အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Mediagroup
ကြာသပတေးနေ့

၁၉ နိုဝင်ဘာ ၂၀၂၀

၁၉:၁၈:၂၁
1087761

အစ္စရေး(ဇီယွန်ဝါဒီ) နှင့် ဆက်ဆံခြင်းသည် ပါလက်စတိုင်းအရေး ပျက်ဆီးမှုဟာ ကာတာပြော

အစ္စရေးနဲ့ ဆက်ဆံရေးတည်ဆောက်တဲ့ အာရပ်နိုင်ငံတွေဟာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေးကို ပျက်ဆီးစေသူတွေ ဖြစ်တယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူရဟ်မန် အလ် သာနီက ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အစ္စရေး(ဇီယွန်ဝါဒီ)နဲ့ ဆက်ဆံရေးတည်ဆောက်တဲ့ အာရပ်နိုင်ငံတွေဟာ လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာရေးကို ပျက်ဆီးစေသူတွေ ဖြစ်တယ်လို့ ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ် မိုဟာမက် ဘင် အဘ်ဒူရဟ်မန် အလ် သာနီက ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့လအနည်းငယ်အတွင်း အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဘာရိန်းနဲ့ ဆူဒန်တို့ဟာ အစ္စရေး(ဇီယွန်ဝါဒီ)နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ လက်မှတ်ရေးထိုးခဲ့ပါတယ်။ အရင်က လက်မှတ်ထိုးထားတဲ့ အီဂျစ်နဲ့ ဂျော်ဒန်တို့ပေါင်းရင် အာရပ်နဲ့ မွတ်စလင်ကမ္ဘာမှာ အစ္စရေးနဲ့ ဆက်ဆံတဲ့နိုင်ငံအရေအတွက်ဟာ ၅ နိုင်ငံအထိ ရှိလာတာပါ။

ပါလက်စတိုင်းကတော့ ဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ဒါဟာ သူတို့အပေါ် သစ္စာဖောက်ကာ နောက်ကျောကို ဓားနဲ့ထိုးမှုဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ပါလက်စတိုင်းပိုင်နက်ကနေ အစ္စရေး(ဇီယွန်ဝါဒီ)တပ်ဖွဲ့တွေ ထွက်သွားရေး၊ ပါလက်စတိုင်းနိုင်ငံပေါ်ပေါက်လာမှ အစ္စရေးနဲ့ ဆက်ဆံရေးဆိုတဲ့ အာရပ်ကမ္ဘာရဲ့ ရပ်တည်ချက်ကို ယူအေအီး၊ ဘာရိန်းနဲ့ ဆူဒန်တို့က ချိုးဖောက်လိုက်တာလည်း ဖြစ်ပါတယ်။

ကာတာနိုင်ငံခြားရေးဝန်ကြီး ရှိခ်မိုဟာမက်က ပါလက်စတိုင်းလွတ်မြောက်ရေးအတွက် အာရပ်နိုင်ငံတွေ စုပေါင်းလုပ်ဆောင်တာက ပိုမိုကောင်းမွန်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“(အစ္စရေးရဲ့) သိမ်းပိုက်မှု အဆုံးသတ်ရေးဆိုတဲ့ ပါလက်စတိုင်းတွေရဲ့ အကျိုးစီးပွားကို ​ဦးစားပေးပြီး (အာရပ်နိုင်ငံတွေ) ညီညီညွတ်ညွတ်နဲ့ လုပ်ဆောင်မယ်ဆိုရင် ပိုကောင်းလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်”

အစ္စရေးနဲ့ ဆက်ဆံမှုတည်ဆောက်ရေးမှာ အမြင်ကွဲပေမယ့် ပါလက်စတိုင်းနဲ့ အစ္စရေး(ဇီယွန်ဝါဒီ)တို့ ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ အာရပ်နိုင်ငံတွေရဲ့ ပူးပေါင်းကြိုးပမ်းမှုကတော့ ဆက်ရှိနေမှာဖြစ်ကြောင်း၊ မိမိနိုင်ငံအတွက် အကောင်းဆုံးဖြစ်စေမယ့် ဆုံးဖြတ်ချက်မျိုး ချမှတ်တာဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အပေါ်မှာသာ မူတည်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ယူအေအီးအစိုးရ တာဝန်ရှိသူတွေကတော့ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေ အဆုံးပြီး လွတ်လပ်တဲ့ ပါလက်စတိုင်းနိုင်ငံ ပေါ်ပေါက်လာမှသာ အစ္စရေးနဲ့ ဆက်ဆံရေးထူထောင်မယ်လို့ ပြောကြားထားပါတယ်။

ဆော်ဒီ၊ ယူအေအီး၊ ဘာရိန်းနဲ့ အီဂျစ်တို့က ကာတာနိုင်ငံအပေါ် ၂၀၁၇ ခုနှစ်စတင်ပြီး အဆက်အသွယ်ဖြတ်တောက် ပိတ်ဆို့ထားမှုဟာ ဘယ်နိုင်ငံမှ အကျိုးမရှိတဲ့ကိစ္စဖြစ်ပြီး သိပ်မကြာခင်မှာ ပြီးဆုံးလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ယူအေအီး နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

******************************************

END / 251