အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၁၉ ဇူလိုင် ၂၀၂၀

၁၉:၀၉:၄၈
1056316

အစ္စရေးဝန်ကြီးချုပ် နေအိမ်အနီး ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က ရေအမြောက်သုံး ဖြိုခွဲ

ဇူလိုင် ၁၈ ရက်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အိမ်တော်ပတ်လည်မှာ ဆန္ဒပြသူတွေကို အစ္စရေးရဲတွေက ရေအမြောက်သုံး ဖြိုခွဲခဲ့ကြပါတယ်။




ဇူလိုင် ၁၈ ရက်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုရဲ့ အိမ်တော်ပတ်လည်မှာ ဆန္ဒပြသူတွေကို အစ္စရေးရဲတွေက ရေအမြောက်သုံး ဖြိုခွဲခဲ့ကြပါတယ်။

 အဂတိလိုက်စားမှု စွဲချက်တွေနဲ့ ကိုရိုနာဗိုင်းရပ်စ် အကြပ်အတည်းကို သူ့ရဲ့ကိုင်တွယ်မှု တို့အတွက် ဆန့်ကျင်ဆန္ဒပြနေကြတာပါ။

အလုပ်လက်မဲ့နှုန်း မြင့်လာတာ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံ သိသိသာသာ တိုးလာတာနဲ့ အသွားအလာ ထိန်းချုပ်ကန့်သတ်ချက် ပြန်ချမှတ်ရတာတွေကြောင့် အစိုးရဆန့် ကျင်ရေး ဆန္ဒပြပွဲတွေ နေ့တိုင်းနီးပါး ဖြစ်ပွားနေတာပါ။

လာဘ်စားမှု လိမ်လည်မှုနဲ့ ယုံကြည်မှု ချိုးဖောက်မှု တို့အတွက် မေလက တရားရင်ဆိုင်ခဲ့ရတဲ့ နေတန်ယာဟု အပေါ် ပြည်သူ့ဒေါသက ပိုဆိုးလာခဲ့ပါတယ်။ နေတန်ယာဟုကတော့ စွဲချက် အားလုံးကို ငြင်းထားပါတယ်.

 နေတန်ယာဟုက စီးပွားရေးအကူအညီ အစီအစဉ် အတော်များများကို ကြေညာခဲ့ပြီး တချို့က အကောင်အထည်ဖော်ဖို့ နှေးနေတာပါ။

တချို့ကတော့ မထိရောက်မှုအတွက် အပြစ်တင် ခံနေရပါတယ်. လူဦးရေ ၉သန်း ရှိတဲ့ အစ္စရေး နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ အယောက် ငါးသောင်းနီးပါး ရှိပြီး ကူးစက်ခံ အယောက် လေးရာ သေဆုံးခဲ့ ပြီးပြီလို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
###################################

END / 251