အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
တနင်္ဂနွေနေ့

၈ နိုဝင်ဘာ ၂၀၂၀

၂၀:၁၁:၂၇
1084534

အမေရိကန် အင်ဒီယာနာပြည်နယ် လွှတ်တော် အတွက် ပါလက်စတိုင်းနွယ်ဖွား မွတ်စလင် အမတ်ရွေး ကောက်ခံရ

ပါလက်စတိုင်းနွယ်ဖွား အမေရိကန်နိုင်ငံသား ဖာဒီကွာဒ်ဒိုရာက အင်ဒီယာနာပြည်နယ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ပြည်နယ်ဥပဒေပြုအမတ်သမိုင်းမှာ ရွေးကောက်ခံရတဲ့ ပထမဆုံးအာရပ်မွတ်စလင်အမတ် ဖြစ်လာခဲ့ပါတယ်။ သူဟာ ရီပတ်ပလစ်ကန်ပြိုင်ဘက် ဂျွန်ရူခ်လ်ချော့စ်ကို အနိုင်ယူပြီး ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲသမိုင်းမှာ ရွေးကောက်ခံခဲ့ရတဲ့ တတိယပါလက်စတိုင်းနွယ်ဖွား အမတ်ဖြစ်လာခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

ပါလက်စတိုင်းနွယ်ဖွား အမေရိကန်နိုင်ငံသား ဖာဒီကွာဒ်ဒိုရာက အင်ဒီယာနာပြည်နယ်လွှတ်တော်အမတ်အဖြစ် ရွေးကောက်ခံခဲ့ရပြီး ပြည်နယ်ဥပဒေပြုအမတ်သမိုင်းမှာ ရွေးကောက်ခံရတဲ့ ပထမဆုံးအာရပ်မွတ်စလင်အမတ် ဖြစ်လာခဲ့ပါတယ်။ သူဟာ ရီပတ်ပလစ်ကန်ပြိုင်ဘက် ဂျွန်ရူခ်လ်ချော့စ်ကို အနိုင်ယူပြီး ၂၀၂၀ အမေရိကန်ရွေးကောက်ပွဲသမိုင်းမှာ ရွေးကောက်ခံခဲ့ရတဲ့ တတိယပါလက်စတိုင်းနွယ်ဖွား အမတ်ဖြစ်လာခဲ့ပါတယ်။


ဒီမိုကရက်တစ်အမတ်လောင်း ကွာဒ်ဒိုရာဟာ မဲအရေအတွက် ၅၂%နဲ့ ရူခ်လ်ချော့စ်ကို အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ ဂျွန်ကမဲအရေအတွက် ၄၈%သာရရှိခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့လုပ်နိုင်ခဲ့ပါပြီ။ ရွှေ့ပြောင်းလာသူတစ်ဦးက အလုပ်ကြိုးစားပြီး သောင်းနဲ့ချီတဲ့မဲပေးသူတွေရဲ့ယုံကြည်မှုကိုရရှိပြီး အင်ဒီယာနာပြည်နယ်သမိုင်းမှာ ပထမဆုံးမွတ်စလင်အမတ်ဖြစ်လာတာမျိုးဟာ အမေရိကမှာပဲဖြစ်နိုင်ပါတယ်။ ကျွန်တော့်အတွက်မဲပေးခဲ့သူတွေအပါအဝင် ပြည်နယ်သားအားလုံးအတွက်ကိုယ်စားပြုပြီး နေ့စဉ်အလုပ်ကြိုးစားသွားမှာပါ” လို့သူကဖေ့စ်ဘုတ်မှာ ရေးသားခဲ့ပါတယ်။


ဖာဒီကွာဒ်ဒိုရာဟာ အာရပ်နွယ်ဖွား အမေရိကန်နိုင်ငံသားဖြစ်ပြီး လွန်ခဲ့တဲ့၁၉နှစ်လောက်က ကွန်ပြူသိပ္ပံပညာရပ်သင်ကြားဖို့ ပါလက်စတိုင်းကနေရွှေ့ပြောင်းလာခဲ့သူဖြစ်ပါတယ်။ အမေရိကန်မှာ ဟာရီကိန်းမုန်တိုင်း ကက်ထရီနာကြောင့် ဖာဒီကွာဒ်ဒိုရာဟာ သူ့အိမ်ကိုဆုံးရှုံးခဲ့ရပြီးနောက် သူ့မိသားစုနဲ့အတူခက်ခဲတဲ့အချိန်ကာလကို ဖြတ်သန်းခဲရသူဖြစ်ပါတယ်။


လူမှုအသင်းအဖွဲ့တွေနဲ့ ပရဟိတအဖွဲ့တွေက သူ့ကိုကူညီပေးခဲ့ပြီးနောက် ဒီကနေ့မှာတော့သူဟာ ဒီမိုကရက်တစ်ပါတီရဲ့ အာရပ်နွယ်ဖွားမွတ်စလင်လွှတ်တော်အမတ်တစ်ဦးဖြစ်လာခဲ့ပြီဖြစ်ပါတယ်။
Middle East Monitor သတင်းဌာနပါ “US Indiana elect first Muslim State Senator of Palestinian descent” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media)က မြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။

************************************

END / 251