အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၈ စက်တင်ဘာ ၂၀၂၀

၁၉:၂၂:၂၈
1068984

မဂ်ျလစ်စေ ဟိုစိန် (အ.စ) တွင် ထမင်းကျွေးခြင်း နှင့် အသုံးစရိတ် အသုံးပြုခြင်း၏ ကြီးကျယ်မြင့်မြတ်မှု

မဂ်ျလစ်စေ ဟိုစိန် (အ.စ) တွင် ထမင်းကျွေးခြင်း နှင့် အသုံးစရိတ် အသုံးပြုခြင်း၏ ကြီးကျယ်မြင့်မြတ်မှု အား အဗ်နာ ချစ်ပရိတ်သတ်ကြီး နှင့် အေမာမ် ဟိုစိန် (အ.စ) ကို အချစ်ထား သူများ အတွက် တင်ပြအပ်ပါတယ်။

ရှိက်္ခသွရဟီ(ရ.ဟ) အနေဖြင့် မိမိ ၏ ((မဂ်ျမအိုလ်ဗဲရိန်း )) ကျမ်းတွင် ရီဝါယသ်တော်ကို ရေးသားသီးကုံးထားပါတယ်။

အလ္လာဟ်ဟို အရှင်မြတ် မိန့်တော် မူသည်မှာ - အကြင်မည်သည့် (အလ္လာဟ်) ၏ ဗန်ဒါ (ကျေးကျွန်) ဖြစ်စေ မိမိ၏ တမန်တော်မြတ် (ဟဇရသ် မိုဟမ္မဒ် (صلیّ الله علیه وآله وسلّم )၏ သမီးတော်၏ သားတော် ( ဟိုစိန် (علیه السّلام) အစ်ဗ်နေ အလီ(علیهالسّلام)) ၏အချစ်မေတ္တာကြောင့် ထမင်း ကျွေးမည် (သို့မဟုတ်) အသွင်တစ်ခုခုအဖြစ် ၁ ဒီနာ သုံးစွဲမည်ဆိုလျှင် ၎င်း၏ ၁ဒီနာ ၏ အစား ဒီနာ ၇၀ ၏ ဗရ်ကသ် ကို (အလ္လာဟ်) ချီးမြှင့်မည် ဖြစ်ပါသည်။ ပြီး၎င်း ပုဂ္ဂိုလ် သည် ဂျန္နသ် သို့ ကောင်းမွန်စွာဖြင့် ဝင်ရောက်ခစားရမည် ဖြစ်ပါသည်။ ပြီးနောက်၎င်း၏ ဂိုနာ (အပြစ်များ)ကို ခွင့်လွတ်ပေးသနားတော်မူခြင်းခံရပေမည်။

مجمع البحرین ص ۲۷۰ - ماده عاشورا

သတိ ။ ။ သုံးစွဲမည့်ငွေသည့် ဟလာ ဖြစ်ဖို့နှင့် သန့်ဖို့ လိုပါသသည်။ဥပမာ ခွမ်းစ်မထုတ်ထားသည့် ငွေ ၊ ၇ရက်သားသမီး မျက်ရည်ပေါက် ကြီးငယ် ကျထားသည့်ငွေ ၊ လာဒ် ရထားသည့်ငွေ ၊ ၂လုံး ၃လုံး ၊ထီ ပေါက်၍ ရသည့်ငွေ စသည်ဖြင့် ဖြစ်ပါတယ်။

နောက် ဟဒီးစ်တော် တွင် အကြိမ် ပေါင်း ၇၀ ဆိုသည်မှာ အမြှောက်အများ (အရည်အတွက်ကို အလ္လာဟ်အရှင်မြတ်သာလျှင် သိတော်မူမည်) ကိုလည်း ဆိုလိုထားခြင်း ဖြစ်နိုင်ပါသည်။

**********************************

END / 251