အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
အင်္ဂါနေ့

၁၇ နိုဝင်ဘာ ၂၀၂၀

၂၀:၂၁:၀၅
1087148

မိုဒါနာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၅ သန်း ဗြိတိန် ဝယ်ယူမည်

မိုဒါနာ နိုင်ငံတကာကော်ပိုရေးရှင်းက ထုတ်တဲ့ ကိုဗစ်-၁၉ စမ်းသပ်ဆဲကာကွယ်ဆေး mRNA ဟာ လုပ်ငန်းစဉ်နှောင်းပိုင်းအဆင့် စမ်းသပ်မှုရလဒ်တွေအရ ထိရောက်မှု ၉၄ ဒသမ ၅ ရာခိုင်နှုန်း ရှိတယ်လို့ အစီရင်ခံအပြီး ဗြိတိန်အစိုးရက ထိုးဆေး ၅ သန်း ဝယ်ယူဖို့ အသေအချာ ဆောင်ရွက်ပြီးပြီလို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ်က နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။




မိုဒါနာ နိုင်ငံတကာကော်ပိုရေးရှင်းက ထုတ်တဲ့ ကိုဗစ်-၁၉ စမ်းသပ်ဆဲကာကွယ်ဆေး mRNA ဟာ လုပ်ငန်းစဉ်နှောင်းပိုင်းအဆင့် စမ်းသပ်မှုရလဒ်တွေအရ ထိရောက်မှု ၉၄ ဒသမ ၅ ရာခိုင်နှုန်း ရှိတယ်လို့ အစီရင်ခံအပြီး ဗြိတိန်အစိုးရက ထိုးဆေး ၅ သန်း ဝယ်ယူဖို့ အသေအချာ ဆောင်ရွက်ပြီးပြီလို့ ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့ခ်က နိုဝင်ဘာ ၁၆ ရက်မှာ ပြောပါတယ်။

လာမယ့်နွေဦးမှာ ဗြိတိန်ဆီ အစောဆုံးသယ်နိုင်ဖို့ မျှော်လင့်ထားတဲ့ ကာကွယ်ဆေးလည်း ဖြစ်လာပါတယ်။

ဗြိတိန်အစိုးရဟာ ဆေးဝါးထုတ်လုပ်ဖြန့်ဖြူးသူ လုပ်ငန်း ၆ ခုဆီကနေ ကာကွယ်ဆေး စုစုပေါင်း သန်း ၃၅၀ အတွက် သဘောတူညီချက်တွေ ရထားပြီးပါပြီ။

ဖိုက်ဇာ နိုင်ငံတကာကော်ပိုရေးရှင်းက ထုတ်လုပ်ပြီး ထိရောက်မှု ၉၀ ရာခိုင်နှုန်းကျော်ကြောင်း တွေ့ရှိထားတဲ့ စမ်းသပ်ဆဲ ကာကွယ်ဆေး၊ လာမယ့်သီတင်းပတ်အတွင်း ရလဒ် ကြေညာဖို့ မျှော်လင့်ထားတဲ့ အဲ့စ်ထရာဇေနေကာလုပ်ငန်းနဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်တို့က ထုတ်လုပ်မယ့် စမ်းသပ်ဆဲ ကာကွယ်ဆေးတွေကို ရဖို့ကိုလည်း ဗြိတိန် အစိုးရက သဘောတူညီချက် ရထားပြီးပါပြီ။

အစိုးရဟာ ဗြိတိန်ကို စောစောပံ့ပိုးနိုင်မယ့် ကာကွယ်ဆေး ထုတ်လုပ်သူတွေနဲ့ ထိပ်တန်း ဦးစားပေး သဘောတူညီချက်ရထားပြီ ထုတ်လုပ်ဖြန့်ဖြူးမှု ကွင်းဆက်တွေကိုလည်း အဆင့်မြှင့်တင်ထားပြီးပြီလို့ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ရဲ့ ပြောခွင့်ရက အစောပိုင်းမှာ ပြောထားပါတယ်။

******************************************

END / 251