အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : eleven news
ဗုဒ္ဓဟူးနေ့

၂၇ မေ ၂၀၂၀

၁၉:၂၃:၂၇
1040748

ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအရေအတွက်သည် သြဂုတ်လမတိုင်မီ ၁၂၅၀၀၀ ကို ကျော်သွားနိုင်ကြောင်း အမေရိကန်၏ လေ့လာမှုက ဖေ

ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်သေဆုံးသူအရေအတွက်သည် ကမ္ဘာတွင် အမြင့်ဆုံးအနေအထားသို့ ဖြစ်လာနေပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်းသည် သြဂုတ်လအစောပိုင်းမတိုင်မီ ၁၂၅၀၀၀ အထိ ငါးဆမြင့်တက်နိုင်ကြောင်း ၀ါရှင်တန် တက္ကသိုလ်မှ လေ့လာမှုတွင် ဖော်ပြခဲ့ရာ ကပ်ရောဂါ၏ ဗဟိုချက်သစ် ဖြစ်လာမှုအတွက် စိုးရိမ်နေမှုကို ထပ်မံဆိုးရွာစေခဲ့သည်။


ဘရာဇီးတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် နေ့စဉ်သေဆုံးသူအရေအတွက်သည် ကမ္ဘာတွင် အမြင့်ဆုံးအနေအထားသို့ ဖြစ်လာနေပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူစုစုပေါင်းသည် သြဂုတ်လအစောပိုင်းမတိုင်မီ ၁၂၅၀၀၀ အထိ ငါးဆမြင့်တက်နိုင်ကြောင်း ၀ါရှင်တန် တက္ကသိုလ်မှ လေ့လာမှုတွင် ဖော်ပြခဲ့ရာ ကပ်ရောဂါ၏ ဗဟိုချက်သစ် ဖြစ်လာမှုအတွက် စိုးရိမ်နေမှုကို ထပ်မံဆိုးရွာစေခဲ့သည်။

ဘရာဇီး၏ နေ့စဉ်သေဆုံးသူအရေအတွက်သည် မေ ၂၅ တွင် အမေရိကန်ကို ကျော်တက်သွားခဲ့ပြီး Lockdown စီမံချက်များအား ချမှတ်ရန် တောင်းဆိုမှုကို ဘရာဇီးသမ္မတက တင်းခံနေစဉ် ၀ါရှင်တန်တက္ကသိုလ်၏ Institute for Health Metrics and Evaluation (IHME) ၏ ခန့်မှန်းမှုထွက် ပေါ်လာခြင်းဖြစ်သည်။

ကူးစက်မှုအလွန်လျင်မြန်သော ကပ်ရောဂါအား ထိန်းချုပ်နိုင်ရန် ဘရာဇီးသည် တရုတ်နိုင်ငံ ဝူဟန်မြို့အပြင် အီတလီ၊ စပိန်နှင့် နယူးယောက်တို့ကဲ့သို့ ဗိုင်းရပ်စ်ထိန်းချုပ် ရေးစီမံချက်များကို ချမှတ်သင့်ကြောင်း IHME ၏ ညွှန်ကြားရေးမှူးဖြစ်သူ ဒေါက်တာခရစ္စတိုဖာမာရေးက ပြောကြားခဲ့သည်။

ယင်းကဲ့သို့ ထိန်းချုပ်ရေးစီမံချက်များ မချမှတ်ပါက ဘရာဇီးတွင် နေ့စဉ်သေဆုံးသူအရေအတွက်သည် ဇူလိုင်လလယ်အထိ ဆက်လက်မြင့်တက်နိုင်ပြီး အလွန်အမင်း အရေးကြီးသော ဆေးရုံများတွင် ရင်းမြစ်များကို ပြတ်တောက်စေနိုင်ကြောင်း IHME ၏ တွက်ချက်မှုပုံစံတွင် ဖော်ပြခဲ့ကြောင်း ၎င်းက ထိုတွေ့ရှိချက်နှင့်အတူ ကြေညာချက်ထုတ် ပြန်ခဲ့သည်။

ထိုတွက်ချက်မှုပုံစံသည် အတည်ပြုလူနာ၊ ဆေးရုံတက်ရမှု၊ သေဆုံးမှုနှင့် စစ်ဆေးနိုင်မှုဆိုင်ရာ အချက်အလက်သစ်များကို အခြေခံ၍ နောက်ဆုံးအခြေအနေများကို ပုံမှန်ပြင်ဆင်သွားမည်ဖြစ်သည်။

မေ ၂၅ တွင် ဘရာဇီး၌ ၂၄ နာရီအတွင်း သေဆုံးသူအရေအတွက် ၈၀၇ ဦးရှိခဲ့ပြီး အမေရိကန်၏နေ့စဉ်သေဆုံးမှု ၆၂၀ ထက် ပထမဆုံးအကြိမ် ကျော်တက်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

တောင်အမေရိကနိုင်ငံ ဘရာဇီးတွင် နေ့စဉ်သေဆုံးမှုနှုန်း အမြင့်ဆုံးစံချိန်တင်ခဲ့ ပြီးနောက် ထိုနိုင်ငံမှ အမေရိကန်နိုင်ငံသား မဟုတ်သူများအား ပြည်ဝင်ခွင့်ကို ကန့်သတ်သည့် ညွှန်ကြားချက်ကို အမေရိကန်အစိုးရက ထုတ်ပြန်ခဲ့သည်။

ဝါရှင်တန်၏ ပိတ်ပင်မှုတွင် ပြီးခဲ့သော နှစ်ပတ်အတွင်း ဘရာဇီးသို့ သွားရောက်ခဲ့ဖူးသူ နိုင်ငံခြားသားများ အကျုံးဝင်ခြင်းဖြစ်သည်။

ယင်းနေ့မတိုင်မီ ၂ ရက်ကလည်း ဘရာဇီးသည် အတည်ပြုလူနာအရေအတွက် စုစုပေါင်းတွင် အမေရိကန်ပြီးလျှင် ကမ္ဘာတွင် ဒုတိယအများဆုံးနေရာသို့ ရောက်ရှိခဲ့ပြီး ရုရှားကို ကျော်တက်ခဲ့သည်။

ဝါရှင်တန်အခြေစိုက် အမေရိကဆိုင်ရာ ကျန်းမာရေးအဖွဲ့ PAHO ကလည်း လက်တင်အမေရိကနှင့် ကာရစ်ဘီယန်တို့တွင် ကပ်ရောဂါဖြစ်ပွားနေမှုကို အနီးကပ်စောင့် ကြည့်နေခဲ့သည်။

ကမ္ဘာတစ်ဝန်းတွင် မေ ၂၅ အထိ COVID-19 အတည်ပြုလူနာ ငါးသန်းအနက် ထိုဒေသတွင် ၇၃၀၀၀၀ ရှိနေခဲ့ပြီး ယင်းတို့အနက် သေဆုံးသူ ၃၉၅၀၀ ရှိနေကာ လက်တင်အမေရိကသည် နေ့စဉ်ကူးစက်မှုနှုန်းတွင် ဥရောပနှင့် အမေရိကန်တို့ကို ကျော်တက်သွားခဲ့သည်။

ထိုဒေသသည် ယခုအခါ ဗိုင်းရပ်စ်ကူး စက်ပျံ့နှံ့မှု ဗဟိုချက်ဖြစ်လာနေသည့်အချက်ကို သံသယရှိစရာ မလိုတော့ကြောင်း PAHO ၏ ညွှန်ကြားရေးမှူး Carissa Etienne က ပြောကြားခဲ့သည်။

အမေရိက၏ နိုင်ငံအများစုအနေဖြင့် ယခုအချိန်သည် ကန့်သတ်ချက်များအား ဖြေလျှော့ပေးရန် သို့မဟုတ် ကြိုတင်ကာကွယ်ရေးဆိုင်ရာ မဟာဗျူဟာများအား လျှော့ချရန် အချိန်မကျသေးကြောင်း ၎င်းက ပြောကြားခဲ့သည်။

မတ်လ ၁၁ တွင် ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့သည့် COVID-19 အား တိုက်ဖျက်ရန် လူအချင်းချင်း ခွာခွာကင်းကင်းနေရေး မူဝါဒများ၊ ကျန်းမာရေးအတွက် စစ်ဆေးမှုနှင့် ပြင်ဆင်မှုများတို့ကို ပေါင်းစပ်အသုံး ပြုသင့်ကြောင်း PAHO က အကြံပြုခဲ့သည်။