အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၃ စက်တင်ဘာ ၂၀၂၀

၁၉:၁၄:၅၅
1067676

အမေရိကန် ရဲများပမာ ဇီယွန် (အစ္စရေး) စစ်တပ် သည်လည်း ပါလက်စတိုင်း လူမျိုးများ ၏ လည်ပင်းများ ကို ဒူးနှင့်ထောက်၍ ညှစ်ခြင်းကို စတင်ကြလေပြီး + ဓာတ်ပုံများ

ဇီယွန်ဝါဒီ အစ္စရေး စစ်တပ်သည် အသက် ၆၄ နှစ်အရွယ်ရှိ ပါလက်စတိုင်း အဖိုးအို အား ဖမ်းဆီး၍ ၎င်း ၏ လည်ပင်းအား မိမိ၏ ဒူးနှင့်ထောက်ပြီး ညှစ်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာန

အမေရိကန် ရဲများပမာ ဇီယွန် (အစ္စရေး) စစ်တပ် သည်လည်း ပါလက်စတိုင်း လူမျိုးများ ၏ လည်ပင်းများ ကို ဒူးနှင့်ထောက်၍ ညစ်ခြင်းကို စတင်ခဲ့ကြ ကြောင်း သိရှိရပါတယ်။

မကြာသေးမီ က ဆိုရှယ် မီဒီယာ တွင် ဗီဒီယို ကလစ် တစ်ခု ပျံနှံ့ ခဲ့ပါတယ်။ ၎င်းဗီဒီယို တွင် ဇီယွန် (အစ္စရေး) စစ်သား တစ်ဦး မှ ပါလက်စတိုင်း လူလတ်ပိုင်း တစ်ဦး ၏ လည်ပင်းအား မိမိ ဒူး နှင့် ထောက်၍ ညစ် ထားသည်ကို ပြသခဲ့ပါတယ်။ ၎င်း လူလတ်ပိုင်း အား ဂျော်ဒန် နိုင်ငံ အနောက်ပိုင်း တွင် ဆန္ဒပြ ချိန် ဖမ်းဆီး ခဲ့ခြင်းဖြစ်ပါတယ်။

အစ္စရေး ဇီယွန် များ နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု သည် ကြာသေးမီ အချိန် မိမိတို့၏ ဆက်ဆံရေး ကို ပုံမှန်ဖြစ်စေဖို့ အချင်းချင်းသဘောတူမှု ကိုယူခဲ့ကြပြီး နှစ်နိုင်ငံ ချစ်ကြည်ရေး ပြုမှု ကြေညာခဲ့ပါတယ်။ ဤကိစ္စ အား ပါလက်စတိုင်းအပါအဝင် ကမ္ဘာ တစ်ဝှမ်း ဆန့်ကျင်ခဲ့ကြပါတယ်။

အစ္စရေးစစ်သားမှ ပါလက်စတိုင်း နိုင်ငံသား ၏လည်ပင်း အပေါ် ဒူးထောက် ညစ်နေသည့် ဗီဒီယို ပြန့်နှံ့ ပြီးနောက် မွတ်စလင်မ်များ တွင် ပြင်းထန်သည် ဝမ်းနည်မှု နှင့် ဒေါသထွက်နေကြောင်း သိရှိရပါတယ်။

*****************************************

END / 251