ရက်မှာ ပြောပါတယ်။

 ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်ဝင်ခွင့် မလိုတဲ့ ကန့်သတ်ဧရိယာ ရွှမ်ဂံဒေသအပြင်က ခရီးသည်တွေဟာ ပြင်သစ်နိုင်ငံထဲကို လာချင်ရင် ၁၄ ရက် ရောဂါခြေချုပ်နဲ့ အသွားအလာ ကန့်သတ်ခံရမယ်လို့ အပတ်စဉ် အစိုးရအဖွဲ့အစည်းအဝေးအပြီး သတင်းစာ ရှင်းလင်းပွဲမှာ ကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ပြင်သစ်နိုင်ငံကို လာချင်တဲ့ လူတိုင်းဘယ်သူမဆို ရောဂါခြေချုပ်နဲ့ နေရလိမ့်မယ်လို့ ဝန်ကြီးက ပြောပေမယ့် လူတွေဟာ ကိုယ့်အိမ်မှာ ရောဂါခြေချုပ် နဲ့ နေရမှာလား၊ ဒါမှမဟုတ် သတ်မှတ်ဟိုတယ်တွေမှာ သီးခြားနေရမှာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

 ဒါ့အပြင် ပြင်သစ်အစိုးရဟာ အရေးပေါ်အခြေအနေ ထုတ်ပြန်ချက်ကို ဇူလိုင် ၂၄ရက်ထိ သက်တမ်းတိုးခဲ့ပါတယ်။

 ဒါကြောင့် အစိုးရဟာ အမိန့်အရ လူတွေ လွတ်လပ်စွာ သွားလာခွင့်ကို ကန့်သတ်နိုင်ပါတယ်။

 တရားသူကြီးတွေဟာလည်း လူတွေကို သီးခြား ခွဲထားဖို့ ဆုံးဖြတ်ချက်တွေကို စေ့စေ့စပ်စပ် ဆုံးဖြတ်နိုင်မယ်လို့ ဝန်ကြီးက ပြောခဲ့ပါတယ်

+++++++++++++++++++++++++++++++++++++++++++++++

END / 251