အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
ဗုဒ္ဓဟူးနေ့

၇ အောက်တိုဘာ ၂၀၂၀

၁၉:၂၇:၅၈
1076585

အစ္စရေး ထူထောင်သူတွေ ဟာ သူခိုးတွေဖြစ်ကြောင်း အစ္စရေးသမိုင်း ပညာရှင် ဖွင့်ဟ

ပါလက်စတိုင်းမှာအစောပိုင်းဂျူးကျူးကျော်အခြေချသူတွေဟာ အာရပ်တွေရဲ့ပိုင်ဆိုင်မှုတွေကို ခိုးယူခဲ့ကြောင်း အစ္စရေးသမိုင်းရှင်တစ်ဦးရေးသားတဲ့ စာအုပ်ထဲမှာဖော်ပြထားပါတယ်။ အာဏာပိုင်တွေက ဒါကိုမျက်ကွယ်ပြုထားကြောင်း သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ပါလက်စတိုင်းမှာအစောပိုင်းဂျူးကျူးကျော်အခြေချသူတွေဟာ အာရပ်တွေရဲ့ပိုင်ဆိုင်မှုတွေကို ခိုးယူခဲ့ကြောင်း အစ္စရေးသမိုင်းရှင်တစ်ဦးရေးသားတဲ့ စာအုပ်ထဲမှာဖော်ပြထားပါတယ်။ အာဏာပိုင်တွေက ဒါကိုမျက်ကွယ်ပြုထားကြောင်း သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

၁၉၄၈ခုနှစ်မှာပါလက်စတိုင်းကို အစ္စရေးရဲ့တိုက်ခိုက်မှုတွေအတွင်း ဂျူးတွေဟာ အာရပ်တွေရဲ့ပိုင်ဆိုင်မှုတွေကို လုယူသိမ်းယူခဲ့ကြတယ်လို့ ပထမဆုံးသောပြည့်စုံတဲ့သုတေသနလေ့လာဖော်ပြချက်လို့ ဆိုရမဲ့ အစ္စရေးသမိုင်းရှင်အာဒမ်ရာ့ဇ်ကရေးသားဖော်ပြထားတဲ့ စာအုပ်ထဲမှာ ဖော်ပြထားပါတယ်။ ဂျူးအများစုဟာသူခိုးတွေလို့ ဘာလို့ဘန်ဂူရီဆန်ကပြောကြားခဲ့လဲဆိုတာ ရှင်းပြလိုက်တာပဲဖြစ်ကြောင်း စာအုပ်ထဲမှာဖော်ပြထားပါတယ်။

“၁၉၄၈ခုနှစ်မှာအာရပ်အိမ်နီးချင်းတွေရဲ့ပိုင်ဆိုင်မှုတွေကိုဂျူးစစ်သားတွေနဲ့အရပ်သားတွေရဲ့လုယက်သိမ်းယူမှု” လို့ခေါင်းစဉ်တပ်ထားတဲ့ စာအုပ်ထဲမှာ အာဏာပိုင်တွေကဒါကိုမျက်ကွယ်ပြုခဲ့ကြောင်း ဖော်ပြထားပါတယ်။ အစ္စရေးအာဏာပိုင်တွေကမျက်ကွယ်ပြုထားတာကြောင့် ဒီလိုလုယက်သိမ်းယူမှုတွေကို အားပေးအားမြှောက်ပြုထားရာရောက်ကြောင်း Haaretz သတင်းဌာနက စီနီယာစာရေးဆရာတစ်ဦးဖြစ်သူ ဂီဒီယွန်လေဗီကဆိုပါတယ်။ “အစ္စရေးဟာ အိမ်အများစုကိုဖျက်ဆီးပစ်နိုင်ခဲ့သလို ကျေးရွာ၄၀၀ကျော်ထိကို ကမ္ဘာမြေပြင်ပေါ်ကနေဖယ်ရှားပစ်ခဲ့တဲ့အပြင် ဒီလိုလုယက်သိမ်းယူမှုတွေကြောင့် ဒုက္ခသည်တွေပြန်လာဖို့ အခြေအနေမဖြစ်နိုင်တော့အောင်စီမံခဲ့ပါတယ်” လို့ အစ္စရေးစာရေးဆရာကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

လုယက်သူတွေဟာ စစ်ပွဲပြီးတဲ့နောက်အာရပ်တွေရဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေကို လိုချင်တပ်မက်တဲ့လောဘစိတ်နဲ့ လုယက်ခဲ့ကြသလို တစ်ချို့ဖြစ်ရပ်တွေမှာဆိုသူတို့ရဲ့ အိမ်နီးချင်းဖြစ်နေတာတောင် လုယက်ခဲ့ကြပါတယ်။ သူတို့တွေဟာ အိမ်တွင်းပရိဘောဂပစ္စည်းတွေနဲ့ တန်ဖိုးကြီးအလှဆင်ပစ္စည်းတွေထိတောင် ချမ်းသာချင်စိတ်နဲ့လုယက်ခဲ့ကြတယ်။ လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ “ဒီလုယက်သိမ်းယူမှုတွေမှာ အားလုံးနီးပါးပါဝင်ခဲ့ကြပါတယ်။ သေးသေးမွှားမွှားလုယက်မှုလုပ်ရင်တောင် ဒီအခိုက်အတန့်ကာလမှာဂျူးအများစုဟာ သူခိုးတွေဖြစ်ခဲ့ကြောင်း သက်သေပြနေတယ်”လို့ လေဗီကဆိုပါတယ်။ ဒါပေမယ့်ဒီလုပ်ယက်မှုတွေဟာ အိမ်ယာတွေ ကျေးရွာတွေနဲ့ မြို့တွေနဲ့ နောက်ဆုံးနယ်မြေကိုလုယက်သိမ်းယူခဲ့မှုနဲ့ ယှဉ်လိုက်ရင်အသေးအမွှားလုယက်မှုသာ ဖြစ်ကြောင်း သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။

Middle East Monitor သတင်းဌာနပါ “Israel founders were thieves, Israeli historian says” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

*********************************************

END/251