အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
သောကြာနေ့

၁၁ စက်တင်ဘာ ၂၀၂၀

၁၉:၂၉:၀၄
1069784

တူရကီအား ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမည့်အစီအစဉ်ကို ထောက်ခံရန်အသင့်ရှိကြောင်း ဥရောပခုနစ်နိုင်ငံ ထုတ်ပြန်

မြေထဲပင်လယ်တွင် တင်းမာမှုမြင့် တက်နေသည့်ကိစ္စကို ညှိနှိုင်းဆွေးနွေးရန် တူရကီအစိုးရက ရှောင်ရှားနေပါက မိမိတို့အနေဖြင့် တူရကီအပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ထောက်ခံရန် အသင့်ရှိကြောင်း ဥရောပခုနစ်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များက စက်တင်ဘာ ၁၀ ရက် တွင် ပြောကြားခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

မြေထဲပင်လယ်တွင် တင်းမာမှုမြင့် တက်နေသည့်ကိစ္စကို ညှိနှိုင်းဆွေးနွေးရန် တူရကီအစိုးရက ရှောင်ရှားနေပါက မိမိတို့အနေဖြင့် တူရကီအပေါ် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများကို ထောက်ခံရန် အသင့်ရှိကြောင်း ဥရောပခုနစ်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များက စက်တင်ဘာ ၁၀ ရက် တွင် ပြောကြားခဲ့သည်။

ယခုလတွင် နောက်တစ်ကြိမ်ကျင်းပမည့် ဥရောပသမဂ္ဂထိပ်သီးမတိုင်မီ ဘုံရပ်တည်ချက် ရှာဖွေရေးမျှော်လင့်ချက်ဖြင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်က တူရကီ၏ ဒေသတွင်းပြိုင်ဘက်ဖြစ်သော ဂရိအပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် ခြောက်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များနှင့် ကော်စီကာမြို့တွင် ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့သည်။

နေတိုးမဟာမိတ် တူရကီနိုင်ငံသည် အရှေ့ဘက်မြေထဲပင်လယ်ဒေသတွင် မိမိတို့၏ မိတ်ဖက်နိုင်ငံမဟုတ်တော့ကြောင်း၊ တူရကီအစိုးရ လတ်တလောပြုမှုဆောင်ရွက်ခဲ့သည့် နည်းလမ်းနှင့် မတူညီသောအရာနှင့် တူရကီပြည်သူများက ထိုက်တန်ကြောင်း မက်ခရွန်က ထိပ်သီးဆွေးနွေးပွဲ မကျင်းပမီတွင် ပြောကြားခဲ့သည်။

အရှေ့ဘက်မြေထဲပင်လယ်တွင် ရေတပ်အင်အားလွှမ်းမိုးမှု၊ သဘာဝဓာတ်ငွေ့ တူးဖော်မှုဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ တူရကီနှင့် လိပ်ခဲတည်းလည်း ဖြစ်နေကြသည့် ဂရိနှင့်ဆိုက်ပရက်စ်ကို ပြင်သစ်က အခိုင်အမာ ထောက်ခံထားသည်။

Ajaccio မြို့ပြင်ရှိ Porticcio အပန်းဖြေစခန်းတွင် အီတလီ၊ မော်တာ၊ ပေါ်တူဂီ၊ စပိန်၊ ဂရိ၊ ဆိုက်ပရက်စ်နိုင်ငံ့ခေါင်းဆောင်များနှင့် ဆွေးနွေးခဲ့ပြီးနောက် မက်ခရွန်က ဥရောပခုနစ်နိုင်ငံမှ နိုင်ငံ့ခေါင်းဆောင်များသည် သဘောရိုးဖြင့် တူရကီနှင့်ဆွေးနွေးမှု ပြန်လည်လုပ်ဆောင်ရန် ဆန္ဒရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

မြေထဲပင်လယ်သည် ဒေသတွင်း မတည်မငြိမ်ဖြစ်စေရန် ကြိုးပမ်းနေကြသော အင်အားကြီးနိုင်ငံများအကြား လွှမ်းမိုးမှု အားပြိုင်ရာ နေရာတစ်ခုဖြစ်လာခဲ့သည်ဟု တူရကီနှင့်ရုရှားကို ရည်ညွှန်းလျက် မက်ခရွန်က ပြောကြားခဲ့သည်။

မက်ခရွန်၏ ပြောကြားချက်များသည် အထက်စီးဆန်နေပြီး မျှော်လင့်ချက်ကင်းမဲ့မှုနှင့် ၎င်း၏အားနည်းချက်ကို ပြသနေခြင်းဖြစ်ကြောင်း တူရကီနိုင်ငံခြားရေးဝန်ကြီးက ပြန်လည်တုံ့ပြန်ခဲ့သည်။

တူရကီအနေဖြင့် ၎င်း၏ရန်လိုသော လုပ်ရပ်များကို မရပ်တန့်ပါက အရေးယူပိတ်ဆို့မှုများ လုပ်ဆောင်မည့်အကြောင်းအရာသည် ဆွေးနွေးပွဲစကားဝိုင်းထက်သို့ ရောက်ရှိလာလိမ့်မည်ဖြစ်ကြောင်း ဥရောပခုနစ် နိုင်ငံခေါင်းဆောင်များ၏ အပြီးသတ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အရှေ့ဘက်မြေထဲပင်လယ်နှင့် အေဂျီယန်ပင်လယ်တွင် တူရကီ၏တရားနည်းလမ်းမကျသော လုပ်ရပ်များကို ရပ်တန့်ရန် ဥရောပသမဂ္ဂက အကြိမ်ကြိမ်တောင်းဆိုနေသော်လည်း ယင်းကို တူရကီက တုံ့ပြန်ဖြေရှင်းခြင်းမရှိသည့်အတွက် စိတ်ပျက်ရကြောင်း၊ ထိုလုပ်ရပ်များကို မရပ်တန့်ပါက တူရကီအား နောက်ထပ်ပိတ်ပင်ကန့်သတ်မှုစီမံချက်များ ချမှတ်ဆောင်ရွက်ရန် ဥရောပသမဂ္ဂက အသင့်ရှိကြောင်း၊ ပိတ်ပင်ကန့်သတ်ချက်များကို စက်တင်ဘာ ၂၄ -၂၅ တွင် ဥရောပကောင်စီ၌ ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးသဖြင့် လစ်ဗျားအရေးတွင် တူရကီ၏စစ်ရေးအရ ကြားဝင်စွက်ဖက်မှု၊ ဆီးရီးယားအရေးတွင် တူရကီ၏မူဝါဒ၊ တူရကီ သမ္မတအာဒိုဂန်က ပြည်တွင်း၌ အတိုက်အခံများကို ဖိနှိပ်မှုကိစ္စရပ်များကြောင့် တူရကီနှင့် ဥရောပအကြား တင်းမာမှုမြင့်တက်လာခဲ့သည်။

*******************************************

END /251