အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ ဇူလိုင် ၂၀၂၀

၁၉:၂၂:၂၁
1054220

အကျင့်စာရိတ္တပျက် ယို ယွင်းမှု ၏ ရလာဒ် များ

မအ်စူမီး (علیهم السلام) အနေဖြင့် ကောင်းမြတ်သည့် ကိုယ်ကျင့်တရား ၊ကိုယ်ကျင့်စာရိတ္တ နှင့်ပတ်သက်ပြီး အလွန် ချီးမွမ်း ထားပါတယ်။ လူထုအား ကောင်းမြတ်သည့် စာရိတ္တ နှင့်တန်ဆာ ဆင် ကြဖို့ တိုက်တွန်း မိန့်ကြား ထားပါတယ်။ ပြီးနောက် အကျင့်စာရိတ္တပျက် ယို ယွင်းမှု ၏ အဆိုးတကာအဆိုးဆုံး ရလာဒ် များ နှင့်ပတ်သက်ပြီးလည်း သတိပေးဆုံးမ ထားပါတယ်။ ထိုမှ သာ လူထု အနေဖြင့် ရှောင်ကြဉ် နိုင် ရန် (သို့မဟုတ်) စွန့်လွတ်ဖို့အတွက် ခြေလှမ်း ၊လှမ်းနိုင်ရန် ဖြစ်ပါတယ်။ ဆိုးကျိုး အကျိုး မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

(၁) လုပ်ရပ်များ ကို ပျက်စီးစေခြင်း

 

အကျင့်စာရိတ္တပျက် ယို ယွင်းမှု သည် လူသားအား အလယ်အလတ် လမ်းစဉ် ဖယ်ထုတ် စေပါတယ်။ ကောင်းမှု ကုသိုလ်များ ပြုလုပ်ထားလျှင်လည်း ၎င်း ၏ အရေးပါး အရေးကြီးမှုကို လျော့နည်း စေပါတယ်။

 

အေမာမ် ဂျအ်ဖရ်ဆွာဒစ် () မိန့်တော်မူထားပါတယ်။

إنَّ سُوءَ الْخُلُقِ لَيُفْسِدُ الْعَمَلَ كَمَا يُفْسِدُ الْخَلُّ الْعَسَل

 

ဧကန်မုချ အကျင့်စာရိတ္တပျက် ယို ယွင်းမှု သည် လုပ်ရပ်များ ကို ပျက်စီး စေပါသည်။ ပမာ အားဖြင့် ရှလကာရည် ပျား ရည် ကို ပျက်စီး သကဲ့သို့ ဖြစ်ပါသည်။

 

ကျမ်းကိုး ။ ။ الكافي (ط - الإسلامية)، ج‏2، ص321

 

(၂) ပြုလုပ်ထားသည့် အပြစ်များ မှ သောင်ဗာ (ဝန်းချတောင်းပန်မှုပြုရန် ) ဝေးခြင်း

အကျင့်စာရိတ္တပျက် ယို ယွင်းမှု သည် အမှန်စင်စစ် ဤမျှ မကောင်းသည့် အကျင့်စရိုက် ဆိုး ဖြစ်ပါသည် ။၎င်းကို မကုသ မခြင်း မနုဿ လူသား အနေဖြင့် ဂိုနာ များ နှင့်ဝေးကွာအောင် ပြုနိုင်မည်မဟုတ်ချေ။ စစ်မှန် သည့် သောင်ဗါ မပြုနိုင်ချေ။

 

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (صلی الله علیه وآله وسلم ) မိန့်တော် မူထားသည်။

يا عَلِيُّ لِكُلِّ ذَنْبٍ تَوْبَةٌ إِلَّا سُوءَ الْخُلُقِ‏ فَإِنَّ صَاحِبَهُ كُلَّمَا خَرَجَ مِنْ ذَنْبٍ دَخَلَ فِي ذَنْب

အိုအလီ (علیه السلام )အကျင့်စာရိတ္တပျက် ယို ယွင်းခြင်း မှအပ ဂိုနာ (အပြစ်) တိုင်း အတွက် သောင်ဗာ ရှိပါတယ်။ အကြောင်း မှာ အကျင့်စာရိတ္တပျက် ယို ယွင်းသူ ဂိုနာ တစ်ခု ကနေ ပြုပြီးထွက်လျှင် နောက် ဂိုနာ တစ်ခုပြု၍ ထိုင်ပေသည်။