အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန
ပြင်သစ်သမ္မတ မာခွန်းရဲ့အစိုးရအဖွဲ့ပြန်ဖွဲ့ရေး မတိုင်မီ ဇူလိုင်လ ၃ ရက်မှာ ဝန်ကြီးချုပ် အီဒူဝပ်ဖိလစ် ရာထူးကနေ နုတ်ထွက်သွားပါတယ်။
ဝန်ကြီးချုပ် ဖိလစ်အနေနဲ့ နောက်အစိုးရသစ် မဖွဲ့ခင် အချိန်အထိ အစိုးရလုပ်ငန်း ဆောင်တာတွေကို လုပ်ဆောင်သွားမယ်လို့လည်း သမ္မတ နန်းတော်က ထုတ်ပြန်ကြေညာပါတယ်။
သမ္မတ မာခွန်း ရာထူးပြန်ယူလိုတယ်လို့ ကြေညာတဲ့ ဇွန်လအလယ်ကတည်းက ဖိလစ်ရဲ့ ဝန်ကြီးချုပ် ရာထူးနဲ့ပတ်သက်လို့ မေးခွန်းတွေ ပေါ်ထွက်နေတာပါ။
ပြင်သစ်အစိုးရအဖွဲ့ ပြန်ဖွဲ့စည်းရမှာ ဝန်ကြီးချုပ် ဖြစ်သူက အစိုးရသစ် ခန့်အပ်ခြင်း မတိုင်မီ နုတ်ထွက်စာ တင်ရပေမဲ့ ဝန်ကြီးချုပ်ရာထူးကို အမည်စာရင်း ပြန်သွင်းနိုင်ပါတယ်။
ပြင်သစ်အစိုးရအဖွဲ့သစ်မှာ ဖိလစ်ကို ပြန်ခေါ်ယူမလားဆိုတာ သဲသဲကွဲကွဲ မသိရသေးပါဘူး။
သမ္မတ မာခွန်းထက် ပိုလူကြိုက်များတဲ့ ဖိလစ်နေရာမှာ တခြားတယောက် အစားထိုးရင် မာခွန်းအဖို့ နိုင်ငံရေးအလောင်းအစား လုပ်သလို ဖြစ်မယ်လို့ အကဲဖြတ်တွေက ဆိုပါတယ်။
ဒါပေမဲ့ ဖိလစ်ကို ဝန်ကြီးချုပ် နေရာမှာ ဆက်ထားပြန်ရင်လည်း သမ္မတ မာခွန်းဟာ ဝန်ကြီးချုပ်ကို လက်မလွှတ်နိုင်အောင် ပျော့ညံ့တဲ့သဘော သက်ရောက်တယ်လို့ ဆိုကြပါတယ်။
ဒါ့အပြင် မာခွန်းဟာ ဖိလစ်ကို လက်ယာယိမ်းအတိုက်အခံပါတီက ခေါ်ယူထားတာ ကြောင့် ဖိလစ်ကို ဆွဲထားတာဟာ လက်ဝဲမဲဆန္ဒရှင်တွေရဲ့ ထောက်ခံမှုကို ရဖို့ ခက်ခဲစေမယ်လို့ ရိုက်တာက ရေးပါတယ်။
************************************
END / 251