အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
စနေနေ့

၅ စက်တင်ဘာ ၂၀၂၀

၁၉:၂၉:၁၁
1068094

အဘူဒါဘီ တွင် ပထမဆုံး အစ္စရေး (ဇီယွန်ဝါဒီ ) စားသောက်ဆိုင်ဖွင့်လှစ်

ဇီယွန်ဝါဒီ အစ္စရေး အစိုးရနှင့် အတူ ယူအေအီး(အာရပ်စော်ဘွားများ ပြည်ထောင်စု ) တို့ ၏ နှစ်နိုင်ငံ သဘောတူ ပုံမှန် ဆက်ဆံရေး သဘောတူ ပြီးနောက် အဘူဒါဘီ တွင် ပထမဆုံး အစ္စရေး (ဇီယွန်ဝါဒီ ) စားသောက်ဆိုင်ဖွင့်လှစ် လိုက်ကြောင်း သိရှိရပါတယ်။


ဟီဘရူး ဘာသာဖြင့် ရေးသားထားသည့် ဂျေရုဆလင် ပို့စ် သတင်းစာ တွင် ဤ စား သောက်ဆိုင်၏ ဓာတ်ပုံ အား ဖော်ပြ ပြီး ရေးသားထားသည်မှာ - အဘူဒါဘီ တွင် ဖွင့်လှစ် သည့် ဤ စားသောက်ဆိုင်သည် ဂျူးရဗ်ဘီ ၏ တရားဝင် ခွင့်ပြု ချက် ရယူပြီးနောက် ဖွင့်လှစ်ခဲ့ ကြောင်း ဖြစ်ပါတယ်။

 

သတိရှိရမည့် အချက်မှာ အမေရိကန် ၊ ဇီယွန် အစ္စရေးအစိုးရ နှင့် အာရပ် စော်ဘွား များ ပြည်ထောင်စု နိုင်ငံ တို့ သည် ပြီးခဲ့သည့် သြဂုတ် လ ၂၃ ရက်နေ့ ကြာသပတေးနေ့ တွင် သလ်ဘီးဗ် နှင့် အဘူဒါဘီ အကြား နှစ်ဦးသဘောတူ တရားဝင် ကြေညာချက် တစ်ချက်ကို နှစ်နိုင်ငံ ပုံမှန်ဆက်ဆံရေး သဘောတူမှု ရယူပြီးနောက် ထုတ်ပြန့် ခဲ့ကြပါတယ်။

 

ဆော်ဒီ အာဏာပိုင်များ နှင့် ယူအေအီး အာဏာပိုင်များ သည် မကြာမီနှစ် များ အတွင်းအစ္စရေး နှင့် မိမိတို့ဆက်ဆံရေးကို တည်မြဲအောင် အလွန် ကြိုးပမ်းခဲ့ကြပါတယ်။ အမေရိကန် နိုင်ငံတွင် ထရန့် သမ္မတဖြစ် ပြီးနောက် ဤ လုပ်ငန်းတွင် မြန်ဆန်မှု ရှိလာပါတယ်။ နောက်ဆုံး အာရပ်စော်ဘွားများ ပြည်ထောင်စု အနေဖြင့် မိမိတို့၏ ရည်မှန်းချက်သို့ အောင်မြင်ခဲ့ပါတယ်။ ဆော်ဒီ လည်းဘဲ ရက်အနည်းငယ်အတွင်း မိမိအခက်အခဲ ခံခဲ့ရ မှုအတွက် ရလာဒ် ရတော့မည် ဖြစ်ပါတယ်။