အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Mediagroup
စနေနေ့

၁၂ စက်တင်ဘာ ၂၀၂၀

၁၉:၂၇:၃၆
1070086

လူ့အခွင့်အရေးဆုရ အသိုင်းအဝိုင်းမှ ဒေါ်အောင်ဆန်းစုကြည် ဖယ်ရှားခံရ

ဥရောပလွှတ်တော်ဟာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှုဆု Sakharov Prize ကို ရရှိထားတဲ့ ဆုရအသိုင်းအဝိုင်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားလိုက်ပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အလိုတူအလိုပါဖြစ်တဲ့အတွက် ဒီလိုဆောင်ရွက်တာလို့ ဆိုပါတယ်။

ဥရောပလွှတ်တော်ဟာ လူ့အခွင့်အရေးကာကွယ်မြှင့်တင်မှုဆု Sakharov Prize ကို ရရှိထားတဲ့ ဆုရအသိုင်းအဝိုင်းကနေ ဒေါ်အောင်ဆန်းစုကြည်ကို ဖယ်ရှားလိုက်ပြီး ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ အလိုတူအလိုပါဖြစ်တဲ့အတွက် ဒီလိုဆောင်ရွက်တာလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုမရခင် တစ်နှစ်အရင် ၁၉၉၀ ပြည့်နှစ်မှာ ဥရောပလွှတ်တော်က Sakharov Prize ဆုကို ချီးမြှင့်ခဲ့တာပါ။

၁၉၉၀ ပြည့်နှစ်မတိုင်ခင်က ဆောင်ရွက်ချက်တွေအတွက် ဒီဆုကို ပေးအပ်ခဲ့တာဖြစ်ပြီး ဆုကို ပြန်သိမ်းလို့မရပေမယ့် ဆုရတဲ့အသိုင်းအဝိုင်းကနေ ဖယ်ထုတ်လိုက်တာဟာ ဒီဆုနဲ့ပတ်သက်လို့ အပြင်းထန်ဆုံး အရေးယူမှုဖြစ်တယ်လို့ ဥရောပလွှတ်တော်ရင်းမြစ်တစ်ခုက သတင်းဌာနတွေကို မနေ့မှာ ပြောကြားခဲ့ပါတယ်။

ဒီလို ဖယ်ရှားခံလိုက်ရတာကြောင့် ဆုရသူတွေအတွက် ပြုလုပ်တဲ့ အခမ်းအနားတွေမှာ ဒေါ်အောင်ဆန်းစုကြည်တစ်ယောက် ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။ ကမ္ဘာတစ်ဝှမ်း လူ့အခွင့်အရေး ကာကွယ်မြှင့်တင်ပေးတဲ့ လူတွေ၊ အဖွဲ့အစည်းတွေကို ရွေးချယ်ချီးမြှင့်တဲ့ Sakharov ဆုကို ၁၉၈၈ ခုနှစ်က စတင်ပေးအပ်ခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုအတွင်း ရိုဟင်ဂျာအများအပြား အသတ်ခံရသလို ၇ သိန်းကျော်လောက်လည်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပါတယ်။

ကုလစုံစမ်းစစ်ဆေးရေးမှူးတွေက ဒီကိစ္စမှာ လူမျိုးတုန်းသတ်ဖြတ်လိုတဲ့ ရည်ရွယ်ချက်မျိုး ရှိနိုင်တယ်လို့ ပြောကြားခဲ့ပြီး မြန်မာစစ်တပ်နဲ့ အစိုးရအဖွဲ့တို့က ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

******************************************

END / 251