အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Mediagroup
သောကြာနေ့

၆ နိုဝင်ဘာ ၂၀၂၀

၂၀:၁၁:၂၃
1083903

အနောက်ဖက်ကမ်း မှ ပါလက်စတိုင်း ရွာ တစ်ခုလုံး ကို အစ္စရေး (ဇီယွန်) က ဖျက်ဆီး ဖျောက်ဖျက်

ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ပါလက်စတိုင်းရွာ တစ်ခုလုံးက အိမ်တွေကို အစ္စ​ရေး (ဇီယွန်)စစ်တပ်က ဖြိုချဖျက်ဆီးလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းက ပါလက်စတိုင်းရွာ တစ်ခုလုံးက အိမ်တွေကို အစ္စ​ရေး (ဇီယွန်) စစ်တပ်က ဖြိုချဖျက်ဆီးလိုက်ပါတယ်။

ဂျော်ဒန်ချိုင့်ဝှမ်းဒေသက Khirbet Humsa ဆိုတဲ့ရွာမှာ အင်္ဂါနေ့က ဖြစ်ပွားခဲ့တဲ့ အဲဒီအဖြစ်အပျက်ကြောင့် ပါလက်စတိုင်းပြည်သူ စုစုပေါင်း ၈၀ လောက် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ အဲဒီအထဲမှာ ထက်ဝက်ကျော်က ကလေးငယ်တွေဖြစ်တယ်လို့ NGO အဖွဲ့ B’Tselem က ပြောကြားခဲ့ပါတယ်။

အစ္စရေး (ဇီယွန်) စစ်တပ်ဟာ အင်္ဂါနေ့ညဘက်မှာ မြေတူးစက်တွေအသုံးပြုပြီး နေအိမ်တွေကို ဖြိုချဖျက်ဆီးခဲ့တာပါ။ မဖြိုချခင်မှာ ပစ္စည်းပြောင်းရွှေ့ဖို့ ၁၀ မိနစ်သာ အချိန်​ပေးခဲ့တယ်လို့ အိုးအိမ်ဆုံးရှုံးရသူတွေက ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းဝန်ကြီးချုပ် မိုဟာမက် ရှက်တာယာဟ်က ပါလက်စတိုင်းပြည်သူတွေ အိုးမဲ့အိမ်မဲ့ဘ၀ရောက်အောင် အစ္စရေးက လုပ်ဆောင်နေမှုကို နိုင်ငံတကာအသိုင်းအဝိုင်းက ကြားဝင်ဟန့်တားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ပါလက်စတိုင်းပိုင်နက်ဖြစ်တဲ့ အနောက်ဖက်ကမ်းက ဂျော်ဒန်ချို့ဝှမ်းဒေသမှာ လူ ၆ သောင်းလောက် နေထိုင်ပါတယ်။ ဒါပေမယ့် အဲဒီဒေသရဲ့ ၉၀ ရာခိုင်နှုန်းလောက်ကို အစ္စရေး (ဇီယွန်)က ထိန်းချုပ်ပိတ်ဆို့ထားပြီး တရားမဝင်အခြေချအိမ်ယာတွေ၊ စစ်စခန်းတွေ တည်ဆောက်ကာ ပါလက်စတိုင်းပြည်သူတွေ လျော့နည်းသွားအောင် လုပ်ဆောင်နေ ပါတယ်။

******************************************

END /251