အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
ကြာသပတေးနေ့

၂၉ အောက်တိုဘာ ၂၀၂၀

၁၉:၁၇:၄၃
1082070

ပြင်သစ်နိုင်ငံ နိုက်စ်မြို့ မှာ အမျိုးသား တစ်ဦး ဓါးနဲ့ အကြမ်းဖက် တိုက်ခိုက် မှုကြောင့် ၃ဦးသေဆုံး ပြီး အများ အပြား ဒဏ်ရာရ

ကြာသပတေးနေ့က ပြင်သစ်မြို့နိုက်စ်က ဘုရားကျောင်းတစ်ခုမှာ တိုက်ခိုက်ရေးသမားတစ်ဦးက လူပေါင်း၃ဦးထက်မနည်းကို ဓါးနဲ့သတ်ဖြတ်ခဲ့ပြီး တစ်ခြား သူအများအပြား ကိုဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုပြင်သစ်မြို့တော်ဝန်က အကြမ်းဖက်ဝါဒလုပ်ရပ်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ကြာသပတေးနေ့က ပြင်သစ်မြို့နိုက်စ်က ဘုရားကျောင်းတစ်ခုမှာ တိုက်ခိုက်ရေးသမားတစ်ဦးက လူပေါင်း၃ဦးထက်မနည်းကို ဓါးနဲ့သတ်ဖြတ်ခဲ့ပြီး တစ်ခြား သူအများအပြား ကိုဒဏ်ရာရရှိခဲ့ကြောင်း ပြင်သစ်တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကိုပြင်သစ်မြို့တော်ဝန်က အကြမ်းဖက်ဝါဒလုပ်ရပ်ဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။


ဒီဓါးကိုင်တိုက်ခိုက်ရေးသမားကို ဖမ်းဆီးရမိခဲ့ကြောင်း မြို့တော်ဝန်ခရစ်စ္စတီယန်အက်စ်ထရိုစီက တွစ်တာမှာပြောကြားထားပြီး သံသယရှိတိုက်ခိုက်ရေးသမားကို ဆေးရုံတင် ထား ရကြောင်း ပြင်သစ်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အသတ်ခံရသူတစ်ဦးဟာဆိုရင် ကျောင်းဆရာအသတ်ခံခဲ့ရသလို ဆိုးဆိုးဝါးဝါးအသတ်ခံခဲ့ရတာဖြစ်ကြောင်း အက်စ်ထရိုစီက ပြောကြားထားပါတယ်။ တိုက်ခိုက်ရ တဲ့ အကြောင်း ရင်း ရှင်းလင်းမှုမရှိသေးပါဘူး။


အစ္စလာမ်အပေါ်ပြင်သစ်သမ္မတမာခရွန်ရဲ့မကြာသေးမီက ဝေဖန်မှုတွေကြောင့် ပြင်သစ်နဲ့မွတ်စလင်ကမ္ဘာကြား တင်းမာမှုတွေမြင့်တက်လာချိန်မှာ ဒီဖြစ် ရပ်ထွက်ပေါ် လာခဲ့ တာဖြစ် ပါတယ်။

“တစ်ခြားသူတွေကိုလေးစားမှုရှိပါ” (မလေးရှားဝန်ကြီးချုပ်ဟောင်း)
တစ်ခြားသူတွေရဲ့ ခံစားချက်တွေကိုလေး စားမှုရှိဖို့ ပြင်သစ်အနေနဲ့သူတို့ရဲ့ပြည်သူလူထုကို သင်ကြားပေးသင့်ကြောင်း မလေးရှားဝန်ကြီးချုပ်ဟောင်းက တွစ်တာမှာပြောကြား ခဲ့ပါတယ်။ မလေးရှားအနေနဲ့ လူမျိုးစုကြားပဋိပက္ခဖြစ်စေနိုင်တဲ့အကြောင်းအရာတွေကို ရှောင်ရှားထားကြောင်း အကြောင်းက တစ်ခြားသူတွေအပေါ်ထိခိုက်လွယ်တဲ့ အရေးကိစ္စတွေကို သတိထားဖို့လိုအပ်တာသိမြင်ထားတာကြောင့် ဖြစ်ကြောင်း သူကထပ်ဖြည့်ပြောကြားခဲ့ပါတယ်။


အကြမ်းဖက်မှုနဲ့အဆုံးသတ်ခဲ့တဲ့ နိုက်စ်ဘုရားကျောင်းတိုက်ခိုက်ခံရမှုအတွက် ပုပ်ရဟန်းမင်းကြီးဆုတောင်းစကားဆို
ပြင်သစ်နိုက်စ်မြို့တောင်ပိုင်း ရိုမန်ကက်သလစ်ဘုရားကျောင်းမှာ ဓါးနဲ့တိုက်ခိုက်မှုခံခဲ့ရသူတွေအတွက် ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဆုတောင်းမေတ္တာပို့နေကြောင်းနဲ့ အကြမ်းဖက်တိုက်ခိုက်မှုအားလုံး အဆုံးသတ်စေရေး တောင်းဆုပြုနေကြောင်း ဗာတီကန်ကပြောကြားခဲ့ပါတယ်။


“ချစ်ခြင်းမေတ္တာနဲ့နှစ်သိမ့်မှုတွေရှိတဲ့နေရာမှာ သွေးစွန်းပေခဲ့ပြီဖြစ်ကြောင်း ဘရူနိုင်းရဲ့ထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။


အကြမ်းဖက်တိုက်ခိုက်ခံရမှုပြီးနောက် ဗြိတိန်ဟာပြင်သစ်နဲ့အတူခိုင်မာစွာရပ်တည်ကြောင်း ဝန်ကြီးချုပ်ဂျွန်ဆင်ပြော
ပြင်သစ်နိုင်ငံ နိုက်စ်မြို့ဘုရားကျောင်းမှာ သံသယရှိအကြမ်းဖက်သမားက အမျိုးသမီးတစ်ဦးနဲ့ တစ်ခြားသူနှစ်ဦးကိုသတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ပြီးနောက် ပြင်သစ်နဲ့အတူဗြိတိန်က ခိုင်မာစွာရပ်တည်ကြောင်း ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ကပြောကြားခဲ့ပါတယ်။  “နိုက်စ်မြို့မှာဒီမနက်ကြားရတဲ့သတင်းကြောင့် ထိတ်လန့်တုန်လှုပ်မိခဲ့ပါတယ်” လို့ ဂျွန်ဆင်ကတွစ်တာမှာရေးသားခဲ့ပါတယ်။


နိုက်စ်မြို့က ဓါးကိုင်တိုက်ခိုက်မှုဖြစ်စဉ်ပြီးနောက် ပြင်သစ်နိုင်ငံတစ်ဝန်းလုံခြုံရေးတိုးမြှင့်လိုက်ကြောင်း ဝန်ကြီးချုပ် ဂျင်းကာတက်စ်က ပြောကြားခဲ့ပါတယ်။ နော်ထရီဒိန်း ဘုရားကျောင်း အနီးတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့နေရာက လမ်းတွေကိုလည်းပိတ်ချထားကြောင်း အလ်ဂျာဇီးယားသတင်းထောက် ဒေးဗစ်ချာတာက နိုက်စ် ကနေ သတင်းပေးပို့ခဲ့ ပါတယ်။ “တိုက်ခိုက်သူကို ၁၂မိနစ်အကြာမှာဖမ်းမိခဲ့ပေမယ့် လက်နက်ကိုင်ရဲတပ်ဖွဲ့တွေ ဒီမှာရှိနေဆဲဖြစ်ပါတယ်” လို့သူကဆိုပါတယ်။


နိုက်စ်မြို့တိုက်ခိုက်မှုကို အရိုင်းအစိုင်းဆန်တဲ့ အစွန်းရောက်ဝါဒအဖြစ် အီးယူရှုတ်ချ
ဥရောပသမဂ္ဂခေါင်းဆောင်တွေက ပြင်သစ်နဲ့အတူစည်းလုံးညီညွတ်စွာရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး သွေးထိုးလှုံ့ဆော်မှုတွေနဲ့ အမုန်းတရားဖြန့်ဝေမှုတွေ ကိုရှာဖွေဖော် ထုတ်ပြီး ဖြေရှင်းသွားမယ်လို့ ကတိပြုခဲ့ပါတယ်။


နိုက်စ်မြို့က ဓါးနဲ့တိုက်ခိုက်မှုဖြစ်ရပ်ကို တူရကီပြင်းပြင်းထန်ထန်ရှုတ်ချ


ပြင်သစ်နိုင်ငံတောင်ပိုင်း နိုက်စ်မြို့ကတိုက်ခိုက်မှုဖြစ်ရပ်ကို ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်အဖြစ် တူရကီနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချလိုက်ပါတယ်။ နိုက်စ်မြို့ နော်ထရီဒိန်းဘုရားကျောင်းအတွင်း တိုက်ခိုက်မှုဖြစ်ရပ်ကို ကျွန်တော်တို့ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်ထဲမှာပြောကြားထားပြီး ထိခိုက်သေဆုံးခဲ့ရသူတွေရဲ့ ဆွေမျိုးတွေနဲ့ထပ်တူခံစားရပါကြောင်း ထုတ်ပြန်ထားပါတယ်။


ပြင်သစ်နဲ့အတူစည်းလုံးညီညွတ်စွာရှိကြောင်း မာကယ်ပြော
လူ၃ဦးထက်မနည်းသေဆုံးခဲ့ရတဲ့ ကြာသပတေးနေ့က ရက်စက်တဲ့ဓါးကိုင်တိုက်ခိုက်မှုဖြစ်ရပ်ပြီးနောက် ဂျာမနီဟာပြင်သစ်နဲ့အတူရပ်တည်ကြောင်း ဂျာမန်အဓိပတိ အန်ဂျလာမာကယ်က ပြောကြားခဲ့ပါတယ်။


အက်ဗီဂွန်အနီး လူတစ်ဦးကိုပြင်သစ်ရဲတပ်ဖွဲ့အသေပစ်သတ်
ပြင်သစ်တောင်ပိုင်း မက်ဗီဂွန်မြို့အနီး မွန်တ်ဖာဗက်မှာ လူတစ်ဦးကိုပြင်သစ်ရဲတပ်ဖွဲ့က ပစ်သတ်လိုက်ပါတယ်။ အစောတုန်းကအဲဒီအမျိုးသားက လမ်းသွားလမ်းသာတွေကိုလက်လုပ်သေနတ်နဲ့ ခြိမ်းခြောက်နေခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။


အစ္စလာမ်မစ်ဝါဒကို အမြစ်ပြတ်ချေမှုန်းဖို့ လက်ယာဝါဒီလီပန်တောင်းဆို
“ကျွန်တော်တို့ရဲ့အဆွေတော်နိုင်ငံသားတွေအပေါ် အစ္စလာမ်မစ်စစ်ပွဲလုပ်ရပ်တွေထင်ထင်ရှားရှားအရှိန်မြင့်လာနေပါတယ်” လို့လက်ယာဝါဒီခေါင်းဆောင် မာရီလီပန်ကပြောကြားလိုက်ပါတယ်။ “အစ္စလာမ်မစ်ဝါဒကိုကျွန်တော်တို့မြေပေါ်ကနေ အမြစ်ပြတ်ချေမှုန်းဖို့ ရည်ရွယ်ပြီး ကျွန်တော်တို့ခေါင်းဆောင်တွေအနေနဲ့ ကမ္ဘာလုံးဆိုင်ရာတုံ့ပြန်မှုတွေလုပ်ဆောင်ဖို့လိုအပ်ပါတယ်။”


နိုက်စ်တိုက်ခိုက်မှုဖြစ်ရပ်နဲ့ပတ်သက်ပြီး အကြမ်းဖက်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးလုပ်ဆောင်သွားမယ်လို့ ပြင်သစ်ရှေ့နေတွေဆို
ပြင်သစ် အမျိုးသားအကြမ်းဖက်ဆန့်ကျင်ရေးရှေ့နေတွေက  လူသုံးဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့တဲ့ နိုက်စ်မြို့ဘုရားကျောင်းတိုက်ခိုက်မှုဖြစ်ရပ်ကို လူသတ်မှု စုံစမ်းစစ်ဆေးရေးလုပ်ဆောင်နေကြောင်း ကြာသပတေးနေ့ကပြောကြားခဲ့ပါတယ်။


Al Jazeera သတင်းဌာနပါ “Deadly attack in Nice sends France into further shock: Live news” အမည်ဖြင့်ဖော်ပြထားသည့် သတင်း ကိုညောင်နီရွက်(Myanmar Muslim Media)ကမြန်မာဘာသာသို့ ဆီလျော်အောင်ပြန်ဆိုသည်။

*****************************************

END / 251