အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : Myanmar Muslim Media
အင်္ဂါနေ့

၂၄ နိုဝင်ဘာ ၂၀၂၀

၂၀:၀၆:၀၀
1089192

ထိန်းသိမ်း ခံထားရတဲ့ ဝီဂါ မွတ်စလင်နှစ်ဦးရဲ့ အခြေအနေ ကိုရှင်းလင်း ဖော်ပြဖို့ ဆော်ဒီကို လူ့အခွင့် အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ တောင်းဆို

၂၀၂၀ နိုဝင်ဘာ ၂၀ရက်နေ့က ဆော်ဒီမှာဖမ်းဆီးခံခဲ့ရတဲ့ တရုတ်ဝီဂါမွတ်စလင်နှစ်ဦးရဲ့ အခြေအနေကို ဆော်ဒီအာဏာပိုင်တွေအနေနဲ့ ချက်ခြင်းရှင်းရှင်းလင်းလင်းဖော်ပြဖို့နဲ့ သူတို့ကိုဖမ်းဆီးရတဲ့ အခြေခံအကြောင်းရင်းတွေကို ရှင်းလင်းဖော်ပြသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ ဆော်ဒီအာဏာပိုင်တွေအနေနဲ့ ဒီအမျိုးသားနှစ်ဦးကို တရားလက်လွတ်ဖမ်းဆီးမှုတွေ နှိပ်စက်မှုအန္တရာယ်တွေရှိနိုင်တဲ့ တရုတ်ဆီအတင်းအဓ္ဓမပြန်ပို့တာမျိုးမလုပ်သင့်ကြောင်း အဖွဲ့ကတိုက်တွန်းထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ


၂၀၂၀ နိုဝင်ဘာ ၂၀ရက်နေ့က ဆော်ဒီမှာဖမ်းဆီးခံခဲ့ရတဲ့ တရုတ်ဝီဂါမွတ်စလင်နှစ်ဦးရဲ့ အခြေအနေကို ဆော်ဒီအာဏာပိုင်တွေအနေနဲ့ ချက်ခြင်းရှင်းရှင်းလင်းလင်းဖော်ပြဖို့နဲ့ သူတို့ကိုဖမ်းဆီးရတဲ့ အခြေခံအကြောင်းရင်းတွေကို ရှင်းလင်းဖော်ပြသင့်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။ ဆော်ဒီအာဏာပိုင်တွေအနေနဲ့ ဒီအမျိုးသားနှစ်ဦးကို တရားလက်လွတ်ဖမ်းဆီးမှုတွေ နှိပ်စက်မှုအန္တရာယ်တွေရှိနိုင်တဲ့ တရုတ်ဆီအတင်းအဓ္ဓမပြန်ပို့တာမျိုးမလုပ်သင့်ကြောင်း အဖွဲ့ကတိုက်တွန်းထားပါတယ်။


ဒီဖမ်းဆီးမှုတွေဟာ ဆော်ဒီကဦးစီးကျင်းပတဲ့ ဂျီ၂၀ အစည်းအဝေးပွဲအကြိုနေ့မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အစိုးရဆန့်ကျင်သူတွေ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတွေကို ဆော်ဒီရဲ့ ဖမ်းဆီးထောင်ချတာတွေအပါအဝင် အခြေခံလွတ်လပ်ခွင့်တွေပေါ်မှာ ဆန့်ကျင်တိုက်ခိုက်မှုတွေ ယီမင်ကအရပ်သားတွေအပေါ် ဥပဒေမဲ့တိုက်ခိုက်မှုတွေ နဲ့ ဆော်ဒီဂျာနယ်လစ်ခါရှိုဂီကိုသတ်ဖြတ်မှုတွေစတဲ့ အရေးကိစ္စတွေအဆုံးသတ်ဖို့ ဂျီ၂၀ အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ဆော်ဒီကိုဖိအားပေးသွားဖို့ ဒီမတိုင်ခင်တုန်းကလည်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က တိုက်တွန်းပြောကြားနေခဲ့တာ ဖြစ်ပါတယ်။


ဂျီ၂၀စည်းဝေးပွဲလက်ခံကျင်းပမှုကနေ လူသိရှင်ကြားအပြုသဘောဆောင်တဲ့သဘောထားတွေ ရရှိဖို့ ဆော်ဒီရဲ့ရည်ရွယ်ကြိုးပမ်းမှုတွေဟာ ဝီဂါမွတ်စလင်တွေကို ဖိနှိပ်မှုတွေရှိနေတဲ့ တရုတ်ဆီအတင်းအဓ္ဓမပြန်ပို့တာမျိုးလုပ်မယ်ဆိုရင် ဒီအခြေအနေအများကြီးထိခိုက်သွားစေမှာဖြစ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အရှေ့အလယ်ပိုင်းဒါရိုက်တာ ဂျိုးစတော့ခ်က ပြောကြားခဲ့ပါတယ်။ “ထိန်းသိမ်းခံထားရတဲ့ဝီဂါမွတ်စလင်တွေရဲ့အခြေအနေဘယ်လိုရှိတယ်ဆိုတာနဲ့ ဘာကြောင့်ဖမ်းဆီးခဲ့လဲဆို တာ ဆော်ဒီအာဏာပိုင်တွေအနေနဲ့ ရှင်းရှင်းလင်းလင်းဖော်ပြသင့်ပါတယ်” လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။


ဆော်ဒီအာဏာပိုင်တွေက ဝီဂါမွတ်စလင်ဘာသာရေးပညာရှင် ဟမ်ဒုလ္လာအဗ္ဗဒူဝါလီ ၅၂နှစ်ကို သူ့မိတ်ဆွေ နူရ်မီမက်ရိုဇီနဲ့အတူ နိုဝင်ဘာ၂၀ရက်နေ့က မက္ကာမြို့မှာဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ကြောင်း ဆော်ဒီကဝီဂါမွတ်စလင်အသိုင်းအဝန်းနဲ့ အဆက်ဆံရှိသူ ဝီဂါတက်ကြွလှုပ်ရှားသူ အဗ္ဗဒူဝါလီအာယွဗ်က လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ကို ပြောကြားခဲ့ပါတယ်။ ရိုဇီဟာ မိသားစုဝင်တစ်ဦးနဲ့အဆက်အသွယ်ရခဲ့ပြီး သူတို့ကို ဂျေဒက်ဟ်မြို့ရဲ့ ဘူရိုင်မန် အကျဉ်းထောင်မှာဖမ်းဆီးထားကြောင်းနဲ့ အန္တရာယ်ရှိနေတယ်လို့ ပြောကြားခဲ့တယ်လို့ အာယွတ်ဗ်ကပြန်ပြောပြပါတယ်။ သူတို့နှစ်ဦးစလုံးဟာ တူရကီမှာနေထိုင် သူတွေဖြစ်ပါတယ်။


အဗ္ဗဒူဝါလီဟာ ဘာသာရေးဝတ်ပြုမှုခရီးစဉ်အနေနဲ့ ဆော်ဒီကို ဖေဖေါ်ဝါရီတုန်းကရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ဇင်ကျန်းပြည်နယ်က ဝီဂါတွေနဲ့မွတ်စလင်တွေ ရဲ့အခြေအနေတွေအတွက် ဆုတောင်းပေးဖို့နဲ့ တရုတ်ကျူးကျော်သူတွေကို လက်နက်ကိုင်ပြီးတွန်းလှန်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ပြီးကတည်းက ပုန်းနေခဲ့ရတာဖြစ်ကြောင်း သတင်းအရင်းအမြစ်တွေကဆိုပါတယ်။ တရုတ်အာဏာပိုင်တွေက သူ့ကိုဖမ်းဆီးပြန်ပို့ဖို့ ဆော်ဒီကိုတောင်းဆိုမှာကို ကြောက်နေကြောင်း အဗ္ဗဒူဝါလီက Middle East Eye ကို နိုဝင်ဘာ အစောပိုင်းတုန်းကပြောကြားခဲ့ပါတယ်။ အဗ္ဗဒူဝါလီရဲ့ တရုတ်ပတ်စ်ပို့ တူရကီမှာနေထိုင်ကြောင်းကတ် နဲ့ ဆော်ဒီဗီဇာအချက်အလက်တွေကိုပါ Middle East Eye သတင်းဌာနကဖော်ပြခဲ့ပါတယ်။


၂၀၁၉ ဖေဖေါ်ဝါရီမှာ ဆော်ဒီအိမ်ရှေ့စံမင်းသားမိုဟာမက်ဘင်ဆလ်မန် တရုတ်ကိုသွားရောက်တဲ့ခရီးစဉ်မှာ ဇင်းကျန်းပြည်နယ်အရေးနဲ့ပတ်သက်ပြီး တရုတ်အစိုးရရဲ့ပေါ်လစီတွေကိုကန့်ကွက်ခဲ့ခြင်းမရှိခဲ့ပါဘူး။ “အကြမ်းဖက်ဝါဒကိုနှိမ်နင်းရေး နိုင်ငံလုံခြုံရေးအတွက်အစွန်းရောက်ဝါဒနှိမ်နင်းမှုတွေအပေါ်မှာ တရုတ်ရဲ့လုပ်ပိုင်ခွင့်ကို ကျွန်တော်တို့လေးစားသလို အားပေးထောက်ခံပါတယ် လို့အိမ်ရှေ့စံမင်းသား ပြောဆိုခဲ့တဲ့စကားကို ကိုးကားပြီး တရုတ်ရဲ့စင်ဟွာသတင်း ဌာနကဖော်ပြခဲ့ပါတယ်။ တရားလက်လွတ်ဖမ်းဆီးမှုတွေ နှိပ်စက်မှုတွေ နဲ့ လွတ်လပ်တဲ့တရားရေးမရှိတဲ့ တရုတ်ရဲ့မှတ်တမ်းတွေကြောင့် သူတို့နှစ်ဦးကိုပြန်ပို့လိုက်ရင် အဗ္ဗဒူဝါလီနဲ့ နူရ်မီမက်တို့ နှိပ်စက်ခံရနိုင်တဲ့အန္တရာယ်တွေရှိနေပါတယ်။


အပြည်ပြည်ဆိုင်ရာဖမ်းဆီးထိန်းသိမ်းမှုဆိုင်ရာဥပဒေအောက်မှာ နှိပ်စက်မှုတွေကိုဆန့်ကျင်ထားသလို ဆော်ဒီအနေနဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေကို ဖိနှိပ်ခံရမှုတွေ နှိပ်စက်ခံရမှုတွေနဲ့ တစ်ခြားဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်မှုအန္တရာယ်ရှိနိုင်တဲ့ နေရာကို အတင်းအဓ္ဓမပြန်ပို့ပိုင်ခွင့်မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်း နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်ပြီး ဝီဂါတွေအတင်းအဓ္ဓပြန်ပို့ခံရတဲ့ ဖြစ်ရပ်တွေလည်းရှိခဲ့ပါတယ်။ ၂၀၁၇ခုနှစ် ဇူလိုင်မှာ အီဂျစ်က ဝီဂါ ၆၂ဦးကိုထိန်းသိမ်းခဲ့ပြီး ၁၂ဦးကိုတရုတ်ပြည်ပြန်ပို့ခဲ့ပါတယ်။ ၂၀၁၅ခုနှစ် သြဂုတ်မှာ ထိုင်းက ဝီဂါမွတ်စလင် ၂၂၀ဦးကို တရုတ်ပြည်ပြန်ပို့ခဲ့ပါတယ်။ ၂၀၁၂ခုနှစ် ဒီဇင်ဘာမှာ မလေးရှားက ဝီဂါမွတ်စလင် ၆ဦးကို တရုတ်ပြည်ပြန်ပို့ခဲ့ပါတယ်။ ပြန်ပို့ခံရတဲ့သူတွေဘယ်နေရာရောက်နေလဲဆိုတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့က ထိုင်း မလေးရှား ဒါမှမဟုတ် တရုတ်အစိုးရဆီကနေ နောက်ထပ်သတင်းအချက်တွေရရှိခဲ့ခြင်းမရှိပါဘူး။


“တရုတ်ရဲ့အဖိနှိပ်ခံဝီဂါမွတ်စလင်အရေးနဲ့ပတ်သက်ပြီး မိုဟာမက်ဘင်ဆလ်မန်ရဲ့ သိသာတဲ့အားပေးထောက်ခံမှုတွေနဲ့တင်တော်တော်ဆိုးနေပါပြီ သူ့အစိုးရအနေနဲ့ကတော့ ဝီဂါမွတ်စလင်တွေကို တရားလွတ်ဖမ်းဆီးမှုတွေ နှိပ်စက်မှုအန္တရာယ်တွေရှိတဲ့နေရာ ပြန်ပို့ပြီးတိုက်ရိုက်အခန်းကဏ္ဍကပါဝင်တာမျိုး မလုပ်သင့်ပါဘူး” လို့စတော့ခ်ကပြောကြား ခဲ့ပါတယ်။


Hrw.org သတင်းဌာနပါ “Saudi Arabia: Clarify Status of Uyghur Detainees” အမည်ဖြင့်ဖော်ပြထားသည့် သတင်းကိုညောင်နီရွက်(Myanmar Muslim Media) ကမြန်မာဘာသာသို့ဆီလျော်အောင်ပြန်ဆိုသည်။


******************************************
END / 251