အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Eleven News
သောကြာနေ့

၂၅ စက်တင်ဘာ ၂၀၂၀

၂၀:၂၅:၃၄
1073400

ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအများအပြားတွင် ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေကြောင်း သတိပေးနှိုးဆော်ချက် ထုတ်ပြန်

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အများအပြားတွင်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ မတ်လက ကူးစက်မှု အမြင့်ဆုံးနှုန်းထက် ပိုမိုများပြားလာသောကြောင့် ဥရောပသမဂ္ဂက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၄ ရက်၌ သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အများအပြားတွင်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်းမှာ မတ်လက ကူးစက်မှု အမြင့်ဆုံးနှုန်းထက် ပိုမိုများပြားလာသောကြောင့် ဥရောပသမဂ္ဂက ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါနှင့် ပတ်သက်ပြီး စက်တင်ဘာ ၂၄ ရက်၌ သတိပေးနှိုးဆော်ချက် ထုတ်ပြန်ခဲ့သည်။

ပြင်သစ်ရှိ ဗိုင်းရပ်စ်ကူးစက်မှု အမြင့်ဆုံးဖြစ်နေသည့် မာဆေးလ်မြို့အပါအဝင် မြို့အများအပြားတွင် ကူးစက်မှု ထိန်းချုပ်ရန် တင်းကျပ်သည့် စည်းမျဉ်းများ ထုတ်ပြန်ခဲ့ပြီးနောက် နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်သူဦးရေမှာ ၁၆၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။

ဂရိနိုင်ငံအေသင်မြို့တော်တွင် ပြည်သူများက တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းနှင့် နှာခေါင်းစည်း တပ်ဆင်ခြင်း အစရှိသည့် စည်းမျဉ်းများကို လေးစားလိုက်နာမှုမရှိသောကြောင့် ကူးစက်သူဦးရေ ဆက်လက်မြင့်တက်နေမည်ဆိုလျှင် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုအသစ် ချမှတ်ရန် လိုအပ်သည်ဟု ဂရိဝန်ကြီးချုပ် Kyriakos Mitsotakis က သတိပေးပြောကြားခဲ့သည်။

လွန်ခဲ့သောသီတင်းပတ်က နိုင်ငံတစ်ဝန်း ဒုတိယအကြိမ် အသွားအလာ ကန့်သတ်ပိတ်ဆို့ခဲ့သော အစ္စရေးနိုင်ငံသည် စက်တင်ဘာ ၂၄ ရက်နေ့အလွန်အထိ ၎င်း၏စည်းမျဉ်းများကို ဆက်လက်သက်တမ်းတိုးခဲ့သည်။ လုပ်ငန်းခွင်များ၊ ဈေးများကို ဖွင့်လှစ်ခွင့်ပိတ်ခဲ့ပြီး စုဝေးဝတ်ပြုမှုများ၊ ဆန္ဒပြမှုများကို တင်းတင်းကျပ်ကျပ် တားမြစ်ကန့်သတ်ထားသည်။

ကမ္ဘာတစ်ဝန်းတွင် ကပ်ရောဂါစတင် ကူးစက်ပျံ့နှံ့ချိန်မှစ၍ တင်းကျပ်သော စည်းမျဉ်းများ ထုတ်ပြန်ခဲ့ရာ ယခုအချိန်တွင် ကူးစက်သူပေါင်း သန်း ၃၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၉၅၀၀၀၀ ကျော်အထိ မြင့်တက်ခဲ့သည်။ ကူးစက်သူနှင့် သေဆုံးသူအရေအတွက် မြင့်တက်လာခြင်းနှင့်အတူ စီးပွားရေးထိခိုက်မှုများရှိခဲ့ပြီး ကမ္ဘာ့စီးပွားရေးမှာလည်း အဆိုးဆုံးအခြေအနေအထိ ထိုးဆင်းခဲ့သည်။

အချို့နိုင်ငံများသည် စီးပွားရေးကို ပြန်လည်ထူထောင်နေသည့်အတွက် လက်ရှိကမ္ဘာ့စီးပွားရေးအခြေအနေမှာ ဇွန်လကအခြေအနေထက်များစွာ ပိုမိုကောင်းမွန်လာခဲ့သည်ဟု ကမ္ဘာ့ငွေကြေးရန်ပုံငွေအဖွဲ့(IMF) က စက်တင်ဘာ ၂၄ ရက်၌ ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် လက်ရှိစီးပွားရေးအခြေအနေသည် အလွန်စိန်ခေါ်မှုများသည့် အခြေအနေတွင် ဆက်လက်တည်ရှိနေဆဲဖြစ်သည်ဟု IMF က ဆိုသည်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို အဆိုးရွားဆုံးခံစားနေရသည့် အမေရိကန်၏စီးပွားရေးမှာ သြဂုတ်လအတွင်း အိမ်အရောင်းအဝယ် ၄.၈ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်အတွက် ရှားပါးသတင်းကောင်းတစ်ရပ်ဖြစ်ခဲ့သည်။

ဥရောပသမဂ္ဂနိုင်ငံအချို့မှာ မတ်လ၏ ကူးစက်မှုအမြင့်ဆုံးအခြေအနေထက် ပိုမိုဆိုးရွားနေသည်ဟု ဥရောပသမဂ္ဂ ကျန်းမာရေးဆိုင်ရာမဟာမင်းကြီး Stella Kyriakides က ပြောကြားခဲ့သည်။ သေဆုံးနှုန်းမှာ အခုနှစ်အစောပိုင်းထက် မမြင့်မားသော်လည်း ကူးစက်မှုနှုန်းမှာမူ တစ်ဖန်ပြန်လည်မြင့်တက်နေသောကြောင့် စပိန်အပါအဝင် ဥရောပသမဂ္ဂ၏အရှေ့ဘက်ပိုင်း ခုနှစ်နိုင်ငံသည် စိုးရိမ်မှုအမြင့်ဆုံးအခြေအနေကို ရောက်ရှိနေသည်။ ပြင်သစ်သည် ၎င်းနိုင်ငံများစာရင်းတွင် မပါဝင်သော်လည်း စည်းမျဉ်းများ တင်းကျပ်ထားသောကြောင့် နိုင်ငံ၏စီးပွားရေးမှာ ကျဆင်းခဲ့သည်။ ပြင်သစ်ဒေသတွင်း အရာရှိများက တင်းကျပ်သည့် ပိတ်ဆို့မှုများအပေါ် ဒေါသတကြီး တုံ့ပြန်ခဲ့ကြသည်။

**********************************

END /251