အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
စနေနေ့

၂၇ ဇွန် ၂၀၂၀

၁၉:၂၁:၃၄
1050776

မက္ကဆီကိုတွင် ကိုဗစ်-၁၉ ကြောင့် ၂ ရက်အတွင်း လူ ၁၄၀၀ ကျော် သေဆုံး

မက္ကဆီကိုနိုင်ငံမှာ ဒီနေ့ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၅၄၄၁ ဦးနဲ့ သေဆုံးသူ ၇၁၉ ဦးရှိတယ်လို့ worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။


မက္ကဆီကိုနိုင်ငံမှာ ဒီနေ့ တရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၅၄၄၁ ဦးနဲ့ သေဆုံးသူ ၇၁၉ ဦးရှိတယ်လို့ worldometers ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

 ဇွန် ၂၆ ရက်နေ့ကလည်း ကိုဗစ်-၁၉ အတည်ပြုလူနာအသစ် ၆,၁၀၄ ဦး၊ သေဆုံးသူ ၇၃၆ ဦးရှိခဲ့တယ်လို့ မက္ကဆီကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

တနိုင်ငံလုံးကူးစက်ခံလူနာဦးရေ စုစုပေါင်းက ဒီနေ့မွန်းလွဲပိုင်းအထိ ၂၀,၈၃၉၂ ဦးနဲ့ သေဆုံးသူ ၂၅,၇၇၉ ဦး ရှိပြီလို့ သိရပါတယ်။

အစိုးရဘက်ကလည်း အမှန်တကယ်သေဆုံးသူစာရင်းဟာ လက်ရှိ ကိန်းဂဏန်းထက် ပိုမြင့်မားနိုင်တယ်လို့ ဆိုထားပါတယ်။

မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာမှာ ကိုဗစ်-၁၉ ကမ္ဘာ့သတ္တမမြောက် သေဆုံးမှုအများဆုံးနိုင်ငံဖြစ်တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

အာရှဒေသတချို့နဲ့ ဥရောပမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်နှုန်း လျော့လာပေမဲ့၊ လက်တင်အမေရိက တိုက်မှာတော့ ကူးစက်မှုနှုန်းနဲ့ သေဆုံးနှုန်းက မြင့်တက်လာနေပါတယ်။

ကူးစက်မှုနှုန်းဟာ တတိုက်လုံးမှာ တလ မပြည့်ခင်အတွင်း နှစ်ဆ မြင့်တက်လာခဲ့ပြီး စုစုပေါင်း ၂ ဒသမ ၂ သန်းရှိလာပြီလို့ ဆိုပါတယ်။

##################################

END / 351