အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Mediagroup
အင်္ဂါနေ့

၂၄ နိုဝင်ဘာ ၂၀၂၀

၂၀:၁၈:၃၆
1089194

အစ္စရေး (ဇီယွန်) ဝန်ကြီးချုပ် နေတန်ယာဟု ဆော်ဒီ သို့ လျှို့ဝှက် သွားရောက် ခဲ့

အစ္စရေး (ဇီယွန်) ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုဟာ မနေ့က ဆော်ဒီအာရေဗျကို တိတ်တဆိတ် သွားရောက်ခဲ့ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၊ ကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်းဟစ်စလာမ် အဗ်နာ) သတင်းဌာနာ

အစ္စရေး (ဇီယွန်) ဝန်ကြီးချုပ် ဘင်ယာမင် နေတန်ယာဟုဟာ မနေ့က ဆော်ဒီအာရေဗျကို တိတ်တဆိတ် သွားရောက်ခဲ့ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်၊ ကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုတို့နဲ့ တွေ့ဆုံခဲ့တယ်လို့ အစ္စရေးမီဒီယာတွေက ဖော်ပြပါတယ်။

အစ္စရေး(ဇီယွန်) အစိုးရအဖွဲ့ရဲ့ ပညာရေးဝန်ကြီးက ဒီသတင်းကို အတည်ပြုခဲ့ပြီး ဒါဟာ အံ့ဩလောက်ဖွယ် အောင်မြင်မှုတစ်ရပ် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

အာရပ်နိုင်ငံတွေနဲ့ အစ္စရေးတို့ ပုံမှန်ဆက်ဆံမှုတည်ဆောက်ရေး အမေရိကန်က ကြိုးပမ်းအားထုတ်နေစဉ်မှာ ဆော်ဒီနဲ့ အစ္စရေးအစိုးရတို့က ထိပ်တန်းပုဂ္ဂိုလ်တွေ တွေ့ဆုံဆွေးနွေးခဲ့တယ်ဆိုတာ ပထမဆုံးအကြိမ် သတင်းထွက်လာတာပါ။

အစ္စရေး (ဇီယွန်) ထောက်လှမ်းရေးအဖွဲ့ မိုဆာ့ဒ်ရဲ့ အကြီးအကဲ ယိုဆီကိုဟင်လည်း ​ဆွေးနွေးပွဲကို တက်ရောက်ခဲ့တယ်လို့ အစ္စရေးစစ်တပ် ရေဒီယိုက ဖော်ပြပါတယ်။

တွေ့ဆုံဆွေးနွေးပွဲဟာ ပင်လယ်နီနားက ကမ်းရိုးတမ်းမြို့ နီအွမ်မှာ ဖြစ်ခဲ့တာပါ။ အစ္စရေး (ဇီယွန်) မီဒီယာတွေက နေတန်ယာဟု ပြည်ပခရီးစဉ်တွေမှာ ပုံမှန်အသုံးပြုလေ့ရှိတဲ့ ပုဂ္ဂလိက ဂျက်လေယာဉ် ပျံသန်းမှုအချက်အလက်တွေကို ကိုးကားပြီး ဒီလိုဖော်ပြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ်ရုံးနဲ့ အမေရိကန်သံရုံးတို့က ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ ယူ​အေအီး၊ ဘာရိန်းနဲ့ ဆူဒန်တို့ဟာ အစ္စရေးနဲ့ ပုံမှန်ဆက်ဆံရေးတည်ဆောက်ခဲ့ပါတယ်။ အမေရိကန်က အာရပ်နဲ့ မွတ်စလင်ကမ္ဘာက အခြားနိုင်ငံတွေလည်း ဒီလမ်းစဉ်ကို လိုက်ဖို့ မျှော်လင့်တယ်လို့ ပြောကြားထားပါတယ်။

ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး မင်းသား ဖိုက်ဆဲလ် ဘင် ဖာရ်ဟန် အလ် ဆာအွဒ်က အစ္စရေး (ဇီယွန်) နဲ့ ဆက်ဆံရေးထူထောင်တာကို အရင်ကတည်းက ထောက်ခံအားပေးပေမယ့် အစ္စရေး (ဇီယွန်) နဲ့ ပါလက်စတိုင်းတို့အကြား ငြိမ်းချမ်းရေးရဖို့က ပထမဦးစားပေးဖြစ်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်မှာ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့လ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ အစ္စရေး (ဇီယွန်) နဲ့ ဆက်ဆံရေးတည်ဆောက်ဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး ပွမ်ပီယိုက တိုက်တွန်းခဲ့ပါတယ်။

******************************************
END / 251