အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
တနင်္လာနေ့

၁၂ အောက်တိုဘာ ၂၀၂၀

၂၀:၂၇:၁၄
1077841

အစ္စရေး ကိုလေကြောင်း ပိုင်နက် အသုံးပြုခွင့် ပေးတဲ့ သဘော တူညီချက် ဂျော်ဒန် လက်မှတ် ရေးထိုး

နှစ်နိုင်ငံကြားစီးပွားဖြစ်ကုန်သွယ်ရေးလေယာဉ်တွေဖြတ်သန်းခွင့်ပြုဖို့ ဂျော်ဒန်နဲ့အစ္စရေးတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း အစ္စရေးသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက မနေ့ကကြေငြာခဲ့ပါတယ်။


                

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

                                                                                
နှစ်နိုင်ငံကြားစီးပွားဖြစ်ကုန်သွယ်ရေးလေယာဉ်တွေဖြတ်သန်းခွင့်ပြုဖို့ ဂျော်ဒန်နဲ့အစ္စရေးတို့ သဘောတူလက်မှတ်ရေးထိုးခဲ့ကြောင်း အစ္စရေးသယ်ယူပို့ဆောင်ရေးဝန်ကြီးဌာနက မနေ့ကကြေငြာခဲ့ပါတယ်။


နှစ်နဲ့ချီကြာမြင့်ခဲ့တဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြီးနောက် အများပြည်သူသုံးလေယာဉ်များအာဏာပိုင်အဖွဲ့တွေကြား သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး ဘာရိန်းနဲ့ ယူအေအီး တို့ကလေကြောင်း ခရီးစဉ်တွေအပါအဝင် ပင်လယ်ကွေ့နိုင်ငံတွေကနေ အာရှ ဥရောပ နဲ့ မြောက်အမေရိကထိဖြတ်သန်းပျံသန်းနိုင်တော့မှာဖြစ်တယ်လို့ ဝန်ကြီး ဌာနကပြော ကြားခဲ့ပါတယ်။ “ဒီသဘောတူညီချက်ကြောင့် ခရီးသွားကုန်ကျစရိတ်တွေနဲ့ လောင်စာဆီသုံးစွဲရမှုတွေကို လျှော့ချသွားနိုင်ဖို့မျှော်မှန်းထားပါတယ်” လို့ဝန်ကြီးဌာန ရဲ့ထုတ်ပြန် ချက်ထဲမှာ ပြောကြားထားပါတယ်။


ဒီလိုအရပ်ဘက်သုံးလေကြောင်းလိုင်းတွေဖြတ်သန်းပျံသန်းခွင့်သဘောတူညီချက်ရရှိအောင် ဘရက်ဆဲလ်မြို့အခြေစိုက် ဥရောပလေကြောင်းထိန်းချုပ်ရေးအေဂျင်စီ ယူရိုကွန် ထရိုးက ကူညီပေးခဲ့ကြောင်း ရိုက်တာသတင်းဌာနကဖော်ပြခဲ့ပါတယ်။ “ကျွန်တော်တို့နောက်တစ်ကြိမ်နယ်နိမိတ်အသစ်တွေကို ဖြတ်ကျော်ခွင့်ရခဲ့ပါပြီ ဒီတစ်ကြိမ်တော့ေ ဝဟင်ပိုင်နက်အသုံးပြုခွင့်ပဲဖြစ်ပါတယ်။” လို့သယ်ယူပို့ဆောင်ရေးဝန်ကြီး မီရီရီဂါ့ဗ်က ပြောကြားခဲ့ပါတယ်။


သဘောတူညီချက်အရ လေကြောင်းလိုင်းတွေဟာ နှစ်နိုင်ငံကြားဖြတ်သန်းပျံသန်းခွင့်ပြုချိန်ကို စနေ တနင်္ဂနွေကလွဲလို့ ကျန်၅ရက်စလုံးညပိုင်း ၁၁နာရီကနေ မနက်၆နာရီ ထိခွင့်ပြုချက်ရရှိခဲ့ကြောင်း Ynet သတင်းဌာနကဖော်ပြခဲ့ပါတယ်။ အပတ်ကုန်ရက်တွေမှာတော့ ၁၂နာရီထိတိုးမြှင့်ခွင့်ပြုပေးသွားမှာဖြစ်ပြီး တစ်နှစ်တာရဲ့ အားလပ် ရက်၁၂ရက်အတွင်း ၂၄နာရီဖွင့်ပေးသွားမှာဖြစ်ပါတယ်။ အစ္စရေးနဲ့ ဂျော်ဒန်တို့ဟာ ၁၉၉၄ခုနှစ်မှာငြိမ်းချမ်းရေးသဘောတူညီချက်ရရှိခဲ့ပြီးနောက် သံတမန် ဆက်ဆံရေး ထူထောင်ထားခဲ့တာဖြစ်ပါတယ်။


Middle East Monitor သတင်းဌာနပါ “Jordan sign deal to open its airspace to Israel” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

++++++++++++++++++++++++++++++++++++++++++

END / 251