အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
စနေနေ့

၂၆ စက်တင်ဘာ ၂၀၂၀

၂၀:၁၂:၃၀
1073707

အစ္စလာမ် မုန်းတီးရေး ကို အိန္ဒိယအစိုးရ ကိုယ်တိုင် အားပေး ထောက်ပံ့နေကြောင်း ကုလကို ပါကစ္စတန် ဝန်ကြီးချုပ် ပြောကြား

အိန္ဒိယရဲ့ဟိန္နူအမျိုးသားရေးအစိုးရက အစ္စလာမ်အပေါ်မျှတမှုမရှိပဲ မုန်းတီးရေးတွေ စပွန်ဆာပေးနေတယ်လို့ ကုလသမဂ္ဂမှာပြောကြားတဲ့မိန့်ခွန်းအတွင်း ပါကစ္စတန် ဝန်ကြီးချုပ်အင်မရန်ခန်းကပြောဆိုလိုက်ပြီး မွတ်စလင်အများစုနေထိုင်တဲ့ ကက်ရှ်မီးယားဒေသကို အိန္ဒိယအစိုးရရဲ့ အခိုင်အမာထိန်းချုပ်ထားတဲ့လုပ်ရပ်ကို ရှုတ်ချပြော ဆိုလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ



အိန္ဒိယရဲ့ဟိန္နူအမျိုးသားရေးအစိုးရက အစ္စလာမ်အပေါ်မျှတမှုမရှိပဲ မုန်းတီးရေးတွေ စပွန်ဆာပေးနေတယ်လို့ ကုလသမဂ္ဂမှာပြောကြားတဲ့မိန့်ခွန်းအတွင်း ပါကစ္စတန် ဝန်ကြီးချုပ်အင်မရန်ခန်းကပြောဆိုလိုက်ပြီး မွတ်စလင်အများစုနေထိုင်တဲ့ ကက်ရှ်မီးယားဒေသကို အိန္ဒိယအစိုးရရဲ့ အခိုင်အမာထိန်းချုပ်ထားတဲ့လုပ်ရပ်ကို ရှုတ်ချပြော ဆိုလိုက်ပါတယ်။


သောကြာနေ့က ကုလအထွေထွေညီလာခံ(UNGA) မှာမိန့်ခွန်းပြောကြားမှုအတွင်း ခန်းက “ဒီကနေ့အိန္ဒိယမှာ အစ္စလာမ်မုန်းတီးရေးသဘောထားတွေပျံ့နှံ့နေပြီး နိုင်ငံတွင်းနေထိုင်ကြတဲ့ မွတ်စလင်သန်း၂၀၀နီးပါးကို ခြိမ်းခြောက်နေတယ်”လို့ ပြောကြားလိုက်ပါတယ်။ “ကျွန်တော်စိတ်မကောင်းဖြစ်စွာပဲပြောရမှာက ဒီကနေ့ကမ္ဘာပေါ်မှာ အစ္စလာမ်မုန်းတီးရေးသဘောထားတွေကို နိုင်ငံအစိုးရနောက်ခံပြု ထောက်ခံနေတဲ့နိုင်ငံကတော့ အိန္ဒိယပဲဖြစ်ပါတယ်။ ဒီနောက်ကွယ်က အကြောင်းရင်းကတော့ RSS ရဲ့အတွေးအခေါ်သဘောထားတွေပဲဖြစ်ပြီး ကံမကောင်းစွာပဲ ဒီကနေ့အိန္ဒိယမှာလွှမ်းမိုးမှုရှိနေပါတယ်” လို့ခန်းက UNGA မှာပြောကြားခဲ့ပါတယ်။


“အိန္ဒိယဟာ ဟိန္နူတွေအတွက်သာဖြစ်ပြီး တစ်ခြားသူတွေဟာတန်းတူညီမျှ နိုင်ငံသားတွေမဟုတ်ဘူးလို့ သူတို့ကယုံကြည်ထားပါတယ်” လို့ပါကစ္စတန် ဝန်ကြီးချုပ် ကဆိုပါတယ်။ ဂျမူးနဲ့ကက်ရှ်မီးယားအငြင်းပွားမှုတွေကို နိုင်ငံတကာတရားဥပဒေတွေပေါ်မှာ အခြေခံပြီးဖြေရှင်းမှုမရခင်ထိ တောင်အာရှမှာ တည်ငြိမ်အေး ချမ်းမှုရှိမှာ မဟုတ်ကြောင်းခန်းကပြောဆိုလိုက်ပြီး ငြိမ်းချမ်းရေးဖြေရှင်းချက်ကိုတောင်းဆိုလိုက်ပါတယ်။ အိန္ဒိယကစစ်တပ်ချထားတဲ့ ကက်ရှ်မီးယားကဒေသခံတွေက အိန္ဒိယလုံခြုံရေး တပ်ဖွဲ့တွေက ဒေသကလူငယ်ထောင်နဲ့ချီကိုဖမ်းဆီးခဲ့သလို လူတွေရဲ့အိမ်တွေထဲဝင်ရောက်စီးနင်းပြီး ရိုက်နှက်မှုတွေ လျှပ်စစ်နဲ့ရှော့ရိုက်မှုတွေလုပ်သလို ခြိမ်းခြောက်မှုတွေနဲ့ သူတို့ရဲ့အမျိုးသမီးတွေကိုအိမ်ထောင်ပြုမှုတွေ လုပ်ဆောင်နေကြောင်း ပြောကြားခဲ့ပါတယ်။


ပြီးခဲ့တဲ့နှစ်အတွင်း ဒီအရေးဆန္ဒပြသူထောင်ပေါင်းများစွာဟာ ရာဘာကျည်တွေနဲ့ပစ်ခတ်ခံခဲ့ရသလို ဒီပစ်ခတ်မှုတွေကြောင့် လူပေါင်းရာနဲ့ချီမျက်လုံးတွေကွယ်ခဲ့ရပါတယ်။ မတ်လမတိုင်ခင်ထိ ၇လကြာဆက်သွယ်ရေးလိုင်းတွေပိတ်ခံရသလို လူမှုမီဒီယာတွေနဲ့ အင်တာနက်အသုံးပြုမှုတွေပိတ်ခံခဲ့ရပါတယ်။ “ဒီဆိုးရွားတဲ့ချိုးဖောက်မှုတွေကို နိုင်ငံတကာအသိုင်းအဝန်းအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ရမှာ ဖြစ်သလို လူသားမျိုးနွယ်အပေါ် နိုင်ငံနောက်ခံပြုအကြမ်းဖက်မှုတွေနဲ့ဆိုးရွားတဲ့ရာဇဝတ်မှုတွေမှာ ပါဝင်ခဲ့တဲ့အရပ်ဘက်နဲ့စစ်ဘက်ပုဂ္ဂိုလ်တွေကို တရားစွဲဆိုမှုတွေလုပ်ဆောင်သွားရပါမယ်” လို့ခန်းကဆိုပါတယ်။


ဒါ့အပြင် လွတ်လပ်စွာပြောဆိုခွင့်ဆိုတာကို အသုံးချပြီး နိုင်ငံအများအပြားမှာမွတ်စလင်တွေကို ပစ်မှတ်ထားတဲ့သွေးထိုးလှုံ့ဆော်မှုတွေကိုလည်း ခန်းကမနှစ်တုန်း ကရှုတ်ချပြောဆို ခဲ့ပါတယ်။ ချာလီဟီဘိုမဂ္ဂဇင်းကရေးဆွဲထုတ်ဝေခဲ့တဲ့ ဘာသာရေးစော်ကားတဲ့သရော်ကာတွန်းတွေအပါအဝင် ဥရောပကဖြစ်ရပ်တွေဟာ ဥပမာတွေဖြစ်ကြောင်း သူကပြောကြားခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “Indian gov’t sponsors Islamophobia, Pakistan PM tells UN” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

****************************************************

END /251